ညောင်ဦးမြို့နယ်၌ မြေအောက်ရေ အသုံးပြု၍ ဖီးကြမ်းငှက်ပျော စိုက်ပျိုးမှုများလာ

ညောင်ဦးမြို့နယ်၌ မြေအောက်ရေ အသုံးပြု၍ ဖီးကြမ်းငှက်ပျော စိုက်ပျိုးမှုများလာ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာ အုပ်စုအတွင်း မြေအောက်ရေအသုံးပြု၍ ဖီးကြမ်းငှက်ပျော စိုက်ပျိုးသူများလာကြောင်း ဖီးကြမ်းငှက်ပျော စိုက်ပျိုးသူများ၏ ပြောပြချက်အရ သိရသည်။

ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေး ရွာအုပ်စုအတွင်းရှိ  ငှက်ပျော စိုက်ပျိုးသူများသည် ငှက်ပျောကို တပေါင်းနှင့် တန်ခူး လတို့တွင် စတင်စိုက်ပျိုးကြပြီး ထိုသို့စိုက်ပျိုး ရာတွင် ရောင်းအားကောင်းသည့် ဖီးကြမ်း ငှက်ပျောတစ်မျိုးတည်းသာ စိုက်ပျိုးကြခြင်း ဖြစ်သည်။ ဖီးကြမ်းငှက်ပျောကို  တစ်ပင်တစ် ကျင်းစိုက်ပျိုးခြင်း၊ တစ်ကျင်းနှစ်ပင်စိုက်ပျိုး ခြင်း၊ ကွက်စိပ်ချ စိုက်ပျိုးကြပြီး တစ်ပင်တစ်ကျင်း စိုက်ပျိုးသည့်သူများက သားတက် မထားကြဘဲ အပင်အားလုံး အသီးသီးပြီး လျှင်  အသစ်ပြန်စိုက်ကြသည်။  တစ်ကျင်း နှစ်ပင်စိုက်ပျိုးသူများမှာ  ငှက်ပျောသားတက် တစ်ပင်တစ်တက်ထားပြီး စိုက်ပျိုးကြကြောင်း သိရသည်။

ထွက်ရှိလာသည့် ဖီးကြမ်းငှက်ပျောများကို  ညောင်ဦး၊  ပခုက္ကူနှင့်  ကျောက်ပန်း တောင်းမြို့နယ်တို့ရှိ သစ်သီးရောင်းဝယ်သူများက ငှက်ပျောခြံအထိ လာရောက်ဝယ်ယူ ကြခြင်းဖြစ်ကြောင်း သိရသည်။