တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် အလှူငွေများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၂၇

   

နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်ရှိ ပရိယတ္တိစာသင်တိုက်များ၊ သာသနာ့နွယ်ဝင် သီလရှင် စာသင်တိုက်များနှင့် လယ်ဝေးမြို့ဘိုးဘွားရိပ်သာသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင်အလှူငွေများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များက ပေါက်မြိုင်ပရိယတ္တိ စာသင်တိုက်သို့ သွားရောက်၍ ကျောင်းတိုက်၏ ပဓာနနာယက ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဇနိန္ဒ အမှူးပြုသော သံဃာတော်များထံ  ဆက်ကပ် လှူဒါန်းကြသည်။

   

လယ်ဝေးမြို့နယ်ရှိ ပရိယတ္တိစာသင်တိုက်များ၊ သာသနာ့နွယ်ဝင် သီလရှင်စာသင် တိုက်များနှင့် လယ်ဝေးမြို့ ဘိုးဘွားရိပ်သာသို့ တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများ၏ ယနေ့လှူဒါန်းမှုအစုစုမှာ အလှူငွေကျပ် ၆၅၀၇၀၀၀၊ ဆန် ၅၀၃ အိတ် ပြည်၊ ဆီ ၁၄၅ ပိဿာ ၆၀ ကျပ်သား၊ ပဲ ၁၄၅၆ ပိဿာ၊ ဆား ၁၄၅၆ ပိဿာ၊ ငရုတ်သီးမှုန့် ၇၀၀၀ ထုပ်နှင့် ဆေးမျိုးစုံ ၆၈၄၄ ဘူးတို့ ဖြစ်ကြောင်း သိရှိရသည်။

   

အဆိုပါ လှူဖွယ်ပစ္စည်းများအား နယ်မြေခံတပ်မတော်သားများက သက်ဆိုင်ရာ ပရိယတ္တိစာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်သီလရှင်စာသင်တိုက် များနှင့် လယ်ဝေးမြို့ရှိ ဘိုးဘွားရိပ်သာများသို့ လိုက်လံပို့ဆောင် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။