နဂါးငွေ့တန်းအတွင်း လည်ပတ်နေသည့် ထူးဆန်းသော အရာတစ်ခုကို သြစတြေးလျ ပညာရှင်များ တွေ့ရှိ

နဂါးငွေ့တန်းအတွင်း လည်ပတ်နေသည့် ထူးဆန်းသော အရာတစ်ခုကို သြစတြေးလျ ပညာရှင်များ တွေ့ရှိ

သြစတြေးလျသုတေသန ပညာရှင်များအနေဖြင့်  နဂါးငွေ့တန်းအတွင်း လည်ပတ်နေ သည့် ထူးဆန်းသော အရာတစ်ခုကိုတွေ့ရှိကြောင်းနှင့် ထိုအရာကို မည်သည့်နက္ခတ္တ ပညာရှင်မှ မတွေ့ဖူးကြောင်း သိရသည်။

နဂါးငွေ့တန်းအတွင်း လည်ပတ်နေသည့် အဆိုပါ အရာဝတ္ထုကို သုတေသနစာတမ်း ပြုစုနေသည့်  တက္ကသိုလ်ကျောင်းသား တစ်ဦးက ပထမဆုံး ရှာဖွေတွေ့ရှိခြင်းဖြစ် သည်။

အဆိုပါအရာဝတ္ထုသည် အလွန်ကြီးမား သည့် ရေဒီယိုစွမ်းအင် ပေါက်ကွဲမှုကို တစ်နာရီ လျှင်သုံးကြိမ်နှုန်းဖြင့် ထုတ်လွှတ်နေသည်ဟု သုတေသီများက ပြောသည်။

ထိုပေါက်ကွဲမှု လှိုင်းနှုန်းများသည် ၁၈ ဒသမ ၁၈ မိနစ်တိုင်းတွင် ထွက်ပေါ်နေခြင်း ဖြစ်ကြောင်း    နက္ခတ္တရူပဗေဒ ပညာရှင် သုတေသီ နာတာရှားဟာလေဝေါကားက ပြောသည်။

စကြဝဠာအတွင်း လှိုင်းနှုန်းများထုတ် လွှတ်သည့် အရာဝတ္ထု အမြောက်အမြားရှိကြောင်း၊ သို့သော် ၁၈ ဒသမ ၁၈ မိနစ်တိုင်းတွင် လှိုင်းနှုန်းထုတ်လွှတ်သည့် အရာဝတ္ထုကို ယခင်က တွေ့မြင်ကြားသိ ဖူးခြင်းမရှိကြောင်း ၎င်းကဆက်ပြောသည်။

သုတေသနပညာရှင်များ အနေဖြင့် အနောက်သြစတြေးလျ ပြည်နယ်ရှိ အဝေး ကြည့်မှန်ပြောင်းကိုအသုံးပြုကာ လေ့လာမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

အဆိုပါ အရာဝတ္ထုသည် ကမ္ဘာမှ အလင်း နှစ် ၄ဝဝဝ ခန့်အကွာတွင် တည်ရှိပြီး မယုံ နိုင်စရာကောင်းလောက်အောင် တောက်ပ ကာ သံလိုက်ဓာတ် အလွန်ပြင်းထန်သည်။ သို့သော် အဆိုပါအရာဝတ္ထုနှင့် ပတ်သက်၍ ရှင်းပြနိုင်ရန်မှာမူ ပဟေဠိများစွာ ရှိနေသေး ကြောင်း သိရသည်။