ယနေ့ဓာတ်ခွဲနမူနာ စုစုပေါင်း ၇၇၅၇  ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၁၁၂ ဦးတွေ့ရှိ ရောဂါပိုးတွေ့ရှိမှု ၁ ဒသမ ၄၄ ရာခိုင်နှုန်းရှိ

ယနေ့ဓာတ်ခွဲနမူနာ စုစုပေါင်း ၇၇၅၇  ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၁၁၂ ဦးတွေ့ရှိ ရောဂါပိုးတွေ့ရှိမှု ၁ ဒသမ ၄၄ ရာခိုင်နှုန်းရှိ

နေပြည်တော်  ဇန်နဝါရီ  ၂၃

ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြု လူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး  ၂၂-၁-၂ဝ၂၂ ရက် ည ၈ နာရီမှ ၂၃-၁-၂ဝ၂၂ ရက် ည ၈  နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၇၇၅၇ ခုအား  စစ်ဆေးပြီးစီးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁၁၂ ဦးတွေ့ရှိရသည်။ ထို့ကြောင့်  ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၁ ဒသမ ၄၄ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၆၂၇၄၁၈၅ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ၅၃၄ဝ၁၇ ဦးရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့် ရရှိသူ ၁၃၈ ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၅၁၂၂ဝ၁ ဦး ဆေးရုံမှ ဆင်းခွင့် ရရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ တစ်ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၉၃၁ဝ  ဦးရှိသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည် အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ ၂၂-၁-၂ဝ၂၂ ရက်အထိ လူဦးရေစုစုပေါင်း ၂၁၇၄၆၄၁၇ ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ ၁၈၂၅၄၉၉၂ ဦးနှင့် ပထမအကြိမ် ထိုးနှံပြီးစီးသူ ၃၄၉၁၄၂၅ ဦး  ရှိပြီဖြစ်သည်။

သို့ဖြစ်ပါ၍ ၂၂-၁-၂ဝ၂၂ ရက်အထိ မြန်မာနိုင်ငံတွင်  ကိုဗစ်-၁၉  ရောဂါကာကွယ် ဆေးအကြိမ်ရေ စုစုပေါင်း ၄ဝဝဝ၁၄ဝ၉ ကြိမ်ထိုးနှံပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။