ရီးယဲလ်မက်ဒရစ် အသင်းက တိုက်စစ်မှူး ဟာလန်းအား ခေါ်ယူမည့် အစီအစဉ် လက်လျှော့လိုက်၍ မန်စီးတီးအသင်း ထိပ်ဆုံးမှ ရေပန်းစားလာ

ရီးယဲလ်မက်ဒရစ် အသင်းက တိုက်စစ်မှူးဟာလန်းအား   ခေါ်ယူမည့် အစီအစဉ်ကို   လက်လျှော့လိုက်ပြီဖြစ်၍  မန်စီးတီးအသင်းက  ထိပ်ဆုံးမှရေပန်းစားလာ ကြောင်း သိရသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ပီအက်စ်ဂျီ အသင်းမှ အမ်ဘတ်ပီကို ခေါ်ယူရန် နီးစပ်ခဲ့ပြီးနောက် ဟာလန်းကိုပါ ခေါ်ယူရန်ပြင်ဆင်နေခြင်းဖြစ်သည်။

ဟာလန်းသည် ဒေါ့မွန်အသင်းနှင့်  ၂၀၂၄  ခုနှစ် အထိ စာချုပ်သက်တမ်းကျန်ရှိနေသော်လည်း စာချုပ် ပါအချက်အလက်များအရ လာမည့်နွေရာသီကစား သမားအပြောင်းအရွှေ့ကာလတွင် စာချုပ်လျော်ကြေး စတာလင်ပေါင် ၆၇ သန်းပေးချေပြီး ခေါ်ယူနိုင်မည် ဖြစ်သည့်အတွက် ထိပ်တန်းအသင်းကြီးများက အပြိုင် ခေါ်ယူရန် ပြင်ဆင်နေခြင်းဖြစ်သည်။

အစောပိုင်းက    ရီးယဲလ်မက်ဒရစ်အသင်းသည် လက်ရှိ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်ကစားသမားများ အဖြစ် သတ်မှတ် ခံထားရသည့် အမ်ဘတ်ပီနှင့် ဟာလန်း တို့ကို   အသုံးပြုလိုသည့်အတွက်   အမ်ဘတ်ပီကို အလွတ်ပြောင်းရွှေ့ကြေးဖြင့်  ခေါ်ယူနိုင်မည်ဖြစ်ပြီး ဟာလန်းကိုလည်း  နည်းပါးသည့်ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ခေါ်ယူနိုင်မည်ဖြစ်သည့်အတွက် ခေါ်ယူ လိုနေခြင်းဖြစ်သည်။ သို့သော် ၎င်းတို့နှစ်ဦးအတွက်  မြင့်မားသည့် လုပ်ခလစာပေးချေရမည်ဖြစ်သည့်အပြင် လက်ရှိတိုက်စစ်မှူး ဘင်ဇီမာကလည်း ဟာလန်းသာ အသင်းသို့ပြောင်းရွှေ့လာမည်ဆိုပါက   အသင်းမှ ထွက်ခွာပြီး ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့ကစား မည်ဟု    တရားဝင်ထုတ်ဖော် ပြောကြားထားသည့်အတွက်  ရီးယဲလ်မက်ဒရစ်အသင်းက  ဟာလန်းအား ခေါ်ယူမည့် အစီအစဉ်ကို   လက်လျှော့ခဲ့ပြီးနောက် အမ်ဘတ်ပီကိုခေါ်ယူနိုင်ရန်သာ ဆက်လက်ကြိုးပမ်းမည်ဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်းက ဟာလန်းအားခေါ်ယူ မည့်အစီအစဉ်ကို လက်လျှော့ခဲ့သော်လည်း သဘော တူညီချက်တစ်ရပ်ဖြင့်   ကမ်းလှမ်းမှုများ ပြုလုပ်မည် ဖြစ်ပြီး ဟာလန်းကို လာမည့်နွေရာသီကစားသမား အပြောင်းအရွှေ့ ကာလတွင်   ခေါ်ယူမည်ဖြစ်သော် လည်း   အသင်းသို့   ချက်ချင်းခေါ်ယူမည်မဟုတ်ဘဲ ဒေါ့မွန်အသင်း၌သာ ဆက်လက်ကစားစေပြီး ၂၀၂၂-၂၀၂၃   ဘောလုံးရာသီအကုန်မှသာ   ခေါ်ယူရန် ကမ်းလှမ်းမည်ဖြစ်သည်။

သို့သော် ဟာလန်းကိုယ်တိုင်က ဆုဖလားများရယူ လိုသည့်အတွက်    ယခုဘောလုံးရာသီအကုန်တွင် အသင်းမှ ထွက်ခွာရန်     ပြင်ဆင်ထားခြင်းကြောင့် ရီးယဲလ်မက်ဒရစ်အသင်း၏  ဒုတိယအစီအစဉ်ဖြင့် ကမ်းလှမ်းမှုကို ငြင်းဆိုဖွယ်ရှိသည်။

လက်ရှိ ဟာလန်းကို ခေါ်ယူလိုသည့် အသင်းများတွင် မန်စီးတီးအသင်းက ထိပ်ဆုံးမှ ရေပန်းစားလာပြီး  မန်စီးတီးအသင်းအပြင်  မန်ယူ၊  ဘိုင်ယန်မြူးနစ်၊ ချယ်လ်ဆီးနှင့်     ဘာစီလိုနာအသင်းတို့ကလည်း ကမ်းလှမ်းမှုများ ပြုလုပ်ရန် ပြင်ဆင်နေကြောင်း သိရ သည်။  

Ref:Bild