ပြည်ထောင်စု တိုင်းရင်းသားများ၏ ဝမ်းသာပီတိစကားသံများ

တိုင်းရင်းသား မြန်မာပြည်သူ တစ်ရပ်လုံး၏ ပေါက်ဖွားရှင်သန်ရာ  ပင်လုံမှသန္ဓေတည်ခဲ့သော ပြည်ထောင်စုနေ့ သည် ယခုဆိုလျှင် (၇၅)နှစ်မြောက်စိန်ရတုတိုင် ရောက်ရှိခဲ့ပြီး အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့

ဂုဏ်ပြု အခမ်းအနားကို နေပြည်တော်ဗိုလ်ရှု ခံရင်ပြင်၌ ခမ်းခမ်းနားနား ကျင်းပခဲ့ရာ အခမ်းအနားတွင် ပါဝင်ခဲ့ သူများ၏ စကားသံများအား ဖော်ပြလိုက်ရပါသည်-

 

ဉီးအောင်ဆန်းဉီး(မန္တလေးမြို့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ပါမောက္ခချုပ်)

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားမှာ  ကျွန်တော် ကတော့ ပြည်ထောင်စုနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့်     ပြည်နယ်များ၏ အမည်နာမများစာလုံး သရုပ်ဖော်တင်ဆက်ရတဲ့အပိုင်းကို တာဝန်ယူထားပါတယ်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များရဲ့ စာလုံး စာသားသရုပ်ဖော်မှုကို   နေပြည်တော် အတွင်းမှာရှိတဲ့   အခြေခံပညာအထက်တန်းကျောင်း ၁၃ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများ ၁၀၂၄ ဦးဖြင့် ပုံဖော်တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူများ လေ့ကျင့်တဲ့ အပိုင်းမှာ ၁၀၈၄ ဦးဖြင့် လေ့ကျင့်သင်ကြား ပေးခဲ့တဲ့အပြင် အရန်လူ ၆၀ ဦးကိုလည်း ပါဝင်လေ့ကျင့်ပေးထားပါတယ်။     စာသားသရုပ်ဖော်မှု အပိုင်းမှာ    ပြည်ထောင်စုနယ်မြေအပါအဝင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုတို့၏  စာသားများကို သရုပ်ဖော်ပြသသွားခဲ့ပါတယ်။ အခုလို   စာသားသရုပ်ဖော်မှုကို ယခင် ၂၀၁၃ ခုနှစ်မှာ    အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့တဲ့  (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပစဉ်မှာလည်း  ကျောင်းသား၊ ကျောင်းသူများနှင့် စာလုံးသရုပ်ဖော် တင်ဆက်ခဲ့ရတဲ့အတွက် အတွေ့အကြုံများလည်း ရှိခဲ့ပါတယ်။ ထိုအတွေ့အကြုံများကို အခြေခံပြီးတော့   စာသားသရုပ်ဖော်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ စာသားသရုပ်ဖော်ခြင်းကို ကျောင်းသား၊ ကျောင်းသူများဖြင့် ယခင်နဲ့

မတူအောင်  ကြိုးစားလုပ်ဆောင်ထားပါတယ်။ (၇၅)နှစ်မြောက်   စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြု အခမ်းအနားမှာလည်း စာသားသရုပ်ဖော်မှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်များရဲ့ ဂုဏ်ပြုယာဉ်များ ဖြတ်သန်းပြီး တိုင်းရင်းသားများ ကပြဖျော်ဖြေတဲ့အချိန်မှာ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်   ပြည်နယ်များကို ကွက်ကွက်ကွင်းကွင်း ပိုမိုပေါ်လွင်ပြီး ထိရောက်အောင်ဆောင်ရွက်ပေးနိုင်တဲ့ အတွက်ဂုဏ်ယူဝမ်းသာ မိပါတယ်။ ကျွန်တော်တို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် တိုင်းရင်းသား လူမျိုး ပေါင်းစုံဖြင့် ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုနိုင်ငံဖြစ်ပါတယ်။ ယနေ့ဆိုရင် ပြည်ထောင်စုနေ့ စတင်ဖြစ်ပေါ်လာခဲ့တာ (၇၅)နှစ်မြောက်    စိန်ရတုပြည်ထောင်စုနေ့တိုင် ရောက်ခဲ့ပြီ ဖြစ်ပါတယ်။  ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံသည် ပြည်ထောင်စုတိုင်းရင်းသားများအားလုံး ညီညီညွတ်ညွတ်နဲ့ စည်းစည်းလုံးလုံး ရှိမှသာလျှင်   မိမိတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကလည်း ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲမှာ ဖြစ်ပါတယ်။ တချို့နိုင်ငံများတွင် ပြည်ထောင်စုပြိုကွဲခဲ့တဲ့ သာဓကများလည်းရှိပါတယ်။ ဒါကြောင့် ပြည်ထောင်စု တိုင်းရင်းသားများ အားလုံး စည်းလုံးညီညွတ်ဖို့ အင်မတန်အရေးကြီးပါတယ်။ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့  ဂုဏ်ပြုအခမ်းအနားသည် နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့  တိုင်းရင်းသား အားလုံးအတွက် အင်မတန် အရေးကြီးတဲ့ နေ့ထူးနေ့မြတ်နေ့တစ်နေ့ ဖြစ်တယ်လို့ ပြောလိုပါတယ်။ ဒါကြောင့် နိုင်ငံသားတိုင်းအတွက်  ပြည်ထောင်စုစိတ်ဓာတ်ကို     သန္ဓေတည်ခိုင်မာစွာ ညီညာလက်တွဲပြီး ပြည်ထောင်စု ကြီးတည်တံ့ခိုင်မြဲရေးအတွက် အတူတကွ လက်တွဲဖော်ဆောင်စေလိုပါကြောင်း ပြောလိုပါတယ်။

https://www.myawady.net.mm/sites/default/files/12H3.jpg

ဒေါ်အေးနီလာ (ရခိုင်ပြည်နယ်ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့၊ အုပ်ချုပ်သူ) ကျွန်မက ရခိုင်ပြည်နယ် စစ်တွေမြို့

ရှေးဟောင်းသုတေသနနှင့်    အမျိုးသား ပြတိုက်ဦးစီးဌာနမှာ   ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်နေပါတယ်။ (၇၅)နှစ် မြောက်   စိန်ရတုပြည်ထောင်စုနေ့မှာ ကျင်းပတဲ့ ဂုဏ်ပြုအခမ်းအနားမှာ ရခိုင်ပြည်နယ် ယဉ်ကျေးမှုအဖွဲ့ရဲ့ အုပ်ချုပ်သူအနေနဲ့ ပါဝင်ဆောင်ရွက်ထားပါတယ်။ အခမ်းအနားမှာ ရခိုင်ပြည်နယ်ရဲ့ ရိုးရာတေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ တေးရေးဆရာဦးသန်းမောင် ရေးသားထားပြီး ဦးကိုကိုနိုင်သီဆိုထားတဲ့ ဗျာလှ သီချင်းနဲ့ ဆီမီး တစ်ထောင်ကြာသွပ်ပွဲ စတဲ့သီချင်းတွေနဲ့ ကပြဖျော်ဖြေခဲ့ပါတယ်။    ဒီအကတွေအတွက် အချိန်ယူပြီး   သေသေချာချာ ပြင်ဆင်ခဲ့ပါတယ်။ ကျွန်မတို့တစ်သက်မှာ ကြုံခဲလှတဲ့     (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့မှာကျင်းပတဲ့ ဂုဏ်ပြုအခမ်းအနားကို ကိုယ်တိုင်ပါဝင် ခဲ့ရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။ နေပြည်တော် မှာကျင်းပတဲ့ ဒီလိုအခမ်းအနားမှာ အခုလိုမျိုး တိုင်းရင်းသားပေါင်းစုံနဲ့ တွေ့ခွင့်ရခဲ့တဲ့ အတွက်လည်း      တိုင်းရင်းသားအချင်းချင်း  ပိုမိုချစ်ကြည်ရင်းနှီးမှုများ ရရှိစေတဲ့အပြင် ပြည်ထောင်စု စိတ်ဓာတ်ကိုလည်း ခိုင်မာစွာ တည်ဆောက်နိုင်ခဲ့ပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားမျိုးနွယ်စုအားလုံး ချစ်ကြည်ရင်းနှီးကြတာကိုလည်း စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြု အခမ်းအနားမှာ တွေ့ခဲ့ရပါတယ်။ အရင်တုန်းက တစ်ယောက်နဲ့တစ်ယောက်   မသိကြပေမယ့်လည်း ဒီအခမ်းအနားကြီးမှာ တွေ့ဆုံရတဲ့အတွက် ကိုယ့်ဆွေမျိုးသားချင်း လိုချစ်ကြည်ရင်းနှီးမှုကိုလည်း ရရှိခဲ့ပါတယ်။   (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ဂုဏ်ပြု အခမ်းအနားကြီးကို ကျင်းပပေးတဲ့အတွက် အနာဂတ် မျိုးဆက်သစ် လူငယ်တွေရဲ့ ရင်ထဲမှာလည်း မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာစေမယ်လို့    ယူဆမိပါတယ်။ ကျွန်မအနေနဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ ကိုယ်စားတက်ရောက်ခွင့် ရခဲ့တဲ့ အတွက်လည်း ဝမ်းသာ ဂုဏ်ယူမိပါတယ်။

https://www.myawady.net.mm/sites/default/files/12H1.jpg

ဒေါ်ခင်အေးမော်(မကွေးတိုင်းဒေသကြီး ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့၊ အုပ်ချုပ်သူ)

ကျွန်မတို့အကအဖွဲ့အနေနဲ့ မကွေးတိုင်းဒေသကြီးကိုယ်စားပြု သီချင်းဖြစ်တဲ့ မကွေးတိုင်းမှ ကြိုဆိုပါ၏ ဆိုတဲ့သီချင်းနဲ့  ပါဝင်ကပြဖျော်ဖြေခဲ့ပါတယ်။ အကတွေကတော့  အညာဒေသရဲ့   ရိုးရာအကအလှဖြစ်တဲ့ သူငယ်တော်အကနဲ့ မြန်မာနိုင်ငံမှာ ရှားပါးပြီး    တစ်ခုတည်းဖြစ်တဲ့ ဆံရစ်ဝိုင်း ကျေးရွာမှ ဆံရစ်ဝိုင်း ကလေးများနှင့် ကပြဖျော်ဖြေခဲ့ရပါတယ်။ ဒါ့အပြင် မကွေးတိုင်းဒေသကြီးကို ကိုယ်စားပြုတဲ့ လှပျိုဖြူများ အကလည်း  ပါဝင်ပါတယ်။ အကတင်ဆက်ကပြရာမှာ သီချင်းတစ်ပုဒ်တည်းကို အကတစ်မျိုးတည်း မဟုတ်ဘဲ အကသုံးမျိုးကို အဖွဲ့သုံးဖွဲ့နဲ့ ကပြဖျော်ဖြေခဲ့ရပါတယ်။ အကအဖွဲ့တစ်ဖွဲ့ချင်းမှာလည်း သူ့အဓိပ္ပာယ်နဲ့သူ ရှိပါတယ်။ သူငယ်တော်အကဆိုရင်လည်း အညာဒေသရိုးရာအက၊ ဆံရစ်ဝိုင်းအကဆိုရင်လည်း     မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့ ထိန်းသိမ်းမှုကို ဖော်ပြတဲ့အကဖြစ်တဲ့အပြင် လှပျိုဖြူအကကလည်း မကွေးတိုင်းရဲ့ ဂုဏ်ကိုဆောင်တဲ့ အကဖြစ်ပါတယ်။ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားကို ပါဝင်တက်ရောက်ခွင့်ရခဲ့တဲ့ အတွက်လည်း ဝမ်းသာဂုဏ်ယူမိပါတယ်။ အခုလိုအခမ်းအနားက ကြုံတောင့်ကြုံခဲ အခမ်းအနားလည်း ဖြစ်ပါတယ်။ တစ်နေရာတည်းမှာ ကိုယ်တိုင်မမြင်ဖူး၊ မရောက်ဖူးတဲ့ဒေသတွေရဲ့ ရိုးရာယဉ်ကျေးမှု အကအလှတွေနဲ့   ဓလေ့ထုံးတမ်း အစဉ်အလာတွေကို တိုင်းရင်းသားညီအစ်ကို    မောင်နှမများက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက် ကပြဖျော်ဖြေမှုတွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ နောင်နှစ်များမှာလည်း  ပြည်ထောင်စုနေ့ အခမ်းအနားကို   အခုလိုပဲ ခမ်းခမ်းနားနားနဲ့ ရတုအဆက်ဆက် ဆက်လက်ကျင်းပနိုင်ပါစေ၊  အဲဒီလိုမျိုးကျင်းပတဲ့အခါတိုင်းလည်း ကျွန်မတို့အဖွဲ့က အမြဲတမ်းတက်ရောက်ဖျော်ဖြေခွင့်ရပါစေလို့ ဆုတောင်းပါတယ်။ 

https://www.myawady.net.mm/sites/default/files/12H%E1%81%81.jpg

ဦးသီဟသိန်းဝင်း (ကားအလှပြယာဉ်များဆပ်ကော်မတီ၊ အတွင်းရေးမှူး)

(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားမှာ ပါဝင်ပြသတဲ့ ကားအလှပြ ယာဉ်များ ဆပ်ကော်မတီမှာ အတွင်းရေးမှူး တာဝန်ယူခဲ့ပြီး  ဂုဏ်ပြုယာဉ်များ စီစဉ်ကြီးကြပ်ရေး ဆပ်ကော်မတီဖွဲ့ပြီး လုပ်ငန်းကော်မတီအလိုက် ဂုဏ်ပြုယာဉ်များတည်ဆောက်ရေးနဲ့  ပြင်ဆင် ကြီးကြပ်ရေးလုပ်ငန်းကော်မတီတို့ကို

တာဝန်ယူရပါတယ်၊၊ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားမှာပြသခဲ့တဲ့ ဂုဏ်ပြု ယာဉ်တွေကို ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများနှင့် အထင် ကရနေရာများ ပါဝင်စေရန်အတွက် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီးများနဲ့ ချိတ်ဆက်ပြီး ပြင်ဆင်တဲ့အခါမှာ အနီးကပ်ကြီးကြပ် ဆောင်ရွက်ခဲ့ရပါတယ်။ ပြည်ထောင်စုနေ့ဂုဏ်ပြု အခမ်းအနားပြီးရင်လည်း ဂုဏ်ပြုယာဉ်များကို မိဘပြည်သူများ  လာရောက် ကြည့်ရှုနိုင်ရန်အတွက် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်ရှေ့ တပေါင်းကွင်းမှာ ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၅ ရက်အထိ နံနက် ၈ နာရီမှ ည ၆ နာရီအထိ ခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်။ 

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားကို    ပါဝင်ခွင့်ရခဲ့တဲ့အတွက်   အတိုင်းမသိ ဝမ်းသာဂုဏ်ယူမိပါတယ်။

https://www.myawady.net.mm/sites/default/files/12H2.jpg

မပြုံးပြုံးရီ (မကွေးတိုင်းဒေသကြီးကိုယ်စားပြုယဉ်ကျေးမှုအဖွဲ့)

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာကနေ  လာရောက် ဖျော်ဖြေတာဖြစ်ပါတယ်။  အညာဒေသရဲ့ ရိုးရာအကအလှတွေဖြစ်တဲ့   လှသောအညာ သီချင်းကို ပါဝင်ဖျော်ဖြေခဲ့ပါတယ်။

ဒီလိုကြီးကျယ်ခမ်းနားတဲ့ပွဲမျိုးကို တစ်ခါမှမကြုံဖူးပါဘူး။ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားကြီးမှာ    အခုလိုမျိုးပါဝင် ဖျော်ဖြေခွင့်ရခဲ့တဲ့အတွက်  အရမ်းကို  ဝမ်းသာဂုဏ်ယူမိပါတယ်။

အခုလိုမျိုး အခမ်းအနားကြီးကို တက်ရောက်ခွင့်ရတဲ့အတွက်    ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံတွေ၊ အကအလှတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ အထင်ကရနေရာတွေကို တွေ့မြင်ရတဲ့အတွက် ဗဟုသုတတွေလည်း အများကြီးရပါတယ်။   တိုင်းရင်းသား ညီအစ်ကိုမောင်နှမ တွေရဲ့ ယဉ်ကျေးမှုတွေကို သိခွင့်ရသလို ကိုယ့်ဒေသရဲ့ ယဉ်ကျေးမှုကိုလည်း ပြသခွင့်ရခဲ့တဲ့အတွက်  အချင်းချင်း ပိုမိုချစ်ကြည် ရင်းနှီးစေပါတယ်။ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြု အခမ်းအနားကြီးကို  အခုလိုမျိုး ခမ်းခမ်းနားနား ကျင်းပပေးခဲ့တဲ့အတွက်   ပြည်ထောင်စုဖွား တိုင်းရင်းသားများအကြား ပြည်ထောင်စုစိတ်ဓာတ်ကို ပိုမိုခိုင်မာစေမှာပဲ ဖြစ်ပါတယ်။ (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့မှသည် ရတုအဆက်ဆက်တိုင်အောင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည် တည်တံ့ခိုင်မြဲစေရေး   တိုင်းရင်းသားညီအစ်ကိုမောင်နှမများရဲ့ စည်းလုံးမှုအင်အားနဲ့ ဝိုင်းဝန်းကြိုးပမ်း    တည်ဆောက် သွားကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

https://www.myawady.net.mm/sites/default/files/12H5.jpg

မရှီးဇော်ခမ်နှိုင်း (ကချင်ပြည်နယ် ယဉ်ကျေးမှုအဖွဲ့)

ကျွန်မကတော့ ကချင်ပြည်နယ်ကိုယ်စားပြုယဉ်ကျေးမှုအဖွဲ့က မရှီးဇော်ခမ်နှိုင်းဖြစ်ပါတယ်။ ကျွန်မက  လော်ဝေါ်လူမျိုးပါ။ အခုဝတ်ဆင်ထားတာကတော့  ဂျိန်ဖော့လူမျိုးတွေရဲ့    ရိုးရာဝတ်စုံဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့   ကချင်ပြည်နယ်ကို ဖော်ကျူးသီကုံးထားတဲ့ မမေ့နိုင်တဲ့မြေ ဆိုတဲ့ သီချင်းလေးနဲ့ ကပြဖျော်ဖြေတာပါ။ ကချင်ပြည်နယ်ရဲ့ အထင်ကရနေရာတွေဖြစ်တဲ့ ကရိန်နော်၊ ဂျော်ဘွမ်၊ မြစ်ဆုံ၊ ဗလမင်းထင် တံတားကြီးအပြင်   ကချင်ပြည်နယ်အကြောင်း ပြောမယ်ဆိုရင် မပါမဖြစ်တဲ့   အင်ခိုင်ဘွမ် တောင်တန်းကြီး အကြောင်း စတာတွေကို သီကုံးရေးဖွဲ့ထားတဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ သီချင်းထဲမှာ ကချင်ပြည်နယ်ရဲ့ အထိမ်းအမှတ်၊ အထင်ကရနေရာတွေ အကြောင်းကို ဂုဏ်ယူလွမ်းမောဖွယ် သရုပ်ဖော်ထားပါတယ်။ ကချင်ပြည်နယ်ကိုယ်စားပြု   အကအဖွဲ့အနေနဲ့   စုစုပေါင်း ၇၅ ဦးလာရောက် ဖျော်ဖြေတာ ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ မြစ်ကြီးနားကနေ   နေပြည်တော်ကို ပြည်ထောင်စုနေ့ အခမ်းအနားအတွက် လာရောက် ဖျော်ဖြေဖြစ်တာ   ဒီနှစ်ကပထမဦးဆုံး အတွေ့အကြုံပါ။  အခုလို (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားမှာ  လာရောက် ဖျော်ဖြေခွင့်ရတဲ့အတွက် ကြည်နူးဂုဏ်ယူမိပါတယ်။   ။

ကျော်လွင်ဉီး၊ လဲ့ရည်လှိုင်