တရားမဝင် သစ်မျိုးစုံ၊ မော်တော်ယာဉ်၊ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ ဖမ်းဆီးရမိ

တရားမဝင် သစ်မျိုးစုံ၊ မော်တော်ယာဉ်၊ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ  ၆

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို   ဥပဒေနှင့်အညီ ထိရောက်စွာတားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်တွင် မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း တာဝန်ကျ အကောက် ခွန်အဖွဲ့မှ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တရုတ်နိုင်ငံမှ တင်သွင်းသည့် ကုန်သေတ္တာ နှစ်လုံး၌ သွင်းကုန် ကြေညာလွှာ ID တွင် ကြေညာထားခြင်း မရှိသော လူသုံးကုန်ပစ္စည်းမျိုးစုံ(ခန့်မှန်း တန်ဖိုးငွေကျပ် ၉၁၄ဝဝဝဝဝ) ကို ဖမ်းဆီးရမိခဲ့ပြီး  အကောက်ခွန်ဥပဒေနှင့်အညီ  အရေးယူ ဆောင်ရွက်လျက်ရှိသည်။

အလားတူ မွန်ပြည်နယ်   မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်း၌ တာဝန်ကျ အကောက်ခွန်အဖွဲ့မှ    စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ် တစ်စီးပေါ်တွင် ခရီးသည်ပစ္စည်းများနှင့်အတူ ရောနှောတင်ဆောင်လာသော  တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းမျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၆၃ဝဝဝဝ)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ရှမ်းပြည်နယ် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းမှ အကောက်ခွန်ဦးစီးဌာန ဦးဆောင်သော တာဝန်ကျလှည့်ကင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရေပူကျေးရွာအနီးတွင် (လိုင်စင်မဲ့) မော်တော်ယာဉ် တစ်စီး     (ခန့်မှန်း တန်ဖိုးငွေကျပ် ၅ဝဝဝဝဝဝ)အား ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင်   ယနေ့တွင်  ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်     ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း ယာဉ်ငယ်စစ်ဆေးရေးဂိတ်မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ် တစ်စီးပေါ်မှ တရားမဝင် တင်ဆောင်လာသော  တရုတ်နိုင်ငံထုတ် စားသောက်ကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၅၂ဝဝဝ)ကို   ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ  အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထပ်မံ၍ ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု   တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး၊  သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေး အဖွဲ့များဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူး၊ တောင်ငူနှင့် သာယာဝတီ ခရိုင်တို့အတွင်း တရားမဝင် သစ်မျိုးစုံ (၄၃ ဒသမ၂ဝ၂၄)တန် (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၈၅၇၉၈၆ဝ) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ပါ၍ ဖေဖော်ဝါရီ ၅ ရက်နှင့် ၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၆ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၁၁၆၁၈၆ဝ) ဖြစ်ကြောင်း    တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ  သိရသည်။