အသေးစား LED ဖန်သားပြင်နဲ့ပထမဆုံး ပွဲထွက်လာနိုင်တဲ့ iPad Pro

Apple ကုမ္ပဏီကတော့ အသေးစား LED ဖန်သားပြင်တွေကို သူတို့ရဲ့ ထုတ်ကုန်တွေမှာ အသုံးပြုနိုင်ဖို့ လုပ်ဆောင်နေပါတယ်။ လတ်တလောထုတ်လုပ်ဖို့ ပြင်ဆင်နေတာကတော့ iPad ကနေ iMac အထိ ထုတ်ကုန်ခြောက်မျိုးလောက်ရှိပါတယ်။ အဲဒီထဲကမှ အသေးစား LED ဖန်သားပြင်နဲ့ ပထမဆုံး ပွဲထွက်လာနိုင်တဲ့ထုတ်ကုန်ကတော့ iPad Pro ပါပဲ။

လက်ရှိအချိန်မှာ အသေးစား LED ဖန်သားပြင်တွေကို လက်တွေ့စမ်းသပ်မှုရလဒ်တွေက မျှော်မှန်းထားတာထက် ကောင်းမွန်နေတဲ့အတွက် Apple ကုမ္ပဏီက ဒီဖန်သားပြင်ကို အသုံး ပြုနိုင်ရေးအရှိန်မြှင့်တင်လုပ်ဆောင်နေပါတယ်။ အထူးသဖြင့်တော့ Sanan Optoelectronics ကုမ္ပဏီရဲ့ အသေးစား LED ဖန်သားပြင်ထောက်ပံ့ပေးနိုင်မှုကြောင့်ပါပဲ။ ဒါကြောင့် ၁၂ ဒသမ ၉ လက်မရှိတဲ့ iPad Pro အသေးစား LED ဖန်သားပြင်နဲ့အတူ ယခင်မျှော်မှန်းထားတာ ထက်စောပြီး ထွက်ပေါ်လာပါတော့မယ်။

လတ်တလောမှာတော့ LED ဖန်သားပြင် ထုတ်လုပ်ရေး ကုမ္ပဏီတွေဟာ နည်းပညာပိုင်း ဆိုင်ရာ တိုးတက်ဖော်ဆောင်မှုကနေ စီးပွားဖြစ်ရောင်းချနိုင်တဲ့ အဆင့်အထိ တိုးမြှင့်လုပ် ဆောင်နေပါတယ်။ ဒါကြောင့် အသေးစား LED ဖန်သားပြင်ရဲ့ ဈေးနှုန်းဟာ ၂၀၂၁ ခုနှစ်မှာ ၅၀ ရာခိုင်နှုန်းကျဆင်းပြီး ၂၀၂၂ ခုနှစ်မှာတော့၃၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်တယ်လို့ သိရပါတယ်။              

နွေဦး