COVID-19 ရောဂါပိုးတွေ့လူနာ ၇၆၉ ဦးထပ်တိုး

နေပြည်တော်  စက်တင်ဘာ  ၂၅

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့နံနက် ၈ နာရီ၊ ညနေ ၅ နာရီနှင့် ည ၈ နာရီ တို့တွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်များ အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာ ၇၆၉ ဦးနှင့် သေဆုံးသူ ၂၄ ဦးထပ်တိုးကြောင်း သိရသည်။

အဆိုပါထုတ်ပြန်ချက်များတွင် (၂၄-၉-၂၀၂၀)ရက် ည ၈ နာရီမှ (၂၅-၉-၂၀၂၀) ရက် နံနက် ၈ နာရီအတွင်း COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးချက်များအရ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ ဒုတိယအသုတ်ဓာတ်ခွဲနမူနာ ၁၂၀၀ ခု၊ ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)မှ ဒုတိယ အသုတ်ဓာတ်ခွဲနမူနာ ၄၅၇ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်)မှ ဓာတ်ခွဲနမူနာ ၅၅၃ ခု၊ ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး)မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၆၅ ခု၊ ပြည်သူ့ဆေးရုံကြီး ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ ၁၂ ခု၊ ပြည်သူ့ဆေးရုံကြီး ပြည်မြို့မှ ဓာတ်ခွဲ နမူနာ ၁၁ ခု၊ ပြည်သူ့ဆေးရုံကြီး ထားဝယ်မြို့မှ ဓာတ်ခွဲနမူနာတစ်ခု စုစုပေါင်းဓာတ်ခွဲနမူနာ ၂၂၉၉ ခုတို့အား ထပ်မံစစ်ဆေးပြီးစီးခဲ့ရာ COVID-19  ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ် ၁၇၁ ဦးတွေ့ရှိသည်။

(၂၅-၉-၂၀၂၀) ရက် နံနက် ၈ နာရီအထိ ထပ်မံသေဆုံးသူငါးဦးရှိသည်။ (၂၄-၉-၂၀၂၀) ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန(ရန်ကုန်) (NHL) မှဓာတ်ခွဲနမူနာ ၂၂၂၇ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၄၉၈ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)မှ ဓာတ်ခွဲနမူနာ ၈၃၉ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်)မှ ဓာတ်ခွဲနမူနာ ၅၅၃ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး)မှ ဓာတ်ခွဲနမူနာ ၂၀၇ ခု၊ နေပြည် တော်ပြည်သူ့ဆေးရုံကြီး ခုတင်-၁၀၀၀ မှဓာတ်ခွဲနမူနာ ၂၅ ခု၊ ပြည်သူ့ဆေးရုံကြီး ဗန်းမော် မြို့မှ ဓာတ်ခွဲနမူနာတစ်ခု၊ ပြည်သူ့ဆေးရုံကြီး ထားဝယ်မြို့မှ ဓာတ်ခွဲနမူနာ သုံးခု၊ ပြည်သူ့ ဆေးရုံကြီး မြစ်ကြီးနားမြို့မှ ဓာတ်ခွဲနမူနာ သုံးခု၊ ပြည်သူ့ဆေးရုံ မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ ငါးခု၊ ပြည်သူ့ဆေးရုံ ပြင်ဦးလွင်မြို့မှ ဓာတ်ခွဲနမူနာ တစ်ခု၊ ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ ၃၉ ခု၊ ပြည်သူ့ဆေးရုံကြီးဟားခါးမြို့မှ ဓာတ်ခွဲနမူနာ ၁၆ ခု၊ ပြည်သူ့ဆေးရုံကြီး မြိတ်မြို့မှဓာတ်ခွဲနမူနာ ခြောက်ခု၊ ပြည်သူ့ဆေးရုံကြီး ဘားအံမြို့မှ ဓာတ်ခွဲနမူနာ လေးခု၊ ပြည်သူ့ဆေးရုံကြီး ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ ၃၅ ခု၊ ပြည်သူ့ဆေးရုံကြီး မြဝတီမြို့မှ ဓာတ်ခွဲနမူနာ ၁၂ ခု၊ ပြည်သူ့ဆေးရုံကြီး မကွေးမြို့မှ ဓာတ်ခွဲနမူနာ ၁၁ ခု၊ ပြည်သူ့ဆေးရုံကြီး တောင်ငူမြို့မှ ဓာတ်ခွဲနမူနာ ရှစ်ခု၊ ပြည်သူ့ဆေးရုံကြီး မြောင်းမြမြို့မှ ဓာတ်ခွဲနမူနာတစ်ခု၊ ပြည်သူ့ဆေးရုံကြီး ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ ၁၂ ခု၊ ပြည်သူ့ဆေးရုံကြီး ပြည်မြို့မှ ဓာတ်ခွဲ နမူနာ ၁၁ ခု၊ နေပြည်တော်ရှိ တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ မှဓာတ်ခွဲနမူနာ ၂၀၁ ခု၊ စစ်တွေမြို့ရှိ တပ်မတော်ဆေးရုံ ခုတင်-၁၀၀ မှ ဓာတ်ခွဲနမူနာခုနစ်ခု စုစုပေါင်းဓာတ်ခွဲနမူနာ ၄၇၂၅ ခုအားစစ်ဆေးခဲ့ခြင်းဖြစ်ပြီး COVID-19 ရောဂါဓာတ်ခွဲတည်ပြုလူနာသစ် ၆၈၈ ဦး တွေ့ရှိခဲ့သည်။ (ဓာတ်ခွဲအတည်ပြုလူနာသစ် ၅၁၇ ဦးတွေ့ရှိကြောင်းကို(၂၄-၉-၂၀၂၀)   ရက်  ည ၈ နာရီသတင်းတွင် ထုတ်ပြန်ပြီးဖြစ်သည်။)

 (၂၄-၉-၂၀၂၀) ရက်တွင် ဓာတ်ခွဲစစ်ဆေးတွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ ၆၈၇ ဦး အား မြို့နယ်အလိုက်တွေ့ရှိရမှု အခြေအနေများအား ဖော်ပြအပ်ပါသည်။

ယနေ့ COVID-19 ရောဂါဓာတ်ခွဲ စစ်ဆေးချက်များအရ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာ (ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ ၇၃၁ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၃၅၈ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)မှ ဓာတ်ခွဲနမူနာ ၄၆၅ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်)မှ ဓာတ်ခွဲနမူနာ ၂၈၂ ခု၊ ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (တောင်ကြီး)မှ ဓာတ်ခွဲနမူနာ ၁၂၈ ခု၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၂၆ ခု၊ ပြည်သူ့ဆေးရုံကြီး ပြည်မြို့မှ ဓာတ်ခွဲနမူနာ ၁၂ ခု၊ ပြည်သူ့ဆေးရုံကြီး ဘားအံမြို့မှ ဓာတ်ခွဲနမူနာငါးခု၊          ပြည်သူ့ ဆေးရုံကြီး ကျိုင်းတုံမြို့မှ ဓာတ်ခွဲနမူနာနှစ်ခု၊ ပြည်သူ့ဆေးရုံကြီး မြောင်းမြမြို့မှ ဓာတ်ခွဲနမူနာသုံးခု၊ ပြည်သူ့ဆေးရုံ မူဆယ်မြို့မှ ဓာတ်ခွဲနမူနာသုံးခု၊ ပြည်သူ့ဆေးရုံ ပြင်ဦးလွင်မြို့မှ ဓာတ်ခွဲနမူနာ တစ်ခု၊ ပြည်သူ့ဆေးရုံကြီး တာချီလိတ်မြို့မှ ဓာတ်ခွဲနမူနာ တစ်ခု၊ ပြည်သူ့ဆေးရုံကြီး တီးတိန်မြို့မှ ဓာတ်ခွဲနမူနာ ၁၉ ခု၊ ပြည်သူ့ဆေးရုံကြီး မြစ်ကြီးနား မြို့မှ ဓာတ်ခွဲနမူနာ ခြောက်ခု၊ ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ ၃၀ ခု၊ ပြည်သူ့ ဆေးရုံကြီး ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ ၁၁ ခု၊ ပြည်သူ့ဆေးရုံကြီး မကွေးမြို့မှ ဓာတ်ခွဲ နမူနာသုံးခု၊ ပြည်သူ့ဆေးရုံကြီး ကလေးမြို့မှ ဓာတ်ခွဲနမူနာတစ်ခု၊ ပြည်သူ့ဆေးရုံကြီး ထားဝယ်မြို့မှ ဓာတ်ခွဲနမူနာတစ်ခု၊ ပြည်သူ့ဆေးရုံကြီး မြဝတီမြို့မှ ဓာတ်ခွဲနမူနာရှစ်ခု၊ ပြည်သူ့ဆေးရုံကြီး မြိတ်မြို့မှ ဓာတ်ခွဲနမူနာခြောက်ခု၊ ရန်ကုန်မြို့ရှိ တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၁၁၆၂ ခု၊ နေပြည်တော်ရှိ တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၈၈ ခုနှင့် စစ်တွေမြို့ရှိ တပ်မတော်ဆေးရုံ ခုတင်-၁၀၀ မှ ဓာတ်ခွဲ နမူနာရှစ်ခု စုစုပေါင်း ၃၃၆၀ ခုအား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19  ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၅၉၈ ဦးတွေ့ရှိရသည်။

(၂၅-၉-၂၀၂၀) ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာ ၉၁၁၂ ဦး ရှိပြီဖြစ်သည်။

ဓာတ်ခွဲအတည်ပြုလူနာဟောင်း (Old Confirmed Case) များအနက် စုစုပေါင်း ၂၅၁၇ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။

ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း ၁၇၄ ဦးရှိသည်။ (၂၄-၉-၂၀၂၀) ရက် မွန်းတည့် ၁၂ နာရီမှ(၂၅-၉-၂၀၂၀)ရက် မွန်းတည့် ၁၂ နာရီအတွင်းတွေ့ရှိရသော စောင့်ကြည့်လူနာအသစ် ၄၄၅ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

(၅၀၀)