တိုက်စစ်မှူးဂျီးဆက် ဒဏ်ရာကြောင့် သုံးပတ်နားရမည်ဖြစ်၍ မန်စီးတီးတွင် ကြံ့ခိုင်မှုပြည့်သည့် ကစားသမား ၁၃ ဦးသာ ကျန်ရှိမည်

မန်စီးတီးအသင်းအတွက် သတင်းဆိုးတစ်ခုအဖြစ် တိုက်စစ်မှူးဂျီးဆက် ဒဏ်ရာသတင်းထွက်ပေါ်လာသည်။ ဘရာဇီးဘောလုံး အဖွဲ့ချုပ်က ဂျီးဆက်သည် ပြီးခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်က ဝုဗ်ကို ၃ ဂိုး-၁ ဂိုးဖြင့် မန်စီးတီးနိုင်သောပွဲတွင် ခြေသလုံးဒဏ်ရာရပြီး အနည်းဆုံး သုံးပတ်နားရမည်ဖြစ်၍ ဘိုလီဗီးယား၊ ပီရူးတို့နှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲနှစ်ပွဲလွဲပြီဟု ကြေညာခဲ့သည်။

မန်စီးတီးအသင်းသည် ရာသီအစ ဒဏ်ရာပြဿနာများစွာရှိခဲ့ပြီး CO-VID-19 ရောဂါကူးစက်ခံရသည့် ကစားသမား များလည်းရှိခဲ့၍  စက်တင်ဘာ ၂၈ ရက် လက်စတာနှင့်ပွဲတွင် ကစားရန်ကြံ့ခိုင်မှု ပြည့်သော ကစားသမား ၁၃ ဦးသာ ကျန်တော့သည်။   တိုက်စစ်မှူး အဂူရိုလည်း   ဒူးဒဏ်ရာကြောင့်  ရက်သတ္တပတ် အတော်ကြာ  ပြန်ကစားနိုင်ဦးမည် မဟုတ်ဘဲ ယခုဂျီးဆက်ပါ ဒဏ်ရာထပ်ရသွားသဖြင့် အသင်းတွင် အသုံးပြုနိုင်သော တိုက်စစ်မှူးဆို၍ လီယမ်ဒီးလပ် တစ်ဦးသာ ကျန်တော့သည်။

နည်းပြ ဂွါဒီယိုလာက  “လက်ရှိအခြေအနေမှာတော့ ကျွန်တော်တို့သုံးနိုင် မယ့်ကစားသမား  ၁၃  ဦးသာကျန်တော့တယ်။  စည်းလုံးမှုအပြည့်ရှိလို့ ရှိတဲ့ကစားသမားတွေနဲ့ ပွဲတွေအနိုင်ရမယ်လို့ ယုံကြည်တယ်”ဟု ပြောသည်။ မန်စီးတီးသည် ဝုဗ်နှင့်အဝေးကွင်းပွဲကတည်းက စီနီယာကစားသမား ခုနစ်ဦး မပါဝင်နိုင်ခဲ့ကြောင်း သိရသည်။    

Ref:Dailymail