အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် လက်မခံနိုင်သည့် ပြည်သူများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံကြောင်းနှင့် အကြမ်းဖက်အဖွဲ့များအား ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်

အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် လက်မခံနိုင်သည့် ပြည်သူများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံကြောင်းနှင့် အကြမ်းဖက်အဖွဲ့များအား ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်

နေပြည်တော်၊ ဇန်နဝါရီ - ၂၆
    
NUG၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် အလုံးစုံ ပျက်သုဉ်းရေးဦးတည်ချက်များဖြင့် အချို့သောဒေသများတွင် အေးချမ်းစွာနေ ထိုင်ကြသော ပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက် အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သော နေရာများ၌ မိုင်းထောင်ဖောက်ခွဲ မီးရှို့ဖျက်ဆီးခြင်းနှင့် ပစ္စည်းများအား လုယက်ခြင်း၊ ပုံစံမျိုး စုံဖြင့် သွေးထိုးလှုံ့ဆော်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လုပ် ဆောင်လျက်ရှိသည်။
    
ထိုသို့သော အကြမ်းဖက်သမားများ၏ အကြမ်းဖက် လုပ်ရပ်များကို လက်မခံနိုင်သော အေးချမ်းစွာနေထိုင်လိုသည့် ပြည်သူများက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဉပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီနှင့် မြန်မာ့တပ်မတော်အား ထောက်ခံပွဲကို ယနေ့တွင် တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့၌ ပြုလုပ်ကြပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံပါသည်၊ မြန်မာ့တပ်မတော်အား ထောက်ခံပါသည်၊ တပ်မတော် သဘောထား ဒို့အလေးထား၊ တပ်မတော်နှင့်အတူရပ်တည်မည်၊ မြန်မာ့ တပ်မတော်သည် ပြည်သူ့တပ်မတော်အမှန်ဖြစ်သည်၊ တိုင်းပြည်အေးချမ်းသာ ယာဖို့ တပ်မတော်ကိုထောက်ခံကြပါစို့၊ NUG၊ CRPH၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအားတိုက်ဖျက်ကြ၊ မြန်မာ့တပ်မတော်သည် ပြည်ထောင်စု ဖွားတိုင်းရင်းသားများအားလုံး စုပေါင်းပါဝင်သောတပ်မတော်ဖြစ်သည်၊ ပြည်ပ အားကိုးပုဆိန်ရိုး၊ အဆိုးမြင်များအား အလိုမရှိ”  စသည့် စာသားပါ ဆိုင်းဘုတ် များအား ကိုင်ဆောင် ကြွေးကြော်ခဲ့ကြသည်။

NUG၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက် လုပ်ရပ်များအပေါ် ရွံရှာစက်ဆုပ်ကြသည့် ပြည်သူလူထုက အကြမ်းဖက်အဖွဲ့ များ၏ အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင်သည့် လှုပ်ရှားမှုများကို ဆက်လက်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။