ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ   ၈၈၀ ဦးထပ်တိုး

နေပြည်တော်   စက်တင်ဘာ   ၂၆

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ညနေ ၃ နာရီနှင့် ည ၈ နာရီတို့တွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်များအရ  ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာ ၈၈၀ ဦးနှင့်  သေဆုံးသူ ၂၄ ဦး ထပ်တိုးကြောင်း သိရသည်။

(၂၅-၉-၂၀၂၀) ရက်တွင် ဓာတ်ခွဲစစ်ဆေး တွေ့ရှိခဲ့သော ဓာတ်ခွဲအတည် ပြုလူနာ ၅၉၇ ဦး၏  မြို့နယ်အလိုက် တွေ့ရှိရမှု အခြေအနေများကို ဖော်ပြအပ်သည်။

(၂၅-၉-၂၀၂၀)ရက် ည ၈ နာရီမှ (၂၆-၉-၂၀၂၀)ရက် ည ၈ နာရီ အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၅၈၁၆ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် ၈၈၀ ဦး တွေ့ရှိရသည်။

(၂၆-၉-၂၀၂၀)ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၉၉၉၁ ဦးရှိပြီ ဖြစ်သည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များအနက် စုစုပေါင်း ၂၆၈၁ ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်။

ယနေ့အထိ  ဓာတ်ခွဲအတည်ပြု လူနာများအနက် သေဆုံးသူပေါင်း ၁၉၈ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။