အမေရိကန်၌ အိုမီခရွန်ဗီဇပြောင်း ရောဂါပိုး ကူးစက်မှုက ထိန်းမရဖြစ်နေဟု တရုတ်ဆို

အမေရိကန်၌ အိုမီခရွန်ဗီဇပြောင်း ရောဂါပိုး ကူးစက်မှုက ထိန်းမရဖြစ်နေဟု တရုတ်ဆို

အမေရိကန်နိုင်ငံ၌ ဖြစ်ပွားနေသော အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက် မှုသည် ထိန်းမရသည့် အခြေအနေဖြစ်နေပြီး ထိုအချက်သည် ၂ဝ၂၁ ခုနှစ်တွင် အမေရိကန်အစိုးရ၏ ကြီးမားသောကျရှုံးမှုလေးခု အနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း တရုတ်ဒုတိယ နိုင်ငံခြားရေးဝန်ကြီး လီယုချန်းက ပြောသည်။

လီယုချန်းသည် ပေကျင်းမြို့ရှိ ရန်မင်း တက္ကသိုလ်၌ ဇန်နဝါရီ ၁၈ ရက်တွင်ပြုလုပ် သောဖိုရမ်၌ ယခုကဲ့သို့ပြောခြင်းဖြစ်ကာ အမေရိကန်အစိုးရ၏ ပြီးခဲ့သည့်နှစ်အတွင်း ကြီးမားသော ကျရှုံးမှုများ အကြောင်းကိုလည်း ဝေဖန်ပြောဆိုထားသည်။

အဆိုပါကျရှုံးမှုများမှာ လွှတ်တော်စီးနင်းခံရမှု၊ အမေရိကန်တပ်များ ထွက်ခွာသွား သည့်အတွက် ကဘူးမြို့ကျရှုံးမှုနှင့် ငွေကြေး ဖောင်းပွမှုတို့ဖြစ်သည်ဟု လီယုချန်းက ပြော သည်။

ပြီးခဲ့သည့်နှစ်စပိုင်းမှာပင် အမေရိကန် လွှတ်တော်အဆောက်အအုံ  စီးနင်းခံရကြောင်း၊ ထို့နောက် ကဘူးတွင် အမေရိကန် တပ်များရှုံးနိမ့်မှုနှင့် အာဖဂန်နစ္စတန်နိုင်ငံကို ပရမ်းပတာ အခြေအနေများနှင့်သာ ထားခဲ့သည်ကို တစ်ကမ္ဘာလုံး အသိဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ၌ ငွေကြေးဖောင်းပွမှုသည်လည်း နှစ်ပေါင်း ၄ဝ အတွင်းအမြင့်ဆုံးသို့ ရောက်ရှိလာကာ ဥရောပသည်လည်း ထိုသို့သော စိန်ခေါ်မှုမျိုးနှင့်ရင်ဆိုင်နေရကြောင်း  လီယုချန်းက ပြောထားသည်။

အလားတူ  ယခုလတွင် အမေရိကန်နိုင်ငံ၌   တစ်ရက်အတွင်း   ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ တစ်သန်းခွဲအထိ ရှိသည်ကိုကြည့်ခြင်းအားဖြင့် အမေရိကန် အစိုးရသည် နိုင်ငံအတွင်း ရောဂါပိုး ကူးစက်ပျံ့နှံ့မှုအပေါ် ထိန်းချုပ်နိုင်ခြင်း မရှိသည်ကို တွေ့ရကြောင်း ၎င်းကဆက်ပြောသည်။

ကမ္ဘာ့စီးပွားရေး အင်အားကြီးနှစ်နိုင်ငံ  ဖြစ်သည့် တရုတ်နှင့် အမေရိကန်တို့သည် ကပ်ရောဂါထိန်းချုပ်ရေး ဆောင်ရွက်ရာတွင် လွန်စွာကွဲပြားခြားနားနေပြီး တရုတ်နိုင်ငံက နယ်စပ်ဒေသများမှစ၍ ရောဂါပိုးကိုအမြစ် ဖြတ်ချေမှုန်းနေစဉ် အမေရိကန်က  ကပ်ရောဂါနှင့်အတူ ယှဉ်တွဲနေထိုင်ရေးကို ဦးစား ပေး လုပ်ဆောင်နေကြောင်း သိရသည်။