အကြမ်းဖက်အဖွဲ့အစည်းနှင့် မူးယစ်ဆေးဝါး

လူသားတို့၏ တိုးတက်ကြီးပွားရေးနှင့်အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိသည်မှာ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု ဖြစ်သည်။ မူးယစ်ဆေးဝါးကြောင့် လူငယ်လူရွယ်တို့ လမ်းမှားသို့ ရောက်သွားကြသည်။ မူးယစ်ဆေးဝါးကိုစွဲလမ်းစွာသုံးစွဲထားသဖြင့် မည်သည့် ပြစ်မှုမျိုးကိုမဆို ကျူးလွန်ရဲလာကြသည်။ မူးယစ်ဆေးဝါး သုံးစွဲရန်အတွက် ငွေကြေးရမည်ဆိုလျှင် ဘာမဆိုလုပ်ဆောင်ရန် ဝန်မလေးသော အနေအထားသို့ ရောက်လာကြသည်။ မူးယစ်ဆေးဝါး တရားမဝင်ရောင်းချသူများက လူငယ်များကို ပစ်မှတ်ထားလာကြသည်။

အချို့သောဒေသတွင် စာသင်ကျောင်းများ ပတ်ဝန်းကျင်သို့ပင်ရောက်ရှိလာနေကြောင်း သတင်းများ ထွက်ပေါ်လာသည်။

မူးယစ်ဆေးဝါး ပပျောက်ရေးကို အမျိုးသားရေး တာဝန်အဖြစ် ငါးနှစ်ကာလ၊ ငါးနှစ်ကာလများဖြင့် မဟာဗျူဟာ၊ နည်းဗျူဟာများ ချမှတ်ဆောင်ရွက် နေပါသည်။ မူးယစ်ဆေးဝါး အစ ဘိန်းစိုက်ပျိုးခြင်းက ဖြစ်သည့်အတွက်ဘိန်းအစားထိုးသီးနှံများ စိုက်ပျိုးနိုင်အောင် ဆောင်ရွက်ပေးနေသော်လည်း လုံးဝအောင်မြင်မှု ရရှိသည့် အခြေအနေသို့ မရောက်ရှိသေးပေ။ မူးယစ်ဆေးဝါးများ ထုတ်လုပ် ရောင်းဝယ်မှုများကား ရှိနေဆဲပင် ဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွင် မသိနားမလည်သော လူငယ်အချို့ကို စည်းရုံးသိမ်းသွင်းကာ အကြမ်းဖက်အဖျက်သမားများအဖြစ်သို့ ရောက်အောင် ဖန်တီးခဲ့ကြသည်။ ဆွဲဆောင်သိမ်းသွင်းသည့်လက်နက်မှာ မူးယစ်ဆေးဝါးဖြစ်ပြီး ဖမ်းဆီးရမိသော အကြမ်းဖက်အဖျက်သမားများတွင် ၈၀ ရာခိုင်နှုန်းမှာ မူးယစ်ဆေးစွဲနေသူများ ဖြစ်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်   နိုင်ငံတော်သာယာဝပြောရေးနှင့်  စားရေရိက္ခာဖူလုံရေးကို ဦးတည် လုပ်ဆောင်နေသည့်အပြင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး ကိုလည်း ဦးတည်ချက် ချမှတ် ဆောင်ရွက်နေသည်။ ကျန်းမာကြံ့ခိုင်၍ ပညာရည်မြင့်မားသော လူငယ်လူရွယ်များဖြစ်လာစေရန်မှာ မူးယစ်ဆေးဝါး ကင်းစင်ရေးသည် အဓိကအချက်ဖြစ်သည်။ ထို့ကြောင့် မူးယစ်ဆေးဝါးပပျောက်ရေးကိုအမျိုးသားရေး တာဝန်အဖြစ် ဆက်လက် ဆောင်ရွက်နေပြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်နေခြင်းနှင့်အတူ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိရေးကိုလည်း လုပ်ဆောင်နေပါသည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ ရက်မှ ၁၄ ရက်အထိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရရှိမှုများမှာ အားရကျေနပ်ဖွယ် ကောင်းလှသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ဇန်နဝါရီ ရက် နာရီတွင် မြစ်ကြီးနားမြို့၌ ငွေကျပ်သိန်း ၅၉၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသည်။

ဇန်နဝါရီ  ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ်၌ ငွေကျပ် ၁၇ ဒသမ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိခြင်းတွင် တန့်ယန်းမြို့နယ် မိုင်းကောင်မှတောင်ကြီးသို့သယ် ဆောင်ခြင်းဖြစ်သည်။ ဇန်နဝါရီ ၁၀ ရက် ညနေ နာရီတွင် ပြင်ဦးလွင်မြို့နယ်၌ ငွေကျပ်သိန်း ၈၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိသည်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ စစ်ကိုင်းတိုင်းဒေသကြီးသို့ ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။  ဇန်နဝါရီ ၁၀ ရက် ညနေ ၅နာရီခွဲတွင် နောင်ချိုမြို့နယ်၌ ငွေကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခြင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ရန်ကုန်တိုင်း ဒေသကြီးသို့ သယ်ဆောင်ခြင်း ဖြစ်သည်။ ဇန်နဝါရီ ၁၀ ရက်နံနက် နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် ၂၄ ဒသမ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်း ဖြစ်သည်။ ဇန်နဝါရီ ၁၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ရန်ကုန်-မန္တလေးသွားကားလမ်း ဇလဲကျေးရွာအနီးတွင် ငွေကျပ် ၁၉ ဒသမ ဘီလီယံတန်ဖိုးရှိ  အိုက်စ်  (မက်သ်အဖက်တမင်းများ) ဖမ်းဆီးရမိသည်။ အဆိုပါ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ ကရင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်သည်။ ဇန်နဝါရီ ၁၄ ရက် နာရီတွင် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ် လယ်ကြီးပူးပေါင်းစစ်ဆေးရေး စခန်းတွင် ငွေကျပ်သိန်း ၄၉၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိပြီး အဆိုပါဘိန်းဖြူများကို ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ကချင်ပြည်နယ်သို့ သယ်ဆောင်ခြင်း ဖြစ်သည်။ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုမှာ  အားရဖွယ် ကောင်းလှပြီး လူသားတို့အသက်ကို ကယ်တင်လိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံရှိ  အကျဉ်းထောင်များတွင်  အကျဉ်းသားဦးရေ၏ ၄၈ ရာခိုင်နှုန်းမှာ မူးယစ်ဆေးဝါး သုံးစွဲသူများနှင့် ဆက်စပ်အမှုကျူးလွန်သူများ ဖြစ်သည်။ မြစ်ကြီးနား၊ လားရှိုးစသည့် အချို့သော အကျဉ်းထောင်များတွင် မူးယစ်ဆေးမှုကြောင့်ကျသည့် အကျဉ်းသားရာခိုင်နှုန်းမှာ ၈၀ ရာခိုင်နှုန်းဖြစ်ကြောင်း သိရှိရသည်။ မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ ဖြန့်ဖြူးမှုနှင့် ရောင်းဝယ်မှုများသည် အခြားသောအုပ်စုဖွဲ့မှုခင်းများ ဖြစ်သည့် ငွေကြေးခဝါချခြင်း၊ အကျင့်ပျက်ခြစားခြင်းနှင့် မူးယစ်ဆေးဝါးထုတ်လုပ် ဖြန့်ဖြူးသော လုပ်ငန်းကို အားပေးသည့် အခြားသော ရာဇဝတ်မှုများနှင့်   နီးစပ်စွာဆက်နွှယ်လျက်ရှိပါသည်။ အကြမ်းဖက် အဖွဲ့အစည်းများနှင့် မူးယစ်ဆေးဝါးသည် နိုင်ငံသားများအတွက် ကြီးမားသော အန္တရာယ်ဖြစ်ပေရာ ပြည်သူတစ်ရပ်လုံး ကအမျိုးသားရေး တာဝန်အဖြစ် တတ်စွမ်းနိုင်သည့်ဘက်မှ ဝိုင်းဝန်း ဆောင်ရွက်ကြရန်ဖြစ်ကြောင်း ရေးသား လိုက်ရပေသည်။