ကယားပြည်နယ်အတွင်း PDF အမည်ခံအကြမ်းဖက်သမားများကို ထောက်ပံ့ရန် စီစဉ် ထားသည့် လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်း ရမိ

ကယားပြည်နယ်အတွင်း PDF အမည်ခံအကြမ်းဖက်သမားများကို ထောက်ပံ့ရန် စီစဉ် ထားသည့် လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်း ရမိ

နေပြည်တော်၊ ဇန်နဝါရီ - ၂၅ 
    
အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG ၊CRPH နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် အချို့မြို့ကြီးများ၌ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန် လျက်ရှိပြီး ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း၌လည်း အများပြည်သူ တို့အသုံး ပြုလျက်ရှိသည့် လေဆိပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လွိုင်ကော် အကျဉ်းဦးစီးဌာန၊ အကျဉ်းထောင်သို့ လာရောက်နှောင့်ယှက်ပစ်ခတ်ခြင်း၊ မြို့နေပြည်သူ လူထုကို လူသားတံတိုင်းအဖြစ် အကာအကွယ်ပြု၍ ပစ်ခတ်တိုက်ခိုက်ခြင်းအပါအဝင်  အခြားအကြမ်းဖက်မှုလုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသောကြောင့် လုံခြုံရေး တပ်ဖွဲ့ ဝင်များအနေဖြင့် ကယားပြည်နယ်အတွင်း လိုအပ်သည့် လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
    
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၄ ရက် မွန်းလွဲ ၃ နာရီခန့်တွင် လွိုင်ကော် မြို့နယ်၊ ဘာဒိုကျေးရွာ အဆောက်အဦ ၁ လုံးအတွင်းမှ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့တွင် တရားဝင် မှတ်ပုံတင်ထားခြင်းမရှိသည့် အသင်းအဖွဲ့ ဆိုင်းဘုတ်ဖြစ်သော (AVSI) People For Development ကို မသင်္ကာဖွယ်တွေ့ရှိရသဖြင့် ဝင်ရောက်စစ်ဆေးခဲ့ရာ လက်ဆွဲအိတ် ၁၂၀ လုံး၊ ခေါက်ဆွဲထုတ် ၁၉၅၀ ထုပ်၊ ကွေကာအုပ် ၁၂၀ ထုပ်၊ အသားဘူးမျိုးစုံ ၇၆၀ ဘူး၊ ဆီ ၅၅၀ ဘူး၊ စောင် ၁၀၀ ထည်နှင့် ကုလားပဲ၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲ အစရှိသည့် လူသုံး ကုန်ပစ္စည်းမျိုးစုံကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ 
    
အဆိုပါ ပစ္စည်းများနှင့် ပတ်သက်၍ စိစစ်ချက်များအရ အကြမ်းဖက်လုပ်ရပ်များ ကို လုပ်ဆောင်လျက်ရှိသည့် PDF အမည်ခံအကြမ်းဖက်သမားများကို ထောက်ပံ့ရန်  လုပ်ဆောင်ထားခြင်းဖြစ်ကြောင်း စိစစ်သိရှိရပြီး တည်ဆဲဉပဒေများနှင့်အညီ လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
    
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကယားပြည်နယ်အတွင်း နယ်မြေတည်ငြိမ်အေး ချမ်းရေးအတွက် လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ဒေသခံ ပြည်သူလူထုများအနေဖြင့် မိမိတို့၏ ပတ်ဝန်းကျင်၌ အကြမ်းဖက်မှုများ ပြုလုပ်ရန် ကြံစည်နေမှုများ၊ အကြမ်းဖက်မှုများကို လုပ်ဆောင်ရန် တစ်နည်းနည်းဖြင့် အားပေး အားမြှောက်မှုများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရပါက လျှို့ဝှက်စွာ ဆက်သွယ်သတင်း ပေးပို့နိုင်ကြောင်းနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် ပူးပေါင်းဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံသတင်းထုတ်ပြန်အပ်ပါသည်။