ကော့သောင်းမြို့နယ်အတွင်း COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် အထောက်အကူပြုဆေးပစ္စည်းများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၂၆
    
တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းမြို့နယ်အတွင်း COVID-19  ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်မှ ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့တွင် ကော့သောင်းမြို့၊ နယ်မြေခံတပ်နယ်ဧည့်ရိပ်သာ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် စောသန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
    
ဦးစွာ တိုင်းမှူးက ရောဂါကာကွယ်ရေးအထောက်အကူပြုဆေးပစ္စည်းများ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းမှူးက  ရောဂါကာကွယ်ရေး အထောက်အကူပြု ဆေးပစ္စည်းများဖြစ်သည့် Surgical Mask  ၁၀၀၀၀ ခု၊ Personal Protective Equipment (PPE)   ဝတ်စုံ ၅၆ စုံ၊ Hand Gel  ၄၀ ဘူးနှင့် Hand Sanitizer  ၄၀ ခုတို့ကို ပေးအပ်လှူဒါန်းရာ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများက အသီးသီးလက်ခံရယူပြီး ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကြကြောင်း သတင်း ရရှိသည်။