မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်းကျေးရွာရှိ ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုအား မလိုလားသူ အကြမ်းဖက်သမားများက အခြေခံပညာ အထက်တန်းကျောင်းခွဲမှ သင်ရိုးညွှန်တမ်းစာအုပ်များအား မီးရှို့ဖျက်ဆီး 

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်းကျေးရွာရှိ ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုအား မလိုလားသူ အကြမ်းဖက်သမားများက အခြေခံပညာ အထက်တန်းကျောင်းခွဲမှ သင်ရိုးညွှန်တမ်းစာအုပ်များအား မီးရှို့ဖျက်ဆီး 

နေပြည်တော်၊ ဖေဖော်ဝါရီ ၃
    
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်းကျေးရွာရှိ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုအား မလိုလားသူ အကြမ်းဖက်သမားများက အခြေခံ ပညာအထက်တန်းကျောင်းခွဲမှ သင်ရိုးညွှန်တမ်းစာအုပ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
    
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၆ နာရီ ၅၀ မိနစ်အချိန်တွင် ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အတွင်း၌ သိမ်းဆည်းထားရှိသည့် သင်ရိုးညွှန်တမ်းစာအုပ်များအား အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိသည်။ 

ထိုသို့ ဖျက်ဆီးမှုကြောင့် “အကယ်ဒမီရွှေစင်” ၂ ထပ်ကျောင်းဆောင်အတွင်းရှိ  စာသင်ခုံအဟောင်း ၂ လုံးနှင့် ကျောင်းသင်ရိုးညွှန်တမ်းစာအုပ်များ (တန်ဖိုးငွေ ၃ သိန်းကျပ်ခန့်) မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး ကျောင်းဆောင်အား မီးကူးစက် လောင်ကျွမ်းခဲ့မှု မရှိကြောင်း တွေ့ရှိရပါသည်။ 
    
ထိုကဲ့သို့ ကလေးသူငယ်များ အေးချမ်းစွာပညာသင်ကြားလျက်ရှိသည့် ကျောင်းအတွင်းရှိ သင်ရိုးညွှန်တမ်းစာအုပ်များအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး ရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။