မဲဆန္ဒရှင် စာရင်းကို ၇ ရက်ထပ်မံ တိုးမြှင့်ကပ်ထား ကြေညာသွားမည်

၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သည် မဲဆန္ဒရှင်စာရင်းများကို ၂၅-၇-၂ဝ၂ဝ ရက်နေ့မှ   ၇-၈-၂ဝ၂ဝ ရက်နေ့ အထိ  ၁၄ ရက်ကြာ ကပ်ထားကြေညာခဲ့ပါသည်။

၂။ မဲဆန္ဒရှင်များက လိုအပ်သည့်တောင်းဆိုလွှာ၊ ကန့်ကွက်လွှာ၊ ပြင်ဆင်လွှာများတင်ပြရာတွင် အချိန်ပိုမို ရရှိစေရန် အတွက် မဲဆန္ဒ ရှင်စာရင်းကို ၈-၈-၂ဝ၂ဝ ရက်နေ့မှ ၁၄-၈- ၂ဝ၂ဝ ရက်နေ့အထိ ၇ ရက်ထပ်မံတိုးမြှင့် ကပ်ထားကြေညာသွားမည်ဖြစ်ပါသည်။

၃။ သို့ဖြစ်ပါ၍ မိမိအမည် မဲစာရင်းတွင်မပါ ဝင်ပါက တောင်းဆိုလွှာပုံစံ(၃)၊ မပါဝင်သင့် သူများ ပါဝင်နေပါက ပုံစံ(၄)၊ မှားယွင်း သောအချက်အလက်များပါဝင်နေပါက ပုံစံ (၄-ဂ)တို့ဖြင့် တင်သွင်းခြင်းကို ၁၄-၈-၂ဝ၂ဝ ရက်နေ့အထိ ဆက်လက်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်