စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ သခွတ္တော(မ)ကျေးရွာနေ ၁၃ နှစ်အရွယ် ကျောင်းသူ ၁ ဦးအား PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့ ရက်စက်စွာ သတ်ဖြတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ သခွတ္တော(မ)ကျေးရွာနေ ၁၃ နှစ်အရွယ် ကျောင်းသူ ၁ ဦးအား PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့ ရက်စက်စွာ သတ်ဖြတ်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ သခွတ္တော(မ)ကျေးရွာနေ ၁၃ နှစ် အရွယ် ကျောင်းသူတစ်ဦးအား ဖေဖော်ဝါရီ ၂၀ ရက်တွင် PDF အမည်ခံအကြမ်းဖက် သမားများက အကြောင်းမဲ့ဓားဖြင့် ရက်စက်စွာသတ်ဖြတ်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွား ခဲ့သည်။

ဖြစ်စဉ်မှာ ဝက်လက်မြို့နယ်၊ သခွတ္တော(မ)ကျေးရွာနေ ကျေးလက်ကျန်းမာရေး ဆေးခန်းမှ သားဖွားဆရာမဖြစ်သူ ဒေါ်ခိုင်စိုးဦး သည် ဆေးခန်းပြရန်အတွက် ဖေဖော် ဝါရီ ၂၀ ရက် နံနက် ၉ နာရီခန့်တွင် မန္တလေးမြို့သို့ သွားရောက်စဉ် ခင်ပွန်းဖြစ်သူ ဦးနေလင်းနှင့် သမီးဖြစ်သူ မအိမ့်ကြည်ဖြူခိုင် တို့ ၂ ဦးသည် နေအိမ်၌ ကျန်ရှိခဲ့ ကြောင်း၊ ညနေ ၃ နာရီခန့်တွင် ဖခင်ဖြစ်သူ ဦးနေလင်း သည် ကျေးရွာအတွင်းရှိ ဈေးဆိုင်သို့ ဈေးသွားရောက်ဝယ်ယူနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက ကျန်းမာရေးဝန်ထမ်းဖြစ်သည့် ဒေါ်ခင်စိုးဦး အား CDM ပြုလုပ်ခြင်း မရှိသည့်အတွက် ဒလန်ဟုစွပ်စွဲကာ လာရောက်သတ်ဖြတ်စဉ် ၎င်းအားတွေ့ရှိခြင်း မရှိသဖြင့် နေအိမ်၌ ကျန်ရှိနေသည့် သမီးဖြစ်သူ ၁၃ နှစ်အရွယ် ကျောင်းသူအား ယခုကဲ့သို့ ရက်စက်စွာ ဓားဖြင့်လည်ပင်းအား လှီးဖြတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

အထက်ပါဖြစ်စဉ်တွင် အပြစ်မဲ့ကျောင်းသူ ၁ ဦးအား ယခုကဲ့သို့ အကြောင်းမဲ့ ရက်စက်စွာသတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်၍ ပြည်သူများအနေဖြင့်အကြမ်းဖက်သမား များအား ရွံရှာစက်ဆုပ်လျက်ရှိကြောင်း၊ အကြမ်းဖက်မှုကို ကျူးလွန်ခဲ့သူများအား အမြန်ဆုံးဖမ်းဆီးဖော်ထုတ်ရမိရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ပိတ်ဆို့ရှာဖွေမှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။