ရုရှားစစ်သင်္ဘောများက ပင်လယ်နက်အတွင်း အမြောက်ပစ်ခတ်လေ့ကျင့်

ပင်လယ်နက်ဒေသအတွင်းရှိ ရုရှားစစ်သင်္ဘောများသည် စစ်ရေးလေ့ကျင့်မှုများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဝေဟင်၊ ရေပြင်ပစ်မှတ်များကို အမြောက်များဖြင့် ပစ်ခတ်လေ့ကျင့်မှု ပြုလုပ်ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၂၈ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ စစ်ရေးလေ့ကျင့်ခန်းကို ဇန်နဝါရီ ၂၆ ရက်တွင် စတင်ခြင်းဖြစ်ကာ စစ်သင်္ဘောအစင်း ၂၀ ပါဝင်ပြီး ဇန်နဝါရီ ၂၈ ရက်နှောင်းပိုင်းတွင် ပြီးဆုံးသည်။

အလားတူ နိုင်ငံတောင်ပိုင်း ရော့စတော့ဒေသရှိ  ရုရှားအမြောက်တပ်ဖွဲ့များသည်လည်း ရန်သူ့တပ်ဖွဲ့များ၊ သံချပ်ကာယာဉ်များကို  ဟောင်ဝစ်ဇာများဖြင့်   ပစ်ခတ်သည့်လေ့ကျင့်ခန်းများကို ပြုလုပ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပင်လယ်နက်အတွင်းလုပ်ဆောင်သော စစ်ရေးလေ့ကျင့်ခန်းများသည် ယခုလအတွင်း နေရာအများအပြား၌  လုပ်ဆောင်သော ရေတပ်စစ်ရေး လေ့ကျင့်ခန်းများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ထိုစစ်ရေးလေ့ကျင့်ခန်းတွင် မိုင်းရှင်းလင်းရေး လေ့ကျင့်ခန်းကိုပါ ဆောင်ရွက်ကြောင်း သိရသည်။       

Ref: TST