ကာရာဘောင်းဖလား ဗိုလ်လုပွဲတွင် လူငယ်ဂိုးသမား ကယ်လ်ဟာကိုသာ အသုံးပြုမည်ဖြစ်ကြောင်း လီဗာပူးအသင်းနည်းပြ ဂျာဂျင်ကလော့ အတည်ပြု

ကာရာဘောင်းဖလား ဗိုလ်လုပွဲတွင် လူငယ်ဂိုးသမား ကယ်လ်ဟာကိုသာ အသုံးပြုမည်ဖြစ်ကြောင်း လီဗာပူးအသင်းနည်းပြ ဂျာဂျင်ကလော့ အတည်ပြု

လီဗာပူးအသင်းနည်းပြ ဂျာဂျင်ကလော့က ကာရာဘောင်းဖလားပြိုင်ပွဲ ဗိုလ်လုပွဲတွင် နံပါတ်(၁)ဂိုးသမား အယ်လီဆန်ကို အသုံးပြုမည်မဟုတ်ဘဲ လူငယ်ဂိုးသမား ကယ်လ်ဟာကိုသာ အသုံးပြုမည်ဟု  အတည်ပြုပြော ကြားခဲ့ကြောင်း သိရသည်။

အသက် ၂၃ နှစ်အရွယ် ကယ်လ်ဟာသည် လက်ရှိ အချိန်  လီဗာပူးအသင်း၌  ဂိုးသမား  အယ်လီဆန် နောက်တွင် ဒုတိယဦးစားပေးဂိုးသမားအဖြစ် ပွဲထွက် ခွင့်ရရှိနေသူဖြစ်ပြီး  အယ်လီဆန်  ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက်  အနားယူနေခဲ့ရသည့် ပွဲစဉ်များ တွင်လည်း ပါဝင်ကစားခွင့်ရရှိပြီး လက်စွမ်းပြသနိုင် သူဖြစ်သည်။

ကာရာဘောင်းဖလားပြိုင်ပွဲ  ဆီမီးဖိုင်နယ်  ပထမ အကျော့ပွဲစဉ်အဖြစ် အာဆင်နယ်အသင်းနှင့် ပွဲစဉ်တွင် နည်းပြကလော့က ဂိုးသမားနေရာ၌ အယ်လီဆန်ကို အသုံးပြုခဲ့သော်လည်း ဒုတိယအကျော့ ပွဲစဉ်အဖြစ် ၂ ဂိုး - ဂိုးမရှိဖြင့်  အနိုင်ရရှိသည့်ပွဲစဉ်တွင်  ကယ်လ် ဟာကိုသာ အသုံးပြုခဲ့သည်။

အဆိုပါပွဲစဉ်တွင် ကယ်လ်ဟာအနေဖြင့် အကောင်းဆုံး လက်စွမ်းပြသနိုင်ခဲ့သည့်အတွက် နည်းပြကလော့ က ဗိုလ်လုပွဲတွင် အယ်လီဆန်ကိုချန်လှပ်ပြီး လူငယ် ဂိုးသမား ကယ်လ်ဟာကို အခွင့်အရေးပေးရန် ဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်။ ကာရာဘောင်းဖလား ဗိုလ်လုပွဲအဖြစ် ဖေဖော်ဝါရီ  ၂၈ ရက်တွင်  ချယ်လ်ဆီးအသင်းနှင့် လီဗာပူးအသင်းတို့  ယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်း သိရသည်။