ကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် မန်စီးတီးအသင်း ဆွေးနွေးမှုများ ပြုလုပ်နေ

မန်စီးတီးအသင်းသည် အဓိကကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန်  ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း  သိရသည်။

အသက် ၂၇ နှစ်အရွယ် ဘာနာဒိုဆေးလ်ဗားသည် ၂၀၁၇ ခုနှစ်က မိုနာကိုအသင်းမှ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး နောက်ပိုင်း ဘောလုံးရာသီများတွင် မန်စီးတီးအသင်းနှင့်အတူ ခြေစွမ်းပြလျက်ရှိသည်။

ဘာနာဒိုဆေးလ်ဗားသည် ပြီးခဲ့သည့်ဘောလုံးရာသီ က မန်စီးတီးအသင်းတွင် ပွဲထွက်ကစားခွင့် အနည်းငယ်သာ ရရှိပြီး အက်စ်တွန်ဗီလာအသင်းမှ ဂရီးလစ်ရှ်မန်စီးတီး အသင်းသို့  ပြောင်းရွှေ့လာ၍ ပြီးခဲ့သည့် နွေရာသီ  ကစားသမား အပြောင်းအရွှေ့ကာလက ဘာနာဒိုဆေးလ်ဗား အသင်းမှထွက်ခွာရန်ပြင်ဆင်ခဲ့သော်လည်း   နောက်ပိုင်းတွင်  နည်းပြဂွါဒီယိုလာ၏ဖျောင်းဖျမှုများနှင့်အတူ    အသင်းတွင်ဆက်လက်ကစားခဲ့သည်။

ဘာနာဒိုဆေးလ်ဗားသည် လက်ရှိ မန်စီးတီးအသင်း တွင် တစ်ပတ်လုပ်ခလစာ စတာလင်ပေါင် ၁၅၀၀၀၀ ဖြင့် အသင်းဖော် ဒီဘရိုင်း၊ ဂရီးလစ်ရှ်၊ စတာလင်းနှင့် ဂျွန်စတုန်းတို့နောက်၌ လုပ်ခလစာအများဆုံးရရှိသည့် ကစားသမားအဖြစ် ရပ်တည်နေကာ ၎င်းအား မန်စီးတီးအသင်းက လုပ်ခလစာတိုးမြှင့်ပေးပြီး သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ဆွေးနွေးနေကြောင်း သိရသည်။

Ref;ESPN