စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ၂ဝ၂၁-၂ဝ၂၂ စိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ ဧက ၂ ဒသမ ၃ သန်းကျော် စိုက်ပျိုးနိုင်

စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ၂ဝ၂၁-၂ဝ၂၂ စိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ ဧက ၂ ဒသမ ၃ သန်းကျော် စိုက်ပျိုးနိုင်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ ၂ဝ၂၁-၂ဝ၂၂ စိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ ၂၃၉၆၃ဝ၆ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း တိုင်းဒေသကြီး  စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။

''တိုင်းဒေသကြီးတစ်ခုလုံးမှာ ပြီးခဲ့တဲ့ ၂ဝ၂၁-၂ဝ၂၂ စိုက်ပျိုးရာသီတုန်းက ဆီထွက်သီးနှံ ဧက ၂ ဒသမ ၃ သန်းကျော် စိုက်ပျိုးခဲ့ပါတယ်။ မတ် ၁၅ ရက်အထိ ရိတ်သိမ်းပြီးစီးမှု အနေနဲ့ ၂ဝ၂ဝ၄၆၅ ဧကဖြစ်ပါတယ်။ ဆီထွက်သီးနှံ အားလုံးအတွက် ပျမ်းမျှအထွက်နှုန်းက တစ်ဧကကို ၂၉ ဒသမ ဝ၄ တင်းဖြစ်ပါတယ်။ အဲဒီအထဲမှာ အထွက်နှုန်း အကောင်းဆုံး ဆီထွက်သီးနှံကတော့ မြေပဲဖြစ်ပါတယ်။

သူက တစ်ဧကကို  ၅၅ ဒသမ ၅၅တင်း ထွက်ပါတယ်။ အခုလက်ရှိမှာ ၅၈၆၇၆၈၇၉ တင်း ရိတ်သိမ်းခြွေလှေ့ ပြီးစီးပြီဖြစ်ပါတယ်''ဟု တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာတင်မာမာဦးက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂ဝ၂၁-၂ဝ၂၂ စိုက်ပျိုးရာသီတွင် စိုက်ပျိုးခဲ့သည့် ဆီထွက်သီးနှံများ၏ လက်ရှိရိတ်သိမ်းပြီး ဧကများအရ သီးနှံထွက်ရှိမှု အခြေအနေမှာ မြေပဲ ၄ဝ၇ဝဝ၅ဝ၇ တင်း၊ နှမ်း ၁ဝ၈၄၃၈၃၅ တင်း၊ မုန်ညင်း ၃ဝ၅၃၄၉ တင်း၊ နေကြာ ၆၂၈၃၃၇၆ တင်း၊ အခြားဆီထွက်သီးနှံများဖြစ်သည့် ပန်းနှမ်းနှင့်သစ်ဆိမ့် ၅၄၃၈၂၁ တင်းထွက်ရှိထားသည်။

၂ဝ၂၁-၂ဝ၂၂ စိုက်ပျိုးရာသီတွင် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ဆီထွက်သီးနှံ စိုက်ပျိုးမှု အခြေအနေမှာ မြေပဲ(မိုး/ဆောင်း) ၉၃၆၆၂၁ ဧက၊ နှမ်း(နွေ/မိုး/ဆောင်း) ၉၈၇၆၈၁ ဧက၊ မုန်ညင်း ၃၃၃၇၇ ဧက၊ နေကြာ(မိုး/ဆောင်း) ၃၅၆၉၁၅ ဧကနှင့် အခြားဆီထွက် သီးနှံများဖြစ်သည့် ပန်းနှမ်းနှင့် သစ်ဆိမ့် ၈၁၇၁၂ ဧက စိုက်ပျိုးခဲ့ကြောင်း သိရသည်။