ဒုတိယအကြိမ် COVID-19 ချေးငွေ ပထမအသုတ်ထုတ်ပေးခြင်းနှင့် စပ်လျဉ်း၍ အသိပေးအကြောင်းကြားခြင်း

(၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်)

၁။      COVID-19 ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီမှ ဒုတိယအကြိမ် COVID-19  Fund မှ ထုတ်ပေးမည့် ချေးငွေလျှောက်ထားသည့် လုပ်ငန်းများအနက် ပထမအသုတ်အဖြစ် လုပ်ငန်း(၁၀၄၁) ခုအား ချေးငွေထုတ်ယူခွင့်ကို ၂၂-၉-၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

၂။       ကုန်သည်စက်မှုအသင်းချုပ် အနေဖြင့် ချေးငွေထုတ်ယူခွင့် ရရှိသူများအား ကော်မတီ၏ ခွင့်ပြုမိန့်စာရွက် ရရှိလာသည့်အခါ ထုတ်ပေးနိုင်ရေးနှင့် ဘဏ်လုပ်ငန်းလုပ်ထုံးလုပ်နည်း များနှင့်အညီ ချေးငွေထုတ်ပေးနိုင်ရေး တို့အတွက် ချိတ်ဆက်ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်အဆင့်ဆင့် ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ပါသည်။

၃။      ယင်းလုပ်ငန်းစဉ်များ   စီစဉ်ဆောင်ရွက်မည့်နေ့ရက်ကို UMFCCI Facebook Page နှင့် UMFCCI Website တွင် အသိပေး ကြေညာသွားမည် ဖြစ်ပြီး သက်ဆိုင်ရာကုမ္ပဏီများသို့လည်း တိုက်ရိုက်ဆက်သွယ်အကြောင်း ကြားပေးသွားမည်ဖြစ်ပါသည်။

၄။                COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကြောင့် (Stay at Home) ကာလ လုပ်ငန်းဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှု တစ်စုံတစ်ရာရှိခဲ့ပါက နားလည်ပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကုန်သည်စက်မှုအသင်းချုပ်(UMFCCI)