ကင်မရာငါးလုံးတောင် ပါဝင်လာမယ့် Galaxy A72

လွန်ခဲ့တဲ့နှစ်နှစ် ၂၀၁၈ ခုနှစ်တုန်းက ဆမ်ဆောင်းကုမ္ပဏီဟာ ကမ္ဘာ့ပထမဆုံးဖြစ်တဲ့ ကင်မရာ လေးလုံးပါစမတ်ဖုန်းကို ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီဖုန်းကတော့ Galaxy A9 ပါ။

အခုတော့ ကင်မရာငါးလုံးတောင် ပါဝင်လာမယ့် စမတ်ဖုန်းကို ထုတ်လုပ်ဖို့ပြင်ဆင်နေပါပြီ။ ဒါပေမဲ့ ဒီတစ်ခါတော့ ကမ္ဘာ့ပထမဆုံး မဟုတ်တော့ပါဘူး။

ဘာကြောင့်လဲဆိုရင် Nokia 9 PureView က ကမ္ဘာ့ပထမဆုံးဖြစ်တဲ့ ကင်မရာငါးလုံးပါ စမတ် ဖုန်းဆိုတဲ့ဘွဲ့ကို ပိုင်ဆိုင်သွားလို့ပါပဲ။ သို့သော်လည်း ကင်မရာငါးလုံးပါဝင်လာမယ့် Galaxy A72 က ဆမ်ဆောင်းကုမ္ပဏီအတွက်တော့ ပထမဆုံးကင်မရာ ငါးလုံးပါစမတ်ဖုန်း ဖြစ်လာ မှာပါ။

လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရဆိုရင် အဲဒီကင်မရာငါးလုံးမှာ 64 MP ပါအဓိက ကင်မရာ တစ်လုံး၊ 12 MP ပါ မြင်ကွင်းကျယ်ကင်မရာတစ်လုံး၊ 8 MP ပါ သုံးဆ ဆွဲကင်မရာ တစ်လုံး၊ 5 MP ပါ အနုစိတ်ရိုက် ကင်မရာတစ်လုံးနဲ့ 5 MP ပါနက်ရှိုင်းမှုကို သိရှိနိုင်တဲ့ ကင်မရာ တစ်လုံးတို့ ပါဝင်တယ်လို့သိရပါတယ်။ ဆယ်ဖီကင်မရာအတွက်ကတော့ တစ်လုံး တည်းပါဝင်မှာ ဖြစ်ပေမယ့်လည်း 32 MP တောင်ရှိမယ်လို့ဆိုပါတယ်။

နွေဦး