အရေးကြီး ကုန်စည်များမှအပ ကျန်ကုန်ပစ္စည်းများ ကုန်စည်စီးဆင်းမှုရပ်တန့် နေသည့်အတွက် မြဝတီနယ်စပ်၌ ကုန်စည်စီးဆင်းမှု ၇၀ ရာခိုင်နှုန်းအထိ ကျဆင်း

ဆေးဝါးနှင့် စားသောက်ကုန်အပါအဝင် အရေးကြီးကုန်စည်များသာ တင်ပို့နေရ သည့်အတွက် ကျန်ကုန်ပစ္စည်းများ ကုန်စည် စီးဆင်းမှု ရပ်တန့်လျက်ရှိရာ  လတ်တလော တွင် မြဝတီနယ်စပ်၌  ကုန်စည်စီးဆင်းမှု ၇၀ ရာခိုင်နှုန်းအထိ  ကျဆင်း နေကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင် ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး   ဦးဇော်ထွန်းလင်း၏ ပြောပြချက်အရ သိရသည်။

လတ်တလော ရန်ကုန်တိုင်းဒေသကြီး ၌  COVID-19 ရောဂါပိုးတွေ့လူနာ များလာသည့်အတွက်  Stay at Home နေထိုင်ရန် ညွှန်ကြားချက် ထုတ်ပြန်ထား သည့်အပြင်  ထိုင်းနိုင်ငံသို့   ကုန်စည်တင်ပို့မှုနှင့် ဝင်ရောက်မှုမှာလည်း နည်းပါး နေသောကြောင့် လက်ရှိတွင်  ကုန်စည် တင်ပို့မှုမှာ  ၃၀  ရာခိုင်နှုန်းသာရှိကြောင်း သိရသည်။

“စားသောက်ကုန်နဲ့ဆေးဝါးသာ အဓိက တင်ဆောင်ခွင့်ပြုတယ်ဆိုတော့ ကုန်စည် စီးဆင်းတာနည်းသွားတယ်။   ကျန်တာ အားလုံးကတော့ ရပ်သွားတယ်။  လက်ရှိ မြဝတီနယ်စပ်မှာ ၇၀ ရာခိုင်နှုန်းလောက် နည်းသွားတယ်။ ထိုင်းနိုင်ငံကို လောလော ဆယ်တင်ပို့တာလည်းမရှိဘူး” ဟု ဦးဇော် ထွန်းလင်းကပြောသည်။

ထိုသို့ ကုန်စည်စီးဆင်းမှု လျော့နည်း သွားသော်လည်း စက်သုံးဆီဈေးနှုန်းများ ကျဆင်းနေသည့်အတွက်  တန်ဆာခနှုန်း ထားမှာ   ပုံမှန်အတိုင်းပင်ရှိကြောင်း  သိရ သည်။

“တန်ဆာခနှုန်းထားတွေကတော့ မတက် ပါဘူး။ ကုန်စည်စီးဆင်းမှုကတော့ လော လောဆယ် ရန်ကုန်ပိတ်ထားတာက အဓိကပေါ့။ ရန်ကုန်ကနေ ၁၄ ရက်ပိတ်တာက အဓိကဆိုတော့   ရန်ကုန်ကိုကြည့်ပြီးပဲ ကျန်ကုန်သည်တွေက  လှုပ်ရှားရတယ်။ ဒီကာလပြီးရင်   ကုန်စည်စီးဆင်းမှုပြန် ကောင်းလာမှာပါ”ဟု ဦးဇော်ထွန်းလင်း ကပြောသည်။

မြဝတီကုန်စည်စီးဆင်းမှုမှာ မိုးရာသီ ကာလများတွင် ရန်ကုန်မှ အသွားအပြန် ခြောက်ဘီးမှ ၂၂ ဘီးကားအစီးရေ ပျမ်းမျှ တစ်ရက်လျှင်  ၁၀၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။                        

 နေနေ