ဆွာရက်ဇ်နှင့်မိမိ တစ်ဦးကကိုက် တစ်ဦးကကန်ကြမည်ဟု ဒီယေဂိုကော်စတာပြော

မက်ဒရစ်၊ ဘောလုံး

ပြိုင်ဘက်ကို အားမလိုအားမရဖြစ်လျှင် ကိုက်ဆွဲတတ်သည့် ဆွာရက်ဇ်နှင့် ခပ်ရွဲ့ရွဲ့လုပ်ရပ်များ မကြာ ခဏ လုပ်တတ်သော ဒီယေဂိုကော်စတာ ဘောလုံးလောက ဗီလိန်နှစ်ဦး အက်သလက်တီကိုတွင်  ပေါင်းမိပြီဟု ဖော်ပြနေကြချိန် ဂရန်နာဒါနှင့်ပွဲ၌ နှစ်ဦးစလုံး ဂိုးသွင်းနိုင်ခဲ့ပြီးနောက် ကော်စတာက တစ်ဦးကကိုက်၊ တစ်ဦးကကန်ကြမည်ဟု ပြောသည်။

ထိုပွဲတွင် အက်သလက်တီကိုက ၆ ဂိုး- ၁ ဂိုးဖြင့် အနိုင်ရရှိပြီး ဘာစီလိုနာမှ ပေါင် ငါးသန်းခွဲဖြင့်  ပြောင်းလာသော ဆွာရက်ဇ်သည်ပွဲပြီးရန် ၂၅ မိနစ်အလိုမှ လူစားဝင်ကာ အက်သလက်တီကိုအတွက် ပွဲဦးစထွက်သော်လည်း ကိုယ်တိုင်နှစ်ဂိုးသွင်းပြီး တစ်ဂိုးဖန်တီး ပေးနိုင်ခဲ့သည်။

ပွဲအပြီး ကော်စတာက “တစ်ဦးကကိုက်၊ တစ်ဦးကကန်ပေါ့။  ကျွန်တော်တို့ ဆွာရက်ဇ်ကိုရလိုက်တာ အရမ်းကံကောင်းတယ်။ ဘာစီလိုနာအသင်း ဘာကြောင့် သူ့ကို လက်လွှတ်ခံလိုက်သလဲဆိုတာ  နားမလည်နိုင်ဘူး။ သူကျွန်တော်တို့ဆီမှာ ဂိုးတွေအများကြီးသွင်းပြီး ကြိုးစားလို စိတ်အပြည့်နဲ့ အများကြီး ကူညီပါလိမ့်မယ်” ဟု ပြောသည်။

Ref:Dailymail