စပိန်ကိုပါဒယ်ရေး ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ် အဆင့်တွင် ရီးယဲလ်မက်ဒရစ်နှင့် ဘီလ်ဘာအိုအသင်းတို့ တွေ့ဆုံ

စပိန်ကိုပါဒယ်ရေး ဖလားပြိုင်ပွဲ  ကွာတားဖိုင်နယ် အဆင့်ပွဲစဉ်များမဲခွဲမှုအပြီးတွင်   ရီးယဲလ်မက်ဒရစ်အသင်းနှင့် ဘီလ်ဘာအိုအသင်းတို့ ထိပ်တိုက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဘီလ်ဘာအိုအသင်းသည် စပိန်ကိုပါဒယ်ရေးဖလား ပြိုင်ပွဲ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် ဘာစီလိုနာအသင်းနှင့်တွေ့ဆုံခဲ့ရာတွင်  ၃ ဂိုး-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ယခုအခါတွင်လည်း ကွာတားဖိုင်နယ်အဆင့်၌ ရီးယဲလ်မက်ဒရစ် အသင်းနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ဘီလ်ဘာအိုအသင်းနှင့် ရီးယဲလ်မက်ဒရစ်အသင်း တို့သည် အနီးစပ်ဆုံး ပွဲစဉ်အဖြစ် ဇန်နဝါရီ ၁၇ ရက် က စပိန်စူပါဖလားဗိုလ်လုပွဲကစားခဲ့ရာတွင် ရီးယဲလ်မက်ဒရစ်အသင်းက ၂ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

စပိန်ကိုပါဒယ်ရေး ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့် တခြားပွဲစဉ်များအဖြစ် ဆိုစီဒက်အသင်းနှင့် ဘက်တစ်အသင်း၊ ဗလင်စီယာအသင်းနှင့် ကာဒစ်ဇ်အသင်း၊ ဗယ်လ်ကာနိုအသင်းနှင့် မာယော့ကာအသင်းတို့ ထိပ်တိုက်တွေ့ဆုံခဲ့ကြသည်။

ကိုပါဒယ်ရေး ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်များကို ဖေဖော်ဝါရီ ၃ ရက်တွင်ကစားမည် ဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းက ချန်ပီယံဆုဆွတ်ခူးရန် ထိပ်ဆုံးမှ ရေပန်းစားလျက် ရှိကြောင်း သိရသည်။                          

Ref;Marca