ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ကြေညာထားသည့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက် ထောက်ပံ့နေသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေများအတွင်း၌ စစ် သင်တန်းတက်ရောက်ခဲ့သူများအား ပြစ်ဒဏ်အသီးသီးချမှတ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ကြေညာထားသည့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက် ထောက်ပံ့နေသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေများအတွင်း၌ စစ် သင်တန်းတက်ရောက်ခဲ့သူများအား ပြစ်ဒဏ်အသီးသီးချမှတ်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၉
    
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဇီးကုန်းကျေးရွာ၊ ပန်းခြံ(၃)လမ်း နေ သန်းဦး(ဘ)ဦးမြဟန်သည် ၂၀၂၁ ခုနှစ်၊ မတ် ၁၅ ရက်မှ ၂၀၂၂ ခုနှစ်၊  ဇန်နဝါရီ ၁၆ ရက်အတွင်း၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၂၁)ဖြင့် အကြမ်းဖက် အုပ်စုများအဖြစ် သတ်မှတ်ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ် ခြင်းနှင့် ၎င်းတို့အား ငွေကြေးထောက်ပံ့ခြင်းတို့ကြောင့်လည်းကောင်း၊ မြောက် ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ (၁၇)ရပ်ကွက်၊ ဦးပုည(၁)လမ်းနေ ဆုရည်ပိုင်(ခ)မီးမီးသည် အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း၌ သင်တန်းတက်ရောက်ခြင်းနှင့် အကြမ်းဖက် အုပ်စုအား ငွေကြေးထောက်ပံ့ခြင်းတို့ကြောင့် လည်းကောင်း စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်း ဖက်မှု တိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၀(ည) အရ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်တွင် ၎င်းတို့အား“ထောင်ဒဏ်တစ်သက်” ပြစ်ဒဏ်ကို အသီးသီးအမိန့်ချမှတ်လိုက် ကြောင်း သိရှိရသည်။

စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ် ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်းပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါပြစ်မှုများကိုဖောက်ဖျက်ကျူးလွန်ပါကစစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက် ကာထိထိရောက်ရောက် မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။