ဘာစီလိုနာအသင်းနှင့်အတူ မက်ဆီတစ်ဦးတည်းသာ တင်ထားခဲ့သည့် စံချိန်ကောင်း တစ်ခုကို  ချယ်လ်ဆီးအသင်း တိုက်စစ်မှူး ကိုင်ဟာဗက် လိုက်မီနိုင်

ဘာစီလိုနာအသင်းနှင့်အတူ မက်ဆီတစ်ဦးတည်းသာ တင်ထားခဲ့သည့် စံချိန်ကောင်း တစ်ခုကို  ချယ်လ်ဆီးအသင်း တိုက်စစ်မှူး ကိုင်ဟာဗက် လိုက်မီနိုင်

ချယ်လ်ဆီးအသင်း တိုက်စစ်မှူး ကိုင်ဟာဗက်သည် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ   ဗိုလ်လုပွဲတွင်  အသင်းအတွက်   အဖိုးတန်အနိုင်ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက်  ဘာစီလိုနာ အသင်းနှင့်အတူ  မက်ဆီ တစ်ဦးတည်းသာ တင်ထားခဲ့သည့် စံချိန်ကောင်းတစ်ခုကို လိုက်မီနိုင်ခဲ့ကြောင်း သိရသည်။

ကိုင်ဟာဗက်သည်  ပြီးခဲ့သည့် ချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ်ကစားသည့်  ချယ်လ်ဆီးအသင်းနှင့် မန်စီးတီးအသင်းတို့ပွဲစဉ်တွင် အသင်းအတွက် အဖိုးတန် အနိုင်ဂိုး သွင်းယူပေးနိုင်သကဲ့သို့ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲဗိုလ်လုပွဲအဖြစ် ချယ်လ်ဆီးအသင်းနှင့် ပါမီးရက်စ်အသင်းတို့ ကစားသည့် ပွဲစဉ်တွင်လည်း အချိန်ပို မိနစ်  ၃ဝ အထိကစားခဲ့ရာ ပွဲပြီးဆုံးခါနီး   ၁၁၇  မိနစ်တွင်   အသင်းအတွက် ပယ်နယ်တီမှတစ်ဆင့် အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်  မက်ဆီ၏ စံချိန်ကို လိုက်မီနိုင်ခဲ့ခြင်း ဖြစ်သည်။

ကိုင်ဟာဗက်မတိုင်မီ  မက်ဆီသည်  ဘာစီလိုနာ အသင်း၌  ကစားခဲ့စဉ် ၂ဝ၁၁ ခုနှစ်က ချန်ပီယံလိဂ် ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲ ဗိုလ်လုပွဲ တို့၌ အသင်းအတွက်  အဖိုးတန်နောက်ကျ အနိုင်ဂိုးများ သွင်းယူနိုင်ခဲ့ကာ  ချန်ပီယံဆုဖလားများ ဆွတ်ခူးပေးနိုင်ခဲ့သည့် တစ်ဦးတည်းသော ကစားသမားအဖြစ် စံချိန်တင်ထားခဲ့ခြင်းကို  ယခုအခါ   ကိုင်ဟာဗက်က လိုက်မီနိုင်ခဲ့ခြင်းဖြစ်သည်။

ကိုင်ဟာဗက်သည် ယခုဘောလုံးရာသီတွင် ပရီးမီးယားလိဂ် ပြိုင်ပွဲ၌ ၁၆ ပွဲအထိ ပါဝင်ကစားခွင့် ရရှိကာ နှစ်ဂိုးသာ သွင်းယူနိုင်ခဲ့သော်လည်း ဗိုလ်လုပွဲများ၌ အသင်းအတွက် အကျိုးပြုနိုင်ဆုံး ကစားသမားအဖြစ်   သတ်မှတ် ခံခဲ့ရကြောင်း သိရသည်။