ကနဦးကန့်ကွက်လွှာဆိုင်ရာ ကြားနာပွဲသို့တက်ရောက်ခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ကြိုဆိုခဲ့ကြသည့် ပြည်သူများ၏စကားသံများ

မြန်မာနိုင်ငံကို  အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကိုတားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ်(Convention on the Prevention and Punishment of the Crime of  Genocide)ကို ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့်တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍ တက်ရောက် ဖြေရှင်းခဲ့သည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပြီး ပြည်သူများ၏စကားသံများကိုဖော်ပြလိုက်ရပါသည်။

အမျိုးသားရေးဘာမထီဆရာတော်

မတရားစွပ်စွဲတဲ့ကိစ္စကိုသွားရောက်ဖြေရှင်းပါတယ်။  ကမ္ဘာမှာ မြန်မာဆိုတာ မဟုတ်မခံတဲ့လူမျိုးဆိုတာ     ကမ္ဘာကသိသွားတယ်။ ဒီလိုကမ္ဘာကသိအောင်သွား ရောက်ဖြေရှင်းတဲ့ ပြည်ထောင်စုဝန်ကြီးဖြစ်တဲ့ ဒကာကြီးဦးကိုကိုလှိုင်နဲ့ အဖွဲ့ကို ဘုန်းဘုန်း ဂုဏ်ပြုတဲ့အနေနဲ့ လာရောက်ကြိုဆိုတာပါ။ ဂမ်ဘီယာနိုင်ငံဆိုတာ  မြန်မာနိုင်ငံနဲ့အဝေးကြီးပါ။ ဘုန်းဘုန်းတို့ မြန်မာနိုင်ငံက အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်ပါတယ်။

ဝင်ရောက်စွက်ဖက်တာကို  ဘုန်းဘုန်းတို့ လက်မခံပါဘူး။  ဒီနေ့ဘုန်းဘုန်းတို့က ဒီထက်မက ကြိုဆိုချင်တာပါ။

https://www.myawady.net.mm/sites/default/files/viber_image_2022-03-03_08-15-06-450.jpg

ပြည်သူတစ်ဦး

“အစ်မတို့က လှည်းကူးမြို့နယ်ကနေလာပြီးတော့ ဆရာဦးကိုကိုလှိုင်နဲ့ ဆရာမဒေါ်သီတာဦးတို့ကို လာရောက်ကြိုဆိုတာပါ။ အခုသွားရောက်ဖြေရှင်းတာကလည်း အစ်မတို့ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးနဲ့လည်း သက်ဆိုင်ပါတယ်။ ဒါက ပါတီတစ်ခုတည်းရဲ့ ကိစ္စမဟုတ်ပါဘူး။ အမျိုးသားရေးကိစ္စပါ ကိုယ်စားပြုသွားရောက်ပြီး ဖြေရှင်းပေးတဲ့အဖွဲ့ကို ဂုဏ်ပြုကြိုဆိုခြင်း ဖြစ်ပါတယ်။ အခုဆိုရင် ဂမ်ဘီယာနိုင်ငံလည်း မြန်မာနိုင်ငံကိုတရားစွဲဆိုခွင့်မရှိဘူး ဆိုတာရယ် ICJ ကလည်း လက်ခံကြားနာခွင့်မရှိဘူးဆိုတာကိုလည်း  ပြည်သူတွေသာမက ကမ္ဘာကပါသိအောင် ချပြနိုင်ခဲ့တဲ့အတွက်  အရမ်းလည်းဝမ်းသာပါတယ်။

https://www.myawady.net.mm/sites/default/files/viber_image_2022-03-03_08-15-06-933.jpg

လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါ်ခင်ဝိုင်းကြည်

နိုင်ငံတော်အတွက် သစ္စာအပြည့်နဲ့အမှန်တရားဘက်က ရပ်တည်ပြီးမြင်အောင် ချေပပေးနိုင်ခဲ့တဲ့ ဆရာဦးကိုကိုလှိုင်နဲ့အဖွဲ့တွေပြန်လာတာကို ဝမ်းသာအားရနဲ့ ဂုဏ်ပြုကြိုဆိုတာပါ။ အမှန်က မြန်မာနိုင်ငံကို တရားစွဲတယ်ဆိုတာ ကမ္ဘာ့အလယ်မှာ သိက္ခာကျအောင် သတင်းအတုတွေလွှင့်ပြီး မတရားသဖြင့် ဆောင်ရွက်တာပါ။ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို စော်ကားတာပါ။   နိုင်ငံတစ်နိုင်ငံက   အချုပ်အခြာအာဏာကို ပိုင်ဆိုင်ထားရင်  လေးစားရမယ်။ အခုဟာကကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံကို စော်ကားတာပါ။ ဒီလိုစော်ကားတာကလည်း တစ်ဦးတစ်ယောက်တည်း အတွက်မဟုတ်ဘူး   တစ်နိုင်ငံလုံးနဲ့   သက်ဆိုင်နေပါတယ်။ အနာဂတ်အတွက်လည်း အများကြီးသက်ဆိုင်တဲ့အတွက် လက်ခံလို့မရပါဘူး။  အခုပြည်သူတွေ   လာကြိုဆိုနေကြတယ်။ အမှန်တော့ ဒီထက်မကလာကြိုချင်ကြတာပါ။ ဒါတွေကို ကမ္ဘာ့နိုင်ငံတွေသိအောင်ချပြပေးစေချင်ပါတယ်။

https://www.myawady.net.mm/sites/default/files/viber_image_2022-03-03_08-15-07-608.jpg

အမျိုးသားရေးဆောင်ရွက်နေသည့်ပြည်သူတစ်ဦး

ကျွန်တော်တို့မြန်မာနိုင်ငံကို တရားစွဲခွင့်မရှိဘဲနဲ့ အကြောင်းမဲ့တရားစွဲတယ်။ မတရားသဖြင့်  တရားစွဲခဲ့တာကို ပြည်ပအဖွဲ့အစည်းတွေက အထောက်အပံ့တွေပေးပြီး မတရားအမှုဖွင့်ခဲ့ကြတယ်။ ဒါတွေကိုပယ်ဖျက်နိုင်အောင် မြန်မာနိုင်ငံရဲ့ သူရဲကောင်းတွေဖြစ်တဲ့ ဆရာဦးကိုကိုလှိုင်နဲ့ဆရာမ ဒေါ်သီတာဦးတို့က သွားရောက် ဖြေရှင်းခဲ့တယ်။ ကမ္ဘာ့အလယ်မှာ ကျွန်တော် တို့မြန်မာနိုင်ငံက  အပြစ်မရှိဘူးဆိုတာ သိသင့်သလောက်သိရှိ သွားပါပြီ။ ဒါ့ကြောင့်ကျွန်တော်တို့နိုင်ငံရဲ့ သူရဲကောင်းတွေကို ကြိုဆိုတာပါ ကြိုလည်းကြိုဆို သင့်ပါတယ်။ ကျွန်တော်တို့နိုင်ငံက တိုင်းရင်းသားတွေကို ဒုက္ခပေးတုန်းကတော့ သူတို့စတင်လုပ်ဆောင်ခဲ့ကြတာပါ။ ကျွန်တော်တို့နိုင်ငံမှာ မရှိတဲ့လူမျိုးကို အရှိလုပ်ပြီး မတရားဆောင်ရွက်ခဲ့တယ်။ ဒီအတွက် တိုင်းရင်းသားတွေ အနေနဲ့  လက်ခံနိုင်စရာမရှိပါဘူး။

လင်းခန့်

ဓာတ်ပုံ-သိန်းဝင်း