သြစတြေးလျ၌ ကိုဗစ်-၁၉ ရောဂါကြောင့် တစ်ရက်အတွင်း သေဆုံးသူ အယောက်   ၈ဝ ဖြင့်စံချိန်တင်

သြစတြေးလျ၌ ကိုဗစ်-၁၉ ရောဂါကြောင့် တစ်ရက်အတွင်း သေဆုံးသူ အယောက်   ၈ဝ ဖြင့်စံချိန်တင်

သြစတြေးလျနိုင်ငံ၌ ဇန်နဝါရီ ၂၁ ရက်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် တစ်ရက်အတွင်း  သေဆုံးသူအယောက် ၈ဝ ဖြင့် စံချိန်တင်ကြောင်း သိရသည်။

သို့သော် လူဦးရေ အထူထပ်ဆုံး နယူးဆောက်ဝေး ပြည်နယ်၌ ကိုဗစ်-၁၉ ရောဂါကြောင့် ဆေးရုံတက်ရောက်မှု အနည်းငယ် ကျဆင်းကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဒိုမစ်နစ်ပီရော့တတ်က ပြောသည်။

ယခင်က ကိုဗစ်-၁၉ ရောဂါကြောင့် တစ်ရက်အတွင်း လူအသေအပျောက် အများဆုံးသည် ဇန်နဝါရီ ၁၈ ရက်တွင်ဖြစ်ပြီး သေဆုံးသူ ၇၈ ဦးရှိသည်။

ဆစ်ဒနီမြို့တည်ရှိရာ နယူးဆောက်ဝေး ပြည်နယ်၌ သေဆုံးသူ ၄၆ ဦးရှိသည်။ ၎င်းတို့အနက် ဒီဇင်ဘာလတွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသော  ကလေးငယ် တစ်ဦးလည်း အပါအဝင်ဖြစ်သည်။

ပြည်နယ်ဝန်ကြီးချုပ် မာ့မက်ဂိုဝမ်က ဖေဖော်ဝါရီ  ၅  ရက်တွင် ပြည်နယ်ကို ပြန်လည်ဖွင့်လှစ်ပေးမည်ဟူသော ကတိပြုချက်ကို ရုပ်သိမ်းပြီးနောက်  ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါကြောင့် လူအများအပြား သေဆုံးသည့်သတင်း  ထွက်ပေါ်လာခြင်း ဖြစ်သည်။