တရားမဝင်သစ်မျိုးစုံ၊ လိုင်စင်မဲ့ယာဉ်၊ စားသောက်ကုန်ပစ္စည်းများနှင့် ကားတာယာများ ဖမ်းဆီးရမိ

တရားမဝင်သစ်မျိုးစုံ၊ လိုင်စင်မဲ့ယာဉ်၊ စားသောက်ကုန်ပစ္စည်းများနှင့် ကားတာယာများ ဖမ်းဆီးရမိ

နေပြည်တော်  ဖေဖော်ဝါရီ  ၄

တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့် အညီ ထိရောက်စွာတားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၃ ရက်တွင် မွန်ပြည်နယ် အကောက်ခွန် လှုပ်ရှားစစ်ဆေးရေး အဖွဲ့နှင့် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း တာဝန်ကျပူးပေါင်းအဖွဲ့တို့သည် သတင်းအရ ရှောင်တခင် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ  ရန်ကုန်မြို့သို့ မောင်းနှင်လာသော ၁၂ ဘီး ကုန်တင်ယာဉ်ပေါ်တွင် သွင်းကုန်ကြေညာလွှာ ID  ၌ ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသော ကားတာယာမျိုးစုံ ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၈၆ဝဝဝဝဝ နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့်  Profia ၁၂ ဘီး ကုန်တင်ယာဉ်တစ်စီး    ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅ဝဝဝဝဝဝ ကိုလည်းကောင်း၊ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော   ခရီးသည်တင်ယာဉ် တစ်စီးပေါ်မှ ခရီးသည် ဝန်စည်များနှင့်အတူ   ရောနှော တင်ဆောင်လာပြီး တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းများ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄ဝဝဝဝဝ ကို လည်းကောင်း   စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၄၅ဝဝဝဝဝဝ ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

အလားတူ ဖေဖော်ဝါရီ ၄ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တန့်ဆည်မြို့နယ်တွင် တရားမဝင်တင်ဆောင်လာသော နွား ၃၄ ကောင် ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄ဝဝဝဝဝဝ အား တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဥပဒေအရ လည်းကောင်း၊ စစ်ကိုင်းမြို့နယ်တွင်(လိုင်စင်မဲ့) HONDA FITယာဉ်တစ်စီး ခန့်မှန်းတန်ဖိုးငွေကျပ်  ၃၅ဝဝဝဝဝ အား ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ တိုင်းဒေသကြီး   သစ်တောဦးစီးဌာနက ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  ကျွန်းသစ်(ဗုံတို/တိုင်) ၃ ဒသမ ၁၆၆ တန်  ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅ဝဝဝ သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၃၇၅၈၅ဝဝဝ ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်း စစ်ဆေးရေးအဖွဲ့များဖြင့်  သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ သာယာဝတီခရိုင် သစ်တောကြိုးဝိုင်းအတွင်း တရားမဝင် ကျွန်းသစ် ၁ ဒသမ ၂ဝ၄ဝ တန် ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈ဝ၆ဝဝ ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ပါ၍ ဖေဖော်ဝါရီ ၃ ရက် နှင့် ၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ခုနစ်မှု ခန့်မှန်းတန်ဖိုးငွေကျပ် ၈၂၇၆၅၆ဝဝ ဖြစ်ကြောင်း      တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။