အာမေးနီးယားနှင့်ပဋိပက္ခဖြစ်ပွားနေစဉ် အဇာဘိုင်ဂျန်အစိုးရက စစ်စည်းရုံးရေးအမိန့်ထုတ်

ဘာကူး၊ နိုင်ငံရေး

နာဂေါ်နို-ကာရာဘတ်ဒေသအရေးနှင့် ပတ်သက်၍ အာမေးနီးယားတပ်ဖွဲ့နှင့် အဇာဘိုင်ဂျန်တပ်ဖွဲ့ တို့ကြား ပဋိပက္ခဖြစ်နေစဉ် အဇာဘိုင်ဂျန်အစိုးရက စက်တင်ဘာ ၂၈ ရက်တွင် စစ်စည်းရုံးရေးအမိန့် တစ်စိတ်တစ်ဒေသကို ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။

အာမေးနီးယားနိုင်ငံနှင့် ပဋိပက္ခဖြစ်ပွားသည့် ဒုတိယနေ့တွင် အဇာဘိုင်ဂျန်သမ္မတ အီဟမ်အယ် လီယက်က စစ်စည်းရုံးရေးအမိန့်ကို လက်မှတ်ထိုးခြင်း ဖြစ်သည်။ အဆိုပါ နှစ်နိုင်ငံသည် နာဂေါ်နို-ကာရာဘတ်ဒေသအရေးနှင့် ပတ်သက်၍ ၁၉၉၀ ပြည့်နှစ်အလွန်တွင် စစ်ပွဲတစ်ကြိမ်ဖြစ်ပွားထား သည်။

ယခုဖြစ်စဉ်တွင်လည်း နှစ်ဖက်စလုံးက အပြန်အလှန်အပြစ်တင်ထားပြီး လူသေဆုံးမှုများလည်းရှိ ကြောင်း ထုတ်ပြန်ထားသည်။ အဇာဘိုင်ဂျန်နိုင်ငံအတွင်းရှိသော်လည်း အာမေးနီးယား နိုင်ငံကအုပ် ချုပ်နေသည့် အဆိုပါဒေသ၌ အာမေးနီးယားအစိုးရက စက်တင်ဘာ ၂၇ ရက်မှစ၍ စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ကာ အမျိုးသားများ စစ်မှုထမ်းရမည့် စစ်စည်းရုံးရေး အမိန့်ကိုထုတ်ပြန်ထားပြီးဖြစ် သည်။

စက်တင်ဘာ ၂၈ ရက်တွင် နှစ်ဖက်တပ်ဖွဲ့ကြား အပြန်အလှန်ပစ်ခတ်မှုမှာ ပိုမိုပြင်းထန်လာကာ အမြောက်များကိုပင် အသုံးပြုပစ်ခတ်လာသည်ဟု အပြန်အလှန်စွပ်စွဲထားသည်။ နှစ်နိုင်ငံကြား  ယခုဖြစ်ပွားသော တိုက်ပွဲမှာ ၂၀၁၆ ခုနှစ်မှစ၍ အပြင်းထန်ဆုံး ဖြစ်ကြောင်းနှင့် အာမေးနီးယားဘက် က စစ်သည် ၃၁ ဦးသေဆုံးထားကာ  အဇာဘိုင်ဂျန်ဘက်က  ဝေဟင်နှင့် အမြောက်တိုက်ခိုက်မှုများ လုပ်လာကြောင်း သိရသည်။

Ref: The Straits Times