ဘိုင်ယန်မြူးနစ် အသင်းက အနာဂတ်မရေမရာ ဖြစ်နေသည့် လီဝန်ဒေါစကီး၏ နေရာ၌ အေဂျက် အသင်းတိုက်စစ်မှူး ဟယ်လာနှင့် အစားထိုးရန်ပြင်ဆင်

ဘိုင်ယန်မြူးနစ်အသင်းသည် လာမည့်နွေရာသီကစားသမားအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာဖွယ် ရှိနေပြီး အနာဂတ်မရေမရာ ဖြစ်နေသည့် လီဝန်ဒေါစကီး၏နေရာ၌    အစားထိုးရန်အတွက် အေဂျက်အသင်း တိုက်စစ်မှူး ဟယ်လာကိုခေါ်ယူရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

အသက် ၃၃ နှစ်အရွယ် လီဝန်ဒေါစကီးသည် ၂၀၁၄ ခုနှစ်က  ဒေါ့မွန်အသင်းမှ  ဘိုင်ယန်မြူးနစ် အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ကာ အသင်းနှင့်အတူ  ကာလရှည် အောင်မြင်မှုများစွာ ရယူနိုင်ခဲ့ပြီး  လက်ရှိတွင် ဥရောပထိပ်တန်း တိုက်စစ်ကစားသမား တစ်ဦးအဖြစ် ရပ်တည်လျက်ရှိသော်လည်း လာမည့်နွေရာသီ အပြောင်းအရွှေ့ ကာလတွင်   အသင်းမှ ထွက်ခွာဖွယ်ရှိနေသည်။

လီဝန်ဒေါစကီးသည် ဘိုင်ယန်မြူးနစ်အသင်းနှင့် စာချုပ်သက်တမ်းတစ်နှစ်သာကျန်ရှိတော့ပြီး အစော ပိုင်းကတည်းက   စိန်ခေါ်မှုအသစ်များ ရင်ဆိုင်လိုသည့်အတွက် ပရီးမီးယားလိဂ် သို့မဟုတ် စပိန်လာလီဂါမှ ကလပ်အသင်းတစ်သင်းသို့ ပြောင်းရွှေ့ကစားလိုသည်ဟု ပြောကြားထားသူဖြစ်သည်။

အသက် ၂၇ နှစ်အရွယ် ဟယ်လာသည် ဝက်စ်ဟမ်း အသင်းတွင်     ခြေစွမ်းပြနိုင်ရန် ရုန်းကန်ခဲ့ရသော်လည်း ၂၀၂၁ ခုနှစ် ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလက  အေဂျက်အသင်းသို့  ပြောင်းရွှေ့ကစားခဲ့ပြီးနောက်   အသင်းနှင့်အတူ  ပထမဆုံးဘောလုံးရာသီတွင်ပင် ခြေစွမ်းပြနိုင်ခဲ့သကဲ့သို့ ယခုဘောလုံးရာသီတွင်လည်း  အကောင်းဆုံး ခြေစွမ်းပြလျက်ရှိသည်။

ဟယ်လာသည်    ယခုဘောလုံးရာသီတွင်လည်း နယ်သာလန်အမှတ်ပေးပြိုင်ပွဲ၌ ၁၉ ပွဲကစားရာ ၁၆ ဂိုးအထိ သွင်းယူနိုင်ခဲ့ သကဲ့သို့ ချန်ပီယံလိဂ်ပြိုင်ပွဲ၌လည်း  အုပ်စုပွဲစဉ်များ ကစားပြီးချိန်အထိ  ၁၀ ဂိုး သွင်းယူနိုင်ခဲ့ကာ လက်ရှိအချိန်ထိ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသူတစ်ဦး ဖြစ်ကြောင်း သိရသည်။                               

Ref;Bild