တရားလွှတ်တော်ရှေ့နေများ ကောင်စီ၏ ပထမအကြိမ် အစည်းအဝေးကျင်းပ

နေပြည်တော် စက်တင်ဘာ ၂၂

တရားလွှတ်တော်ရှေ့နေများ ကောင်စီ၏ ပထမအကြိမ်အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် ဠငိနသ ဃသည်နမနညခငညါ ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် တရားလွှတ်တော်ရှေ့နေများ ကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး က တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေအရ ဥပဒေပညာသင်ကြားရေး အခွင့်အလမ်းများပေးခြင်း၊ သင်တန်းများဖွင့်လှစ်ခြင်းနှင့် စာမေးပွဲများ ကျင်းပခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်၍ ယနေ့တိုးတက်ပြောင်းလဲလာသော   ဥပဒေနယ်ပယ်သစ်များအတွက် ဘာသာရပ်အလိုက် ကျွမ်းကျင်သည့် တရားလွှတ်တော်ရှေ့နေ(ဥပမာ-လူမွဲခံယူခြင်းဆိုင်ရာရှေ့နေ၊ အသိဉာဏ်ပစ္စည်းဆိုင်ရာရှေ့နေ၊ အလုပ်အကိုင်ဆိုင်ရာရှေ့နေ၊ ကုမ္ပဏီနှင့်   စီးပွားရေးအဖွဲ့အစည်းများ ဆိုင်ရာရှေ့နေ၊   အခွန်ဆိုင်ရာရှေ့နေ၊   အိမ်ထောင်မှုအခွင့်အရေးဆိုင်ရာရှေ့နေ)များ ပေါ်ပေါက်လာရေး အစီအစဉ်များ ချမှတ်ဆောင်ရွက်သင့်ကြောင်း၊   တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများတွင် တရားရုံး၊ ဥပဒေရုံး၊ တရားစွဲအဖွဲ့အစည်းများနှင့်အတူ   မိမိတို့တာဝန်ရှိသည့် ကဏ္ဍအလိုက် တရားမျှတမှုကို ရှေးရှု၍ ပူးပေါင်းဆောင်ရွက်နိုင်ကြရေး အတွက်လည်းကောင်း၊ တရားလွှတ်တော်ရှေ့နေများ၏ မှန်ကန်သည့်လုပ်ငန်းဆောင်ရွက်မှုများအပေါ်  ပိုမိုတာဝန်ခံနိုင်ရန်လည်းကောင်း  တရားလွှတ်တော်ရှေ့နေများ ကောင်စီအနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန် ဖြစ်ကြောင်း ပြောကြားသည်။

အစည်းအဝေးတွင်  တရားလွှတ်တော်ရှေ့နေများ အရည်အသွေးမြင့်မားရေး ကိစ္စ၊ တရားလွှတ်တော်ရှေ့နေများ၏ ကျင့်ဝတ်သိက္ခာဆိုင်ရာ ကိစ္စ၊  တရားလွှတ်တော်ရှေ့နေလိုင်စင်ကိစ္စ၊ ရှေ့နေအသင်းမှတ်ပုံတင်ကိစ္စများ ဆွေးနွေးညှိနှိုင်း ခဲ့ကြကြောင်း သိရသည်။