ရုရှားက Sputnik V ကာကွယ်ဆေးပထမအသုတ်ကို ဘယ်လာရုသို့ပို့ဆောင်

မော်စကို၊ ကျန်းမာရေး

ရုရှားနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဖြစ်သည့် Sputnik V ပထမအသုတ်ကို ဘယ်လာရု နိုင်ငံသို့ပို့ဆောင် ပြီးဖြစ်ကြောင်း ရုရှားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ (RDIF)က စက်တင်ဘာ ၂၈ ရက်တွင်ကြေညာသည်။

ထိုကာကွယ်ဆေးကို လူသားများတွင် လက်တွေ့စမ်းသပ်နိုင်ရန် ပေးပို့ခြင်းဖြစ်ပြီး အောက်တိုဘာ ၁ ရက်မှစ၍ စမ်းသပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဘယ်လာရုနိုင်ငံသည် ကမ္ဘာ့ပထမ ဆုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအဖြစ် မှတ်ပုံတင်ထားသည့် Sputnik V ကာကွယ်ဆေးကို  လက်တွေ့စမ်းသပ်မှုလုပ်သော ပြည်ပနိုင်ငံဖြစ်လာသည်။

Sputnik V ကာကွယ်ဆေးသည် စိတ်ချရမှုရှိပြီး ဗိုင်းရပ်ကို တိုက်ထုတ်နိုင်သည့် ကိုယ်ခံအားကိုဖြစ် ပေါ်စေကြောင်း တွေ့ရသည်ဟု ရုရှားကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ လက်ရှိတွင် လူသားများ၌ အသုံးပြုနိုင်သည့် အာနိသင်ရှိသော ကာကွယ်ဆေးထုတ်လုပ်နိုင်ရေး နိုင်ငံအများ အပြားက ကြိုးပမ်းနေဆဲဖြစ်ကာ ယခုနှစ်ကုန်တွင် ကာကွယ်ဆေးအများအပြား ထွက်ပေါ်လာနိုင် ဖွယ်ရှိကြောင်း သတင်းဌာနတစ်ခု၏ ထုတ်ပြန်ချက်အရ သိရသည်။

Ref: Sputnik