တရားမဝင် သစ်မျိုးစုံနှင့် လူသုံးကုန် ပစ္စည်းများ ဖမ်းဆီးရမိ

 

တရားမဝင် သစ်မျိုးစုံနှင့် လူသုံးကုန် ပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ  ၂ဝ

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၉ ရက်တွင်  မရမ်းချောင်အမြဲတမ်း စစ်ဆေးရေး စခန်းပူးပေါင်း အဖွဲ့မှစစ်ဆေးမှုများပြုလုပ်ခဲ့ရာ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားသည်ထက်   ပိုမိုတင်ဆောင်လာသော တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် လူသုံးကုန်ပစ္စည်း ၂၃ဝ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂ဝ၄၄၇ဝဝ) ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေဖြင့်  အရေးယူဆောင်ရွက်လျက်ရှိသည်။

ဖေဖော်ဝါရီ ၂ဝ ရက်တွင် စစ်ကိုင်းတိုင်း ဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေး အဖွဲ့မှ ရှောင်တခင်စစ်ဆေးခဲ့ရာ တမူးမြို့နယ်အတွင်း ကညင်သစ် ၅ ဒသမ ၂၃ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၁၅ဝဝ) နှင့် ဒီပဲယင်းမြို့နယ်အတွင်း HONDA SUPER CUB အမျိုးအစား လိုင်စင်မဲ့ ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁ဝဝဝဝဝ နှင့် စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၆၁၅ဝဝ) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ၊ ပို့ကုန်သွင်းကုန် ဥပဒေတို့ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပဲခူးတိုင်းဒေသကြီး သစ်တောဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့များက သတင်းအရ သွားရောက်စစ်ဆေးရာ ပဲခူးခရိုင် သစ်တောကြိုးဝိုင်းများအတွင်း တရားမဝင် သစ်မျိုးစုံ ၇ ဒသမ ၄ဝ၆ တန် စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၃၇၁၃၂၄) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၁၉ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၄)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၇၇၅၂၄)ဖြစ်ကြောင်း  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။