ချယ်လ်ဆီးအသင်း ကွင်းလယ်ကစားသမား မေဆင်မောင့် လီဗာပူးအသင်းနှင့် ကစားမည့် ကာရာဘောင်း ဖလားပြိုင်ပွဲ ဗိုလ်လုပွဲအထိ လွဲချော်ဖွယ်ရှိနေ

ချယ်လ်ဆီးအသင်း ကွင်းလယ်ကစားသမား မေဆင်မောင့် လီဗာပူးအသင်းနှင့် ကစားမည့် ကာရာဘောင်း ဖလားပြိုင်ပွဲ ဗိုလ်လုပွဲအထိ လွဲချော်ဖွယ်ရှိနေ

ချယ်လ်ဆီးအသင်းသည် ကွင်းလယ်ကစားသမား မေဆင်မောင့်ကို    လီဗာပူးအသင်းနှင့် ကစားမည့် ကာရာဘောင်းဖလားပြိုင်ပွဲ ဗိုလ်လုပွဲအထိ လွဲချော်ဖွယ်ရှိနေကြောင်း သိရသည်။

မေဆင်မောင့်သည် အစောပိုင်းကတည်းက ဒဏ်ရာကြောင့်   အနားယူနေခဲ့ရာမှ  ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ  ဗိုလ်လုပွဲအဖြစ်  ဖေဖော်ဝါရီ  ၁၂  ရက်က ပါမီးရက်စ်အသင်းနှင့် ကစားသည့်ပွဲ၌ ပြန်လည်ပါဝင် လာခဲ့သော်လည်း ပွဲကစားချိန် ၃၁ မိနစ်တွင် ခြေချင်းဝတ်ဒဏ်ရာ ထပ်မံရရှိခဲ့ပြီးနောက်   လူစားလဲထွက်ခွာ ခဲ့ရခြင်းဖြစ်သည်။

မေဆင်မောင့်အနေဖြင့်  ခြေချင်းဝတ်ဒဏ်ရာ အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ရက်သတ္တနှစ်ပတ်ခန့် အနားယူရမည့် အခြေအနေကြောင့်   ဖေဖော်ဝါရီ ၁၉ ရက်တွင်ကစားမည့် ပဲလေ့စ်အသင်းနှင့်ပွဲစဉ်၊ ဖေဖော်ဝါရီ ၂၃ ရက်တွင် ချန်ပီယံလိဂ်ပြိုင်ပွဲ (၁၆) သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ် အဖြစ်ကစားမည့်    လိုင်လီအသင်းနှင့် ပွဲစဉ်တို့ကို သေချာပေါက်လွဲချော်မည်ဖြစ်သည်။ ထို့ပြင် ဖေဖော်ဝါရီ ၂၇ ရက်တွင်ကစားမည့် လီဗာပူးအသင်းနှင့် ကာရာဘောင်းဖလားပြိုင်ပွဲ   ဗိုလ်လုပွဲကိုလည်းလွဲချော်ရမည်ဖြစ်ပြီး မတ် ၃ ရက်တွင် အက်ဖ်အေဖလား ပွဲစဉ်အဖြစ် လူတန်အသင်းနှင့် ကစားမည့်ပွဲစဉ်မှသာ ပြန်လည်ပါဝင် ကစားနိုင်ဖွယ်ရှိကြောင်း သိရသည်။