ချယ်လ်ဆီးအသင်း နည်းပြ တူချယ်လ် ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရသည့်အတွက် ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကို ကြီးကြပ်ခွင့်ရတော့မည် မဟုတ်

ချယ်လ်ဆီးအသင်း နည်းပြ တူချယ်လ် ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရသည့်အတွက် ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကို ကြီးကြပ်ခွင့်ရတော့မည် မဟုတ်

ချယ်လ်ဆီးအသင်းနည်းပြ တူချယ်လ်သည် ကိုဗစ်- ၁၉ ရောဂါကူးစက် ခံခဲ့ရသည့်အတွက် ကလပ်ကမ္ဘာ့ ဖလားပြိုင်ပွဲ    ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းကို ကြီးကြပ်ခွင့်ရတော့မည် မဟုတ်ဘဲ အင်္ဂလန်နိုင်ငံ၌သာ  ဆေးကုသမှု ခံယူရမည်ဖြစ်ကြောင်း သိရသည်။

နည်းပြတူချယ်လ်သည်  အက်ဖ်အေဖလားပြိုင်ပွဲ စတုတ္ထအဆင့်ပွဲစဉ် အဖြစ်ကစားသည့် ပလိုင်းမောက် အသင်းနှင့်ပွဲစဉ်မတိုင်မီ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက် ပြီး  ဆေးစစ်မှု ပြုလုပ်ရာတွင်  ကိုဗစ်-၁၉ ရောဂါ ဏသျငအငလန   ရလဒ်ထွက်ပေါ်ခဲ့သောကြောင့် ပလိုင်းမောက်အသင်းနှင့် ပွဲစဉ်ကို    လွဲချော်ခဲ့သည့်အပြင်    ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲယှဉ်ပြိုင်ကစားရန် ယူအေအီး နိုင်ငံသို့ သွားရောက်မည့် အသင်းနှင့်လည်း ပူးပေါင်း ခွင့်ရရှိတော့မည်မဟုတ်ဘဲ လွဲချော်ရမည်ဖြစ်ကြောင်း သိရသည်။

ချယ်လ်ဆီး အသင်းသည်   အက်ဖ်အေဖလား ပွဲစဉ်အဖြစ် ပလိုင်းမောက်အသင်းနှင့် ကစားသည့်ပွဲစဉ်အပြီးတွင်  ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင် အဖြစ်လက်ခံ ကျင်းပမည့်    ယူအေအီးနိုင်ငံသို့ ထွက်ခွာမည်ဖြစ်ကာ နည်းပြ တူချယ်လ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည့်အတွက် လိုက်ပါခွင့် ရရှိတော့မည် မဟုတ်ဘဲ ၎င်း၏နည်းပြဘဝ သက်တမ်းတစ်လျှောက် ပထမဆုံးတာဝန်ယူ ကိုင်တွယ်ခွင့်ရရှိမည့် ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကြပ်ခွင့်နှင့်  လွဲ ချော်ရမည်ဖြစ်သည်။

ချယ်လ်ဆီးအသင်းက ''နည်းပြတူချယ်လ် အနေနဲ့ ကိုဗစ်-၁၉  ရောဂါကူးစက် ခံခဲ့ရပါတယ်။   သူ့အနေနဲ့  အနည်းဆုံး  ၁ဝ  ရက်လောက်တော့ သီးသန့်ခွဲခြား နေထိုင်ရမှာဖြစ်လို့ အသင်းနဲ့ပွဲစဉ်တချို့ကို လွဲချော်မှာပါ။   သူ့အနေနဲ့  ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကို  လိုက်ပါနိုင်မှာ မဟုတ်တော့ပါဘူး''  ဟု  ထုတ်ပြန်ခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်မှ  စတင် ကစားရမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၉ ရက်တွင် အယ်ဟီလယ်၊ အယ်ဂျာဇီယာ နှင့်  ပါရီးယက်စ်အသင်းတို့မှ  တစ်သင်းနှင့်ယှဉ်ပြိုင် ကစားရမည် ဖြစ်ကြောင်း သိရသည်။