အင်္ဂလန်အသင်း သမိုင်းတစ်လျှောက် အကောင်းဆုံးနှင့် အကြီးကျယ်ဆုံး ကစားသမားအဖြစ် ဂန္ထဝင် ကစားသမားများကို ကျော်ဖြတ်ပြီး ရွန်းနီသတ်မှတ်ခြင်း ခံရ

အင်္ဂလန်အသင်း သမိုင်းတစ်လျှောက် အကောင်းဆုံးနှင့် အကြီးကျယ်ဆုံး ကစားသမားအဖြစ် ဂန္ထဝင် ကစားသမားများကို ကျော်ဖြတ်ပြီး ရွန်းနီသတ်မှတ်ခြင်း ခံရ

ကမ္ဘာ့ထိပ်တန်း အားကစား သတင်းဝက်ဘ်ဆိုက်ဖြစ်သည့် Sportbible ၏ စစ်တမ်းကောက်ဖော်ပြချက် အရ အင်္ဂလန်အသင်း သမိုင်းတစ်လျှောက် အကောင်း ဆုံးနှင့် အကြီးကျယ်ဆုံး ကစားသမားအဖြစ်   ဂန္ထဝင် ကစားသမားများကို ကျော်ဖြတ်ပြီး ရွန်းနီကို သတ်မှတ်ခဲ့ကြောင်း သိရသည်။

ရွန်းနီသည် အင်္ဂလန်အသင်းတွင် ၁၅ နှစ်ကျော်ကြာ  ကစားပြီး  ပြိုင်ပွဲစုံ ၁၂ဝ ပွဲကစားကာ ၅၃ ဂိုးအထိ သွင်းယူနိုင်၍ လက်ရှိအချိန်ထိ အင်္ဂလန်အသင်း သမိုင်းတစ်လျှောက် ထာဝရသွင်းဂိုး အများဆုံးကစား သမားအဖြစ် ရပ်တည်နေခြင်း ဖြစ်သည်။

Sportbible  က  အင်္ဂလန်အသင်း သမိုင်းတစ်လျှောက်   အကောင်းဆုံးနှင့် အကြီးကျယ်ဆုံး ကစားသမားအဖြစ် ကမ္ဘာတစ်ဝန်းရှိ ပရိသတ်ဦးရေ ၃၄ဝဝဝ ထံမှ ဆန္ဒမဲ ကောက်ယူရာတွင်  ရွန်းနီက ဆန္ဒမဲ ၅၂ ရာခိုင်နှုန်းအထိ ရရှိပြီး   အင်္ဂလန်အသင်း အနေဖြင့် ၁၉၉၆  ခုနှစ်က  ကမ္ဘာ့ဖလားချန်ပီယံဆု ဆွတ်ခူးရာတွင်  အဓိက  ကစားသမားအဖြစ် ပါဝင်ခဲ့ကြသည့် ဂန္ထဝင်ကစားသမားများ ဖြစ်ကြသော ဘော်လ်ဘီချာလ်တန်နှင့်  ဘော်ဘီမိုးတို့ကို ကျော်ဖြတ်ပြီး  အကောင်း ဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရခြင်း ဖြစ်သည်။

အင်္ဂလန်အသင်းသမိုင်း တစ်လျှောက် အကောင်းဆုံးနှင့် အကြီးကျယ်ဆုံး ကစားသမားအဖြစ် ရွန်းနီ၏နောက်တွင် ဂတ်စ်ကွိုင်နီက ၁၉ ဒသမ ၃ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။