ECG လုပ်ဆောင်ချက်အသက်ဝင်လာတဲ့ Galaxy Watch 3 နဲ့ Watch Active 2

ဆမ်ဆောင်းက Galaxy Watch 3 ကို ပြီးခဲ့တဲ့လမှာ ထုတ်ပြန်ကြေညာခဲ့ပြီး Galaxy Watch Active 2 ကိုတော့ ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ ထုတ်ဖော်ပြသခဲ့တာပါ။

အဲဒီ နှစ်မျိုးစလုံးမှာတော့ နာရီပတ်ထားသူရဲ့နှလုံးခုန်နှုန်း အခြေအနေကို သိရှိနိုင်စေဖို့ ECG ဆွဲပေးမယ့် ကိရိယာတွေပါဝင်ပါတယ်။

ဒါပေမဲ့လည်း ကျန်းမာရေးတာဝန်ရှိသူတွေရဲ့ တရားဝင်ထောက်ခံအတည်ပြုချက် လိုအပ်တာ ကြောင့် အဲဒီလုပ်ဆောင်ချက်တွေဟာ အသက်မဝင်ခဲ့ပါဘူး။

အခုတော့ ထောက်ခံချက်ရသွားပြီဖြစ်တဲ့အတွက် Galaxy Watch Active 2 ဟာ ပြီးခဲ့တဲ့လ က တောင်ကိုရီးယားနိုင်ငံမှာ ECG လုပ်ဆောင်ချက်အသက်ဝင်သွားပါပြီ။ အမေရိကန်နိုင်ငံမှာ ဆိုရင်လည်း မကြာတော့မယ့်အချိန်အတွင်းမှာ နာရီနှစ်မျိုးစလုံးရဲ့ ECG လုပ်ဆောင်ချက် တွေက အသက်ဝင်တော့မှာပါ။

ဒီလုပ်ဆောင်ချက်ကိုအသုံးပြုမယ့်သူဟာ နာရီနဲ့ချိတ်ဆက်မယ့် စမတ်ဖုန်းမှာ Samsung Health Monitor အပလီကေးရှင်းကို ဦးစွာထည့်သွင်းရပါမယ်။ အဲဒီစမတ်ဖုန်းကလည်း သာမန်စမတ်ဖုန်းတော့ မဟုတ်ရပါဘူး။ အန်းဒရွိုက်ဗားရှင်း ၇ နဲ့အထက်ရှိတဲ့ Galaxy စမတ် ဖုန်းဖြစ်ရပါမယ်။

နှလုံးခုန်စည်းချက်တွေကို သိရှိလိုတယ်ဆိုရင်တော့ ဦးစွာ Samsung Health Monitor အပလီကေးရှင်းကိုဖွင့်ပါ။ နာရီပတ်ထားတဲ့ လက်ကို ပြင်ညီတစ်ခုပေါ်မှာချထားပါ။

ပြီးရင် နာရီဘေးအပေါ်ဘက်မှာရှိတဲ့ ခလုတ်ကိုနှိပ်ထားပါ။ ဒီလိုနည်းနဲ့ ECG ဆွဲခြင်းအားဖြင့် နာရီပတ်ထားသူဟာ ပုံမှန်နှလုံးခုန်နှုန်းရှိလား၊ မရှိဘူးလားဆိုတာကို အလွယ်တကူသိရှိနိုင် မှာဖြစ်တဲ့အပြင်ထွက်လာတဲ့ ECG ရလဒ်ကိုလည်း သက်ဆိုင်ရာ ဆရာဝန်ဆီပို့ပြီး စစ်ဆေး ကြည့်ခိုင်းလို့ရပါသေးတယ်။

နွေဦး