ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ “ရွှေရင်အေး” ရွှေဆိုင်မှ ရွှေထည်ပစ္စည်းအလေးချိန် ၅၅ ကျပ်သားခန့်အား အမျိုးသား ၃ ဦးက သေနတ်ပြ ခြိမ်းခြောက်ကာ လုယက်ယူဆောင်

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ “ရွှေရင်အေး” ရွှေဆိုင်မှ ရွှေထည်ပစ္စည်းအလေးချိန် ၅၅ ကျပ်သားခန့်အား အမျိုးသား ၃ ဦးက သေနတ်ပြ ခြိမ်းခြောက်ကာ လုယက်ယူဆောင်

နေပြည်တော်၊ ဖေဖော်ဝါရီ ၁
    
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ “ရွှေရင်အေး” ရွှေဆိုင်မှ ရွှေထည် ပစ္စည်းမျိုးစုံအလေးချိန် ၅၅ ကျပ်သားခန့်အား အမျိုးသား ၃ ဦးက သေနတ်ပြ ခြိမ်းခြောက်ကာ လုယက်ယူဆောင်ခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
    
ဖြစ်စဉ်မှာ ဇန်နဝါရီလ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ (၁၅)ရပ်ကွက်၊ ကျန်စစ်သားလမ်း၊ အမှတ်(၄၇၀/ခ)တွင် ဖွင့်လှစ်ထားသည့် “ရွှေရင်အေး” ရွှေဆိုင်၌ ဆိုင်ရှင်ဖြစ်သူ မနှင်းယုစံ (၂၉)နှစ် (ဘ)ဦးဌေးမြင့်သည် ဆိုင်ဝန်ထမ်း ၆ ဦးနှင့်အတူ ရောင်းချနေစဉ် အမျိုးသား ၃ ဦးသည် ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ဆိုင်အတွင်း ဝင်ရောက်ကာ အမျိုးသား ၃ ဦးအနက် ၂ ဦးမှ သေနတ် ၂ လက်ဖြင့် ခြိမ်းခြောက်ကာ ဆိုင်ရှင်နှင့် ဝန်ထမ်းများအား ကြမ်းပြင်ပေါ်မှ ဝမ်းလျားမှောက်နေခိုင်းပြီး ၎င်းတို့အနက်မှ တစ်ဦးမှ အသင့်ယူဆောင်လာသည့် ရဲဒင်းဖြင့် ရောင်းချရန်ခင်းကျင်းပြသထားသည့် ရွှေထည်ပစ္စည်းများ ထည့်ထားသည့် မှန်ပုံးများအား ရိုက်ခွဲကာ မုန်ပုံးအတွင်းရှိ ရွှေဆွဲကြိုး ၁၃ ကုံး၊ ရွှေလက်ကောက် ၉၃ ကွင်း၊ ရွှေဟန်းချိန်း ၃ ခု၊ စုစုပေါင်းရွှေအလေးချိန် ၅၅ ကျပ်သားခန့်၊ တန်ဖိုးငွေ ၉၆,၂၅၀,၀၀၀ ကျပ်ခန့်အား လုယက်ယူဆောင်ကာ ၎င်းတို့စီးနင်းလာသည့် ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့ပါသည်။
    
ထိုကဲ့သို့ လုယက်မှုကျူးလွန်ခဲ့သူများအား ဖမ်းဆီးရမိနိုင်ရေး ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သောပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။