COVID-19 ပိုးတွေ့လူနာ ၅၅၀ ဦးနှင့် သေဆုံးသူ ၁၅ ဦးထပ်တိုး

နေပြည်တော်  စက်တင်ဘာ  ၂၃

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့နံနက် ၈ နာရီ၊ ညနေ ၄ နာရီခွဲနှင့် ည ၈ နာရီတို့တွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက် များအရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာ ၅၅၀ ဦးနှင့် သေဆုံးသူ ၁၅ ဦးထပ်တိုးကြောင်း သိရသည်။

အဆိုပါထုတ်ပြန်ချက်များတွင် (၂၂-၉-၂၀၂၀)ရက် ည ၈ နာရီမှ(၂၃-၉-၂၀၂၀)ရက် နံနက် ၈ နာရီအတွင်း COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန(ရန်ကုန်)(NHL)မှ ဒုတိယအသုတ်ဓာတ်ခွဲနမူနာ ၁၃၁၁ ခု၊  ဆေးသုတေသနဦးစီး ဌာန (DMR)မှ ဒုတိယအသုတ်ဓာတ်ခွဲနမူနာ ၁၉၀ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန(မန္တလေး)မှ ဒုတိယအသုတ်ဓာတ်ခွဲနမူနာ ၁၉၂ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန(မော်လမြိုင်)မှ ဒုတိယအသုတ်ဓာတ်ခွဲနမူနာ ၁၃၃ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး)မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၆၈ ခု၊ ရန်ကုန်မြို့ အမှတ်(၁)တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၁၁၈၉ ခု စုစုပေါင်း ဓာတ်ခွဲနမူနာ ၃၀၈၃ ခုတို့အား ထပ်မံစစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြု လူနာသစ် ၂၁၆ ဦးတွေ့ရှိသည်။

(၂၂-၉-၂၀၂၀)ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL)မှ ဓာတ်ခွဲနမူနာ ၂၃၂၈ ခု၊ ဆေးသုတေသနဦးစီး ဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၄၇၂ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)မှ  ဓာတ်ခွဲနမူနာ ၅၅၅ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်)မှ ဓာတ်ခွဲ နမူနာ ၃၈၄ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး)မှ ဓာတ်ခွဲနမူနာ ၁၆၁ ခု၊  နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၂၀ ခု၊ ပြည်သူ့ ဆေးရုံကြီး စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ ၁၁၁ ခု၊ ပြည်သူ့ဆေးရုံကြီး ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာလေးခု၊ ပြည်သူ့ဆေးရုံကြီး မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ ၂၄ ခု၊ ပြည်သူ့ ဆေးရုံကြီး မြိတ်မြို့မှ ဓာတ်ခွဲနမူနာ သုံးခု၊ ပြည်သူ့ဆေးရုံကြီး ပြည်မြို့မှ ဓာတ်ခွဲနမူနာ ခုနစ်ခု၊ ပြည်သူ့ဆေးရုံကြီး မြစ်ကြီးနားမြို့မှ ဓာတ်ခွဲနမူနာသုံးခု၊ ပြည်သူ့ဆေးရုံကြီး မြောင်းမြမြို့မှ ဓာတ်ခွဲနမူနာတစ်ခု၊ ပြည်သူ့ဆေးရုံကြီး တောင်ငူမြို့မှ ဓာတ်ခွဲနမူနာတစ်ခု၊ ပြည်သူ့ဆေးရုံကြီး မကွေးမြို့မှ ဓာတ်ခွဲနမူနာ ၁၁ ခု၊ ပြည်သူ့ဆေးရုံကြီး ဘားအံမြို့မှ ဓာတ်ခွဲနမူနာ ၁၅ ခု၊ ပြည်သူ့ဆေးရုံကြီး ဟားခါးမြို့မှဓာတ်ခွဲနမူနာ ၂၀ ခု၊ ပြည်သူ့ဆေးရုံကြီး ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ ၁၂ ခုနှင့် ပြည်သူ့ဆေးရုံကြီး မြဝတီမြို့မှ ဓာတ်ခွဲနမူနာရှစ်ခု၊ ရန်ကုန်မြို့ အမှတ်(၁)တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၁၁၈၉ ခုနှင့် နေပြည်တော် အမှတ်(၂)တပ်မတော် ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၂၅၃ ခု စုစုပေါင်းဓာတ်ခွဲနမူနာ ၅၅၈၂ ခုအား စစ်ဆေးခဲ့ခြင်းဖြစ်ပြီး COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် ၄၈၉ ဦးတွေ့ရှိခဲ့သည်။ (ဓာတ်ခွဲအတည်ပြုလူနာသစ် ၂၇၃ ဦးတွေ့ရှိ ကြောင်းကို (၂၂-၉-၂၀၂၀)ရက် ည ၈ နာရီသတင်းတွင် ထုတ်ပြန်ပြီးဖြစ်သည်။)

(၂၃-၉-၂၀၂၀)ရက် နံနက် ၈ နာရီအထိ ထပ်မံသေဆုံးသူတစ်ဦးရှိသည်။

(၂၂-၉-၂၀၂၀)ရက်တွင် ဓာတ်ခွဲစစ်ဆေးတွေ့ရှိခဲ့သည့် COVID-19 လူနာသစ် ၄၈၈ ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်သည်။

(၂၃-၉-၂၀၂၀)ရက် နံနက် ၈ နာရီမှ ည ၈ နာရီအတွင်း COVID-19 ဓာတ်ခွဲစစ်ဆေး ချက်များအရ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)( NHL)မှ ပထမအသုတ် ဓာတ်ခွဲနမူနာ ၇၃၂  ခု၊ ဆေးသုတေသနဦးစီးဌာန(DMR)မှ ဓာတ်ခွဲနမူနာ ၃၀၃ ခု၊  ပြည်သူ့ ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန(မန္တလေး)မှ ပထမအသုတ်ဓာတ်ခွဲနမူနာ ၄၃၄ ခု၊ ပြည်သူ့ ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်)မှ ပထမအသုတ်ဓာတ်ခွဲနမူနာ ၂၄၄ ခု၊ပြည်သူ့ ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန(တောင်ကြီး)မှ ပထမအသုတ်ဓာတ်ခွဲနမူနာ ၁၃၀ ခု၊ နေပြည်တော်  ပြည်သူ့ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၂၅ ခုနှင့် နေပြည်တော် အမှတ်(၂)တပ်မတော် ဆေးရုံကြီးခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၂၃၄ ခုစုစုပေါင်း  ၂၁၀၂ ခုအား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြု လူနာသစ် ၃၃၄ ဦးတွေ့ရှိရသည်။

(၂၃-၉-၂၀၂၀)ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြု လူနာ ၇၂၉၂ ဦးရှိပြီဖြစ်သည်။ ဓာတ်ခွဲအတည်ပြုလူနာဟောင်း (old confirmed case) များအနက် စုစုပေါင်း ၂၀၈၅ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။

ယနေ့အထိ  ဓာတ်ခွဲအတည်ပြု လူနာများအနက် သေဆုံးသူပေါင်း ၁၃၀ ဦးရှိသည်။

(၂၂-၉-၂၀၂၀)ရက် မွန်းတည့် ၁၂ နာရီမှ (၂၃-၉-၂၀၂၀)ရက် မွန်းတည့် ၁၂ နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် ၄၃၈ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။   

(၅၀၀)