ယနေ့ဓာတ်ခွဲအဖြေများတွင် COVID-19 ပိုးတွေ့လူနာ ၅၉၃ ဦးနှင့် သေဆုံးသူ ၁၇ ဦးထပ်တိုး

နေပြည်တော်  စက်တင်ဘာ  ၂၂

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့နံနက် ၈ နာရီ၊ ညနေ ၄ နာရီခွဲနှင့် ည ၈ နာရီတို့တွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက် များအရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာ ၅၉၃ ဦးနှင့် သေဆုံးသူ ၁၇ ဦး ထပ်တိုးကြောင်း သိရသည်။

အဆိုပါထုတ်ပြန်ချက်များတွင် (၂၁-၉-၂၀၂၀)ရက် ည ၈ နာရီမှ (၂၂-၉-၂၀၂၀)ရက် နံနက် ၈ နာရီအတွင်း COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန(ရန်ကုန်)(NHL)မှ ဒုတိယအသုတ်ဓာတ်ခွဲနမူနာ ၁၄၃၃ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)မှ ဒုတိယအသုတ်ဓာတ်ခွဲနမူနာ ၃၆၈ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်)မှ ဒုတိယအသုတ်ဓာတ်ခွဲနမူနာ ၁၉၈ ခု၊ ရန်ကုန်မြို့ အမှတ်(၁)တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၉၉၈ ခု စုစုပေါင်း ဓာတ်ခွဲ နမူနာ ၂၉၉၇ ခု တို့အား ထပ်မံစစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ် ၃၂၀ ဦးတွေ့ရှိသည်။

(၂၂-၉-၂၀၂၀)ရက် နံနက် ၈ နာရီအထိ ထပ်မံသေဆုံးသူနှစ်ဦးရှိ သည်။

(၂၁-၉-၂၀၂၀)ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသား ကျန်းမာ ရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL)မှ ဓာတ်ခွဲနမူနာ ၂၁၇၁ ခု၊ ဆေးသုသေသန ဦးစီးဌာန(DMR)မှ ဓာတ်ခွဲနမူနာ ၃၇၉ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန (မန္တလေး)မှ ဓာတ်ခွဲနမူနာ၇၄၃ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်)မှ ဓာတ်ခွဲနမူနာ ၃၈၄ ခု၊ ရန်ကုန်မြို့ အမှတ်(၁)တပ်မတော် ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၉၉၈ ခု၊ နေပြည်တော် ပြည်သူ့ ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၁၅ ခု၊ နေပြည်တော် အမှတ် (၂)တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၅၄၅ ခု၊ စစ်တွေမြို့ အမှတ်(၁၇) တပ်မတော်ဆေးရုံ ခုတင်-၁၀၀ မှ ဓာတ်ခွဲနမူနာ ခြောက်ခု၊ ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ ၁၁၅ ခု၊ ပြည်သူ့ဆေးရုံကြီး မူဆယ်မြို့မှ ဓာတ်ခွဲနမူနာရှစ်ခု၊ ပြည်သူ့ဆေးရုံကြီး ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ ၁၂ ခု၊ ပြည်သူ့ဆေးရုံကြီး ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ သုံးခု၊ ပြည်သူ့ဆေးရုံကြီး မြိတ်မြို့မှ ဓာတ်ခွဲနမူနာရှစ်ခု၊ ပြည်သူ့ဆေးရုံကြီး ဘားအံမြို့မှ ဓာတ်ခွဲနမူနာငါးခု၊ ပြည်သူ့ဆေးရုံကြီး ကျိုင်းတုံမြို့မှ ဓာတ်ခွဲ နမူနာသုံးခု၊ ပြည်သူ့ဆေးရုံကြီး ထားဝယ်မြို့မှ ဓာတ်ခွဲနမူနာတစ်ခု၊ ပြည်သူ့ဆေးရုံကြီး ပြည်မြို့မှ ဓာတ်ခွဲနမူနာ ကိုးခု၊ ပြည်သူ့ဆေးရုံကြီး မကွေးမြို့မှ ဓာတ်ခွဲနမူနာ ၁၂ ခု၊ ပြည်သူ့ဆေးရုံကြီး ပြင်ဦးလွင်မြို့မှ ဓာတ်ခွဲနမူနာ ခြောက်ခု၊ ပြည်သူ့ဆေးရုံကြီး တီးတိန်မြို့မှ ဓာတ်ခွဲနမူနာ ၁၁ ခုနှင့် ပြည်သူ့ဆေးရုံကြီး တာချီလိတ်မြို့မှ ဓာတ်ခွဲနမူနာနှစ်ခု စုစုပေါင်း ဓာတ်ခွဲနမူနာ ၅၄၃၆ ခုအား စစ်ဆေးခဲ့ခြင်းဖြစ်ပြီး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၆၆၆ ဦးတွေ့ရှိခဲ့သည်။(ဓာတ်ခွဲအတည်ပြုလူနာ ၃၄၆ ဦးတွေ့ရှိကြောင်းကို (၂၁-၉-၂၀၂၀)ရက် ည ၈ နာရီသတင်းတွင် ထုတ်ပြန်ပြီးဖြစ်သည်။)

(၂၁-၉-၂၀၂၀)ရက်အတွက် ဓာတ်ခွဲအတည်ပြုလူနာ ၆၆၅ ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (၂၂-၉-၂၀၂၀)ရက် နံနက် ၈ နာရီမှ ည ၈ နာရီအတွင်း COVID-19 ဓာတ်ခွဲ စစ်ဆေးချက်များအရ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာ ဌာန(ရန်ကုန်) (NHL)မှ ပထမအသုတ်ဓာတ်ခွဲနမူနာ ၁၀၁၇ ခု၊ ဆေးသုတေသန ဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၂၈၂ ခု၊ ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)မှ ပထမအသုတ်ဓာတ်ခွဲနမူနာ ၃၆၃ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်)မှ ပထမအသုတ်ဓာတ်ခွဲနမူနာ ၂၅၁ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန(တောင်ကြီး) မှ ပထမအသုတ် ဓာတ်ခွဲနမူနာ ၉၃ ခု၊    ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ ၁၁၁ ခု၊ ပြည်သူ့ဆေးရုံကြီး ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ လေးခု၊ ပြည်သူ့ဆေးရုံကြီး မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ ၂၄ ခု၊ ပြည်သူ့ဆေးရုံကြီး မြိတ်မြို့မှ ဓာတ်ခွဲနမူနာသုံးခု၊ ပြည်သူ့ဆေးရုံကြီး ပြည်မြို့မှ ဓာတ်ခွဲနမူနာခုနစ်ခု၊ ပြည်သူ့ဆေးရုံကြီး မြစ်ကြီးနားမြို့မှ ဓာတ်ခွဲနမူနာသုံးခု၊ ပြည်သူ့ဆေးရုံကြီး မြောင်းမြမြို့မှ ဓာတ်ခွဲနမူနာတစ်ခု၊ ပြည်သူ့ဆေးရုံကြီး တောင်ငူမြို့မှ ဓာတ်ခွဲနမူနာတစ်ခု၊ ပြည်သူ့ဆေးရုံကြီး မကွေးမြို့မှ ဓာတ်ခွဲနမူနာ ၁၁ ခု၊ ပြည်သူ့ဆေးရုံကြီး ဘားအံမြို့မှဓာတ်ခွဲနမူနာ ၁၅ ခု၊ ပြည်သူ့ဆေးရုံကြီး ဟားခါးမြို့မှ ဓာတ်ခွဲ နမူနာ ၂၀ ခု၊ ပြည်သူ့ဆေးရုံကြီး ပုသိမ်မြို့ မှ ဓာတ်ခွဲနမူနာ ၁၂ ခု၊ ပြည်သူ့ဆေးရုံကြီး မြဝတီမြို့မှ ဓာတ်ခွဲနမူနာရှစ်ခု၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင်-၁၀၀၀ မှဓာတ်ခွဲ နမူနာ ၂၀ ခုနှင့် နေပြည်တော် အမှတ်(၂)တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၂၅၃ ခု စုစုပေါင်း ၂၄၉၉ ခုအား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၂၇၃ ဦးတွေ့ရှိရသည်။

(၂၂-၉-၂၀၂၀)ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာ ၆၇၄၃ ဦးရှိပြီဖြစ်သည်။

ဓာတ်ခွဲအတည်ပြုလူနာဟောင်း (old confirmed case) များအနက် စုစုပေါင်း ၁၉၅၁ ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။

ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း ၁၁၅ ဦးရှိသည်။ (၂၁-၉-၂၀၂၀) ရက် မွန်းတည့် ၁၂ နာရီမှ (၂၂-၉-၂၀၂၀) ရက် မွန်းတည့် ၁၂ နာရီအတွင်း တွေ့ရှိ ရသောစောင့်ကြည့်လူနာအသစ် ၃၇၂ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။

(၅၀၀)