ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် အချိန်ပိုသွင်းဂိုး အများဆုံး ကစားသမားအဖြစ် မန်ယူအသင်း တိုက်စစ်မှူး ရက်ဖို့ဒ် စံချိန်သစ်တင်

ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် အချိန်ပိုသွင်းဂိုး အများဆုံး ကစားသမားအဖြစ် မန်ယူအသင်း တိုက်စစ်မှူး ရက်ဖို့ဒ် စံချိန်သစ်တင်

မန်ယူအသင်းတိုက်စစ်မှူး ရက်ဖို့ဒ်သည် ဝက်စ်ဟမ်း အသင်းကို   ၁ ဂိုး-ဂိုးမရှိဖြင့်  အနိုင်ရရှိသည့်ပွဲစဉ်၌ အချိန်ပို နောက်ဆုံးမိနစ်တွင် အသင်းအတွက် အဖိုးတန် အနိုင်ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် အချိန်ပိုသွင်းဂိုး အများဆုံးကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ကြောင်း သိရသည်။

ရက်ဖို့ဒ်သည် မန်ယူအသင်းနှင့် ဝက်စ်ဟမ်းအသင်း တို့ကစားသည့်ပွဲစဉ်၌  ပွဲချိန် ၆၂ မိနစ်တွင် လူငယ် ကစားသမား အီလန်ဂါ၏နေရာ၌ လူစားဝင်ကစားသူဖြစ်ပြီး    ပွဲချိန် မိနစ် ၉ဝ ပြည့်မြောက်ပြီးနောက် နာကျင်အချိန်ပို သုံးမိနစ်ပေးခဲ့ရာ နောက်ဆုံးမိနစ်တွင် အသင်းဖော်  ကာဗာနီ၏ အကောင်းဆုံး ဖန်တီးပေးမှုမှ တစ်ဆင့်   အသင်းအတွက်   အဖိုးတန် အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ရက်ဖို့ဒ်သည် မန်ယူအသင်းနှင့်အတူ ဝက်စ်ဟမ်း အသင်းနှင့်ပွဲစဉ်၌  နာကျင်အချိန်ပိုတွင်  အဖိုးတန် အနိုင်ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက်  နာကျင်အချိန်ပိုတွင် သွင်းယူခဲ့သည့်သွင်းဂိုး လေးဂိုးအထိ ရှိလာခဲ့ပြီး လက်ရှိ အချိန်ထိ    ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် နာကျင်အချိန်ပိုသွင်းဂိုး အများဆုံး ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့အတူ   မန်ယူအသင်း သမိုင်းတစ်လျှောက်တွင်လည်း လူစားဝင်ပြီးနောက် အနိုင်ဂိုး သွင်းယူပေးခဲ့သည့်  တတိယမြောက် ကစားသမားအဖြစ်   မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။