နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် (၁၂)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ မှတ်တမ်း

နေပြည်တော်  မတ်  ၂၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏(၁၂)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့  အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့်  ဌာနဆိုင်ရာမှတာဝန်ရှိသူများက သတင်းမီဒီယာများ၏   သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

ဦးစွာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာကြသည့် ဝန်ကြီးဌာနများမှ သတင်းထုတ်ပြန်ရေးနှင့် ပြောရေးဆိုခွင့်ရှိသူများ၊ သတင်းမီဒီယာများအားလုံး ကြည့်ရှုနေကြသည့် တိုင်းရင်းသား ပြည်သူအားလုံး ကျန်းမာရွှင်လန်းကြပါစေဟု  ဦးစွာဆန္ဒမေတ္တာပို့သအပ်ပါကြောင်း၊ ယနေ့သတင်းစာ ရှင်းလင်းပွဲတွင်ပြောကြားမည့် အကြောင်းအရာများမှာ (တစ်) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တာဝန်ထမ်းဆောင်မှု တစ်နှစ်တာကာလကောက်နုတ်ချက်များ (နှစ်) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်းရေးဆောင်ရွက်မှုများ(သုံး)အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီဆောင်ရွက် ချက်များ   (လေး)လတ်တလောပျံ့နှံ့နေသည့် ငွေစက္ကူအတုကိစ္စ (ငါး) NUG၊ PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ဆောင်ချက်များကို ပြောမည်ဖြစ်ကြောင်း၊ (တစ်)မှ (ငါး)အထိ မိမိအနေဖြင့် ရှင်းလင်းပြောကြားသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်အပိုင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်  ဦးခင်မောင်ဦးက ရှင်းလင်း ပြောကြားသွားမည်ဖြစ်ကြောင်း၊ ထို့နောက် မေးခွန်းများမေးမြန်းခြင်းနှင့် ဖြေကြားခြင်း ဖြစ်ကြောင်း၊  မေးခွန်းများမေးသည့်အခါတွင် စနစ်တကျဖြစ်စေရေး အခမ်းအနားမှူးက မီဒီယာအမည်အလိုက် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း၊ ဖိတ်ခေါ်ခံရသည့် မီဒီယာများ အနေဖြင့်  မေးခွန်းတစ်ခုစီမေးမြန်းပေးရန် ကြိုတင်မေတ္တာရပ်ခံလိုကြောင်း ပြောကြားသည်။

ပထမဦးဆုံးအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏တာဝန်ထမ်းဆောင်မှု တစ်နှစ်တာကာလ ဆောင်ရွက်မှု အခြေအနေများကို ပြောမည်ဖြစ်ကြောင်း၊    နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့၌ သမ္မတအိမ်တော်တွင် ပြုလုပ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး(/၂၀၂၂) ဖေဖော်ဝါရီလ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ()နှစ်ပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ အစီရင်ခံစာနှင့် မိန့်ခွန်းများ ပြောကြားခဲ့ကြောင်း၊ နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာပြီး ထိန်းသိမ်းခဲ့ရမှု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတော်တာဝန်အရပ်ရပ်အား မရယူမီနှင့်ရယူခဲ့ပြီး နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များကို ပြောကြားခဲ့ကြောင်း၊ ဖြစ်ပေါ်နေသည့် အခြေအနေများကို ခြုံငုံသုံးသပ်မှုများအရ ပါတီစုံ ဒီမိုကရေစီစနစ်လမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေးနှင့် စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးနိုင်ရေးတို့အတွက် ဆက်လက် ဆောင်ရွက်ပေးရန် လိုအပ်ချက်များနှင့် အခြေအနေများ၊ ဆက်လက်ဆောင်ရွက်ပေးရန် လုပ်ငန်းများ ရှိနေခြင်းကြောင့် နိုင်ငံရေးအရ နိုင်ငံတော်ကို  အရေးပေါ်ကာလ နောက်ထပ် လတိုးမြှင့်သတ်မှတ်ခဲ့ပါကြောင်း ပြောကြားသည်။

https://www.myawady.net.mm/sites/default/files/25322v1.jpg

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ မူဝါဒလုပ်ငန်းစဉ်များကိုလည်း မိန့်ခွန်း နှင့်အစီရင်ခံစာတွင် တွေ့ရမည်ဖြစ်ကြောင်း၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် ရပ်အနေဖြင့်-

()      အမျိုးသားရေးလုပ်ငန်းစဉ် ရပ်အဖြစ် တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာဖူလုံရေး၊

() နိုင်ငံရေးလုပ်ငန်းစဉ် ရပ်အဖြစ် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေး၊ တည်ဆောက်ရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊

() ငြိမ်းချမ်းရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးလုပ်ငန်းစဉ်အဖြစ် ယခုနှစ်မှစ၍ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များစတင်မည် တို့ဖြစ်ကြောင်း ပြောကြားသည်။

ငြိမ်းချမ်းရေးဆိုင်ရာဆောင်ရွက်မှုအခြေအနေနှင့်ပတ်သက်ပြီး အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်   ငြိမ်းချမ်းရေးအတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ ညီညွတ်ရေးကော်မတီစသည့် ကော်မတီ ရပ်ကိုဖွဲ့စည်းခဲ့ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်နှစ်တာကာလ အတွင်းတွင် ညှိနှိုင်းရေးကော်မတီသည် NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ၁၆ ကြိမ်၊ NCA လက်မှတ်ရေးထိုးခြင်းမပြုသေးသည့် နဗဥ များနှင့် ကြိမ်၊ နိုင်ငံရေးပါတီများနှင့် ကြိမ်၊ ဘာသာရေးခေါင်းဆောင်များ၊ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့များနှင့် ကြိမ် စုစုပေါင်း ၃၄ ကြိမ်တွေ့ဆုံခဲ့ပါကြောင်းပြောကြားသည်။

ဖက်ဒရယ်စနစ်နှင့်ပတ်သက်၍ မတူကွဲပြားသည့် တိုင်းဒေသကြီး၊ ပြည်နယ်များ၊ လူမျိုးများ၊ လူမျိုးစုများကို စုစည်းလုပ်ကိုင်ရာမှ လုပ်ကိုင်နိုင်ခွင့်များကို ခွဲဝေကျင့်သုံးသည့် အယူအဆသဘောတရားတစ်ရပ်သာဖြစ်ပြီး ပေါင်းစည်းနေထိုင်ခြင်း၊ မျှဝေခံစားခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားပါတီများအပါအဝင်    နိုင်ငံရေးပါတီများသည် ၎င်းင်းတို့ကိုထောက်ခံသည့် ပြည်သူလူထုကို ကိုယ်စားပြုသူများဖြစ်ကြောင်း၊ ထို့ကြောင့် မတူကွဲပြားသည့် ကိုယ်စားပြုမှုများ ရှိကြောင်း၊ ပါတီများ၊ တိုင်းရင်းသားလူမျိုးစုများကို ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုနိုင်ရန်အတွက် အချိုးကျကိုယ်စားပြုစနစ်(PR)ကိုသွားရန် လုပ်ဆောင်လျက်ရှိကြောင်း၊ ဖက်ဒရယ်နှင့်

ပတ်သက်ပြီး မည်သို့အယူအဆအမျိုးမျိုးကွဲပြားနေပါစေ မိမိတို့နိုင်ငံနှင့် သဟဇာတဖြစ်သည့်စနစ်မျိုးကို ရွေးချယ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဒီမိုကရေစီနှင့်ပတ်သက်ပြီး အများဆန္ဒအတိုင်း ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ လူနည်းစုဆန္ဒကိုလည်း အလေးထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ အာဏာ ရပ်ကို ခွဲဝေကျင့်သုံးခြင်း   ဆောင်ရွက်ရာတွင် ပြည်ထောင်စု၊ တိုင်းဒေသကြီး ပြည်နယ်များအကြား ဥပဒေအရခွဲဝေဆောင်ရွက်ခြင်းဖြင့် တိုင်းဒေသကြီး/ပြည်နယ်များအလိုက် အခြေခံဥပဒေအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိစေမည် ဖြစ်ကြောင်းကို ပြောကြားခဲ့ပါကြောင်း ပြောကြားသည်။

နိုင်ငံခြားရေး မူဝါဒနှင့်ပတ်သက်၍ မိမိတို့နိုင်ငံသည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက် နိုင်ငံခြားရေးမူဝါဒ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုသည့် မူဝါဒ၊ ကမ္ဘာ့နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူကို စောင့်ထိန်းသည့် မူဝါဒ()ရပ်ကို အလေးအနက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ-၄၁တွင်  အတိအလင်း ပြဋ္ဌာန်းထားပါကြောင်း၊  မိမိတို့မြန်မာနိုင်ငံအယူအဆတွင်    မိတ်ဆွေနိုင်ငံသာရှိကြောင်း၊   ရန်သူနိုင်ငံဟုမရှိကြောင်း၊ မိမိတို့ နိုင်ငံအပေါ်  ရန်သူသဖွယ် ဆက်ဆံနေလျှင်ပင် ထိုနိုင်ငံများ၏ သဘောထားကို ပြောင်းလဲလာရန်၊ မိတ်ဆွေဖြစ်လာရန် ကြိုးစားဆောင်ရွက်လျက်ရှိ ကြောင်းပြောကြားသည်။

https://www.myawady.net.mm/sites/default/files/25322v2.jpg

တိုင်းပြည်၏ အခြေအနေနှင့် ပတ်သက်၍ တိုင်းပြည်၏အင်အားသည် ပြည်တွင်းမှာသာရှိကြောင်း၊ ပြည်တွင်းအားကို ယုံကြည်ပါကြောင်း၊ နိုင်ငံ၏ပကတိအခြေအနေအရ ပြည်ပအကူအညီများ လိုအပ်သည်မှန်သော်လည်း ပြည်တွင်းအင်အားဖြင့် လုပ်ဆောင်နိုင်ခြင်းရှိကြောင်း၊ နံပါတ်တစ်အနေဖြင့် ပြည်တွင်းအားဖြင့် ပြည်တွင်းစီးပွားရေး တိုးတက်လာရန် မြှင့်တင်မည်ဖြစ်ကြောင်း၊ မိမိတို့တိုင်းပြည်တွင် သဘာဝ အရင်းအမြစ်၊ လူသားအရင်းအမြစ်များစွာရှိကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုကိုအားမပေးဘဲ ပြည်ပသွင်းကုန်များသာ အားထားခဲ့ခြင်းကြောင့် ပြည်သူပြည်သားများ၏ လူမှုစီးပွားတိုးတက်မှု အားနည်းချက်များ ရှိခဲ့ကြောင်း၊ နံပါတ်နှစ်အနေဖြင့် ပြည်တွင်းနိုင်ငံရေး ခိုင်မာအားရှိရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ ပါတီစုံ ဒီမိုကရေစီစနစ်တည်ဆောက်မည်ဆိုလျှင် နိုင်ငံရေးအင်အားမကောင်းစရာမရှိပါ ကြောင်း၊ နံပါတ်သုံးအနေဖြင့် တိုင်းရင်းသားပြည်သူများ အားလုံးပါဝင်သည့် ကာကွယ်ရေး စွမ်းအားလုပ်ဆောင်မည် ဖြစ်ကြောင်း၊ မိမိတို့အားလုံး ဥမကွဲသိုက်မပျက် အေးအတူပူအမျှ ညီညွတ်သည့်အင်အားနှင့် နိုင်ငံတော်ကို  ခေတ်မီပြီးစွမ်းရည်ပြည့်ဝသည့် ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့နှင့် နိုင်ငံကာကွယ်ရေးစွမ်းအား တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားမိဘပြည်သူ အားလုံးက ပူးပေါင်းလုပ်ဆောင်ကြရန် ပြောကြားလိုပါကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင် တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာဖူလုံရေးအတွက် တိုင်းပြည်သာယာဝပြောရေးဆိုသည်မှာ တိုင်းပြည်တွင် ပြည်သူလူထုများ စိတ်ချမ်းသာစွာ နေထိုင်နိုင်ရေး၊ ပြည်သူလူထုနှင့်ပတ်သက်ပြီး အကျိုးပြုလုပ်ငန်းများ လုပ်ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဥပမာအနေဖြင့် မိမိတို့နိုင်ငံတွင်  ရထားနှင့်ပတ်သက်၍ ပြည်သူ့ပို့ဆောင်ရေးစနစ်ဖြင့် ပတ်သက်လာပါက အားနည်းချက်ချို့ယွင်းချက်များရှိခဲ့ကြောင်း၊ထို့ကြောင့် ပြည်သူ့ပို့ဆောင်ရေးစနစ်သည် ပို့ဆောင်ဆက်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေးစနစ်သည်  ကုန်ထုတ်လုပ်ငန်းသာမက အချင်းချင်းကူးလူးဆက်ဆံသည့် နေရာ၊ ပြည်နယ်^ပြည်မကူးလူးဆက်ဆံသည့်နေရာ၊ စီးပွားကုန်ထုတ်လုပ်ငန်းများ ကူးလူးဆက်ဆံသည့်နေရာတွင် အဓိကကျသည့် လုပ်ငန်းဖြစ်ကြောင်း၊    အဓိကကျသည့် လုပ်ငန်းဖြစ်သည့်အတွက်ကြောင့် မိမိတို့ ဆောင်ရွက်လျက် ရှိကြောင်း၊ ရထားပို့ဆောင်ရေးကဏ္ဍတွင် အဓိကလမ်းပိုင်းနှင့် အရေးပါသည့် လမ်းပိုင်းများကို  အဆင့်မြှင့်တင်ပြုပြင်ခြင်း   ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့တွင် စစ်တွေ-ရမ်းဗြဲရထားလမ်းပိုင်း စတင်ပြေးဆွဲပါကြောင်း၊   မနက်ဖြန်တွင် မန္တလေးမြို့ပတ်ရထားခရီးစဉ် ပြန်လည်စတင်ပြေးဆွဲမည်ဖြစ်ကြောင်း၊  ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် မြေသားလုပ်ငန်းများ၊ ကားလမ်းကူးနှင့်ရေနုတ်မြောင်းများ၊ သံလမ်း နှင့် ကွန်ကရစ်ဇလီဖားတုံးအသစ်လဲလှယ်ခြင်းများဆောင်ရွက်လျက်ရှိကြောင်း၊ ရထား လမ်းခင်းကျောက်များကို    သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အပြည့်ဖြည့်သွင်းထားရှိကြောင်း၊ ရထားပြေးဆွဲရန်အတွက် အဲကွန်းပါသည့် ရထားတွဲဆိုင်းများလည်း ရောက်ရှိနေပြီဖြစ်ကြောင်း၊ ရန်ကုန်-ပဲခူး-မော်လမြိုင်လမ်းပိုင်းတွင်   ရထားတွဲဆိုင်းများခုန်ခြင်း၊ ဆောင့်ခြင်းမရှိစေရေး သံလမ်းများကိုဂဟေဆက်ပြီး  လဲလှယ်ထည့်သွင်းခဲ့ပါကြောင်း၊ ပိုမိုတောင့်တင်းခိုင်မာစေရန်လုပ်ဆောင်ပြီးဖြစ်ကြောင်း၊ ဘူတာနှင့်ပလက်ဖောင်းများကို အဆင့်မြှင့်တင်မည် ဖြစ်ပြီး  ရထားတွဲဆိုင်းအသစ်များနှင့် မြန်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေးမကြာမီဆက်လက်ဆောင်ရွက်သွားမည်ဖြစ်

ကြောင်း၊ အလားတူ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းနှင့်  ရန်ကုန်-ပြည်လမ်းပိုင်းတွင် ကွန်ကရစ်ဇလီဖားတုံးနှင့်    လမ်းခင်းကျောက်များသတ်မှတ်ချက်အတိုင်းဖြည့်တင်းခြင်း၊  သံလမ်းများလဲလှယ်ခြင်းများကို ၅၀ ရာခိုင်နှုန်းပြီးစီးရေးဆောင်ရွက်လျက်ရှိကြောင်း၊  ရန်ကုန်မြို့ပတ်လမ်းပိုင်းတွင် ရထားလမ်း၊ တံတား၊ ကားလမ်းကူးရေနုတ်မြောင်းနှင့် ပလက်ဖောင်းများ အဆင့်မြှင့်တင်လုပ်ငန်းများ   ရာနှုန်းပြည့်ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ဆက်လက်ပြီး အချက်ပြနှင့် ဆက်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း၊ ရန်ကုန်မြို့ပတ်ရထားလမ်းတစ်လျှောက် လူကူးခုံးကျော်တံတားများ အသစ်တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ အခြားအရေးကြီးလမ်းပိုင်းဖြစ်သည့် မြင်းခြံ-သာစည်၊ သာစည်-ရွှေညောင်၊ ရွှေညောင်-တောင်ကြီးနှင့်   တောင်ကြီး-ဆိုက်ခေါင်လမ်းပိုင်းကိုလည်း  အရှိန်အဟုန်ဖြင့်ပြုပြင် ဆောင်ရွက်လျက်ရှိကြောင်း၊   ဧရာဝတီမြစ်အနောက်ဘက်လမ်းပိုင်းများဖြစ်သည့် ရခိုင်-ဟင်္သာတ-ကြံခင်းလမ်းပိုင်းနှင့် အရှည်မိုင် ၃၂၀ ဖြစ်သည့်   ကြံခင်း-ပခုက္ကူလမ်းပိုင်းပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုဖြင့် မြန်မာ့မီးရထားက မကြာမီအဆင့်မြှင့်တင်ပြုပြင်သွားမည်ဖြစ်ကြောင်း၊ ယနေ့တွင် ပြည်တော်သာ- စစ်တွေ-ရေချမ်းပြင်ရထားလမ်းပိုင်း RBE ရထားပြန်လည်ပြေးဆွဲပါကြောင်း၊ မနက်ဖြန်တွင် မန္တလေးသရဲဈေး မြို့ပတ်ရထားလမ်းကို ပြန်လည်ပြေးဆွဲသွားမည်ကိုအသိပေးလိုပါကြောင်း ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ခရီးစဉ်တွင် ကျိုင်းတုံမြို့ မြို့မိ၊ မြို့ဖများ ဌာနဆိုင်ရာများနှင့်တွေ့ဆုံစဉ်ပညာရေးနှင့်ပတ်သက်ပြီး  ပြောကြားခြင်းရှိကြောင်း၊ ပညာတတ်များပေါကြွယ်ဝခြင်းသည် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရန်နှင့် တိုင်းပြည်၏ အနာဂတ်ကောင်းကို ပိုင်ဆိုင်ခြင်းပင်ဖြစ်ကြောင်း ပညာရေးသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊   ကမ္ဘာပေါ်တွင် အောင်မြင်တိုးတက်သည့်  နိုင်ငံများကိုကြည့်လျှင် နိုင်ငံ၏ ပညာရေးစနစ်နှင့်    ၎င်းပညာရေးစနစ်မှထွက်ပေါ်လာသည့်  လူ့စွမ်းအားအရင်းအမြစ်များ၏   ပညာရည်အဆင့်

မြင့်မားမှုတို့ကို တွေ့ရမည်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍကို အလေးပေးဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏ အနာဂတ်ကို ရင်းနှီးမြှုပ်နှံခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့်   ပညာသင်ကြားရေးအတွက် အခက်အခဲများ ဖြစ်ပေါ်ခဲ့သည့်အတွက် ပညာရေးနိမ့်ကျမှုများ ဖြစ်ပေါ်ခဲ့မှုရှိကြောင်း၊ ပြည်နယ်နှင့် တိုင်းရင်းသားဒေသ အချို့တွင် ဘာသာစကား အခက်အခဲများနှင့် အခြားသောသွားလာရေး အခက်အခဲများကြောင့် ပညာရေးအားနည်းခဲ့ခြင်းရှိကြောင်း၊  မိမိတို့နိုင်ငံတွင် ၂၀၁၁ ခုနှစ်မှစ၍   ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလစတင်ခဲ့ကြောင်း၊ အသွင်ကူးပြောင်းရေးသည် ယနေ့ဆိုလျှင် ဆယ်စုနှစ်တစ်ခုကျော်သာရှိပါသေးကြောင်း၊   ဒီမိုကရေစီဆိုရာတွင် ပြည်သူကအဓိကဖြစ်ပါကြောင်း၊ ပြည်သူတို့၏  နိုင်ငံရေးအသိက  နိုင်ငံ၏အနာဂတ်ကို   အဆုံးအဖြတ်ပြုမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ အတွေးအခေါ်မှန်ကန်မှုသည်   ဒီမိုကရေစီနိုင်ငံအတွက်  အလွန်အရေးကြီးပါကြောင်း၊ ထို့ကြောင့်ပြည်သူလူထု၏ အတွေးအခေါ်မှန်ကန်ရေး၊ လူမှုစီးပွားဘဝတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ အနာဂတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးများရှိရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ကြောင့် ပြည်သူ့အခြေပြုလူ့စွမ်းအားအရင်းအမြစ်များဖြင့်  လူမှုစီးပွားတိုးတက်အောင်ဆောင်ရွက်မှ   မိမိတို့နိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် အေးချမ်းစွာ လျှောက်လှမ်းနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ၂၀၁၉ ခုနှစ်၊   ကြားဖြတ်သန်းခေါင်စာရင်းအရ လူဦးရေ ၅၄ သန်းရှိသည့်အနက် အခြေခံပညာ အလယ်တန်း အဆင့်သာရှိသူဦးရေ (၅သန်း ၆သိန်းခန့်) ရှိပါကြောင်း၊ လက်ရှိပညာရေးအခြေအနေဖြစ်ပါကြောင်း၊ ထို့ကြောင့်  ပညာအခြေပြု လူမှုစီးပွားအခြေပြု တိုးတက်မှုအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များမွေးထုတ်ပေးခြင်း၊  ပညာပတ်ဝန်းကျင်ကောင်းဖန်တီးပေးခြင်း  ပညာရပ်နယ်ပယ်အလိုက် အသိပညာရှင်၊ အတတ်ပညာရှင်၊ နည်းပညာအသက်မွေးကျွမ်းကျင်သူများ ပေါ်ထွန်းလာစေရန်လေ့ကျင့်ပေးခြင်းဖြင့် ပညာရေးကဏ္ဍကိုမြှင့်တင်ပေးရမည်ဖြစ်ကြောင်း၊ ချမှတ်ထားသည့် ပညာရေးနှင့် ပတ်သက်သည့် မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့ အစိုးရအနေဖြင့် အခြေခံပညာရေးဆိုင်ရာ ရည်မှန်းချက်နှင့် မူဝါဒသည် နိုင်ငံသားတိုင်း KG+9 အခြေခံပညာအလယ်တန်းအဆင့် အနိမ့်ဆုံးပြီး မြောက်စေရေးကို  ဦးစားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နောင်လာမည့် အစိုးရများအနေဖြင့် ပညာရည်မြှင့်တင်ရေးအတွက် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု   ယုံကြည်ပါကြောင်း၊ အခြေခံပညာတတ်များ ပေါကြွယ်ဝမှသာလျှင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီခရီး လျှောက်လှမ်းမှုသည်လည်း   ဖြောင့်ဖြူးသာယာမည်ဖြစ်ကြောင်း ပြောကြားသည်။

ဒုတိယအချက်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်ရွက်မှုအခြေအနေကို ပြောကြားလိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအောင်မြင်စေရန် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ သက်ဆိုင်သူများအနေဖြင့် သဘောထားမှန်ကန်ပြီး    တူညီသော စိတ်ဆန္ဒများရှိရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ မထိခိုက်စေရန် တတ်နိုင်သမျှထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

အစိုးရအနေဖြင့် တာဝန်စတင်ထမ်းဆောင်ခဲ့သည့်ကာလတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များစဉ်ဆက်မပြတ် ဆက်လက်အကောင်အထည်ဖော်နိုင်ရန် ရှေ့လုပ်ငန်းစဉ် ရပ်နှင့် နိုင်ငံရေးဦးတည်ချက် ရပ်တွင် ထည့်သွင်းထားခြင်းဖြင့် အလေးအနက်ထားမှုရှိကြောင်းကို   အားလုံးတွေ့မြင်ရမည်ဖြစ်ကြောင်း၊  တပ်မတော်အနေဖြင့် EAO များ  အဆိုပြုထားသည့် NCA  လမ်းကြောင်းပေါ်တွင် အခိုင်အမာရပ်တည်ပြီး ငြိမ်းချမ်းရေးလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းနေလျက်ရှိပါကြောင်း၊ လက်ရှိ

အခြေအနေတွင် အစိုးရနှင့် တပ်မတော် အနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် အဖွဲ့အစည်းများမှအပ မည်သည့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဖြင့်မဆို  တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်သည်ဟု အတိအလင်းကြေညာထားပြီး ဖြစ်ကြောင်း ပြောကြားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းများ   ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ကော်မတီ ရပ်ဖွဲ့စည်းခဲ့ကြောင်း၊   ငြိမ်းချမ်းရေးဆောင်ရွက်သည့်နေရာတွင်  တွေ့ဆုံဆွေးနွေးရေးယန္တရားသည်    မရှိမဖြစ်လိုအပ်သည့်အတွက် ငြိမ်းချမ်းရေးကော်မတီသည် သက်ဆိုင်ရာဆွေးနွေးဖက်အဖွဲ့အစည်းများနှင့် အလွတ်သဘောတွေ့ဆုံမှုများ၊ Virtual  တွေ့ဆုံမှု များ၊   တရားဝင်တွေ့ဆုံမှုများပြုလုပ်ပြီး မပြတ်ထိတွေ့ဆက်ဆံလျက်ရှိပါကြောင်း၊ ထိုသို့ ဆွေးနွေးရာတွင် ဖေဖော်ဝါရီလ ရက်နေ့မှစပြီး  ယနေ့ထိ အလွတ်သဘောတွေ့ဆုံဆွေးနွေးမှု Video Conferencing ၁၃ ကြိမ်၊ နေပြည်တော်တွင်တွေ့ဆုံမှု ၂၅ ကြိမ်၊ တိုင်းရင်းသားလက်နက်ကိုင်များရှိရာ ဒေသတွင်သွားရောက်တွေ့ဆုံမှု ၁၃ ကြိမ်စုစုပေါင်း ယနေ့အထိ ၅၁ ကြိမ် ဆွေးနွေးခဲ့ပါကြောင်း၊  တချို့သော EAO ၊ EAOs အနေဖြင့် စေ့စပ်ဆွေးနွေးရေးကိုမသွားဘဲ တိုက်ပွဲဝင်သွားမည်ဟု ထုတ်ဖော်ပြောကြားလာခြင်းသည်   ၎င်းတို့၏ရပ်တည်ချက်သဘောသာဖြစ်ပါကြောင်း၊ ပြည်သူလူထုအတွက်   မငြိမ်းချမ်းသည့်ပတ်ဝန်းကျင်အဖြစ် ဖန်တီးထားလိုသည့် ၎င်းတို့၏သဘောထားသာ ဖြစ်နိုင်ပါကြောင်း ပြောကြားသည်။

 ထိုသို့ဆွေးနွေးရာတွင် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေး၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးနှင့်  နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ လုပ်ဆောင်နိုင်ရေးတို့အတွက် လုပ်ငန်းစဉ်များကို ဃြဗတွင် သဘောတူချမှတ်ထားပြီး ဖြစ်ကြောင်း၊NCA အရရေးဆွဲထားသည့်နိုင်ငံရေးဆွေးနွေးမှုမူဘောင်တွင် အစိုးရ၊ လွှတ်တော်၊  တပ်မတော်၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊  နိုင်ငံရေးပါတီများ   စသည့်အစုအဖွဲ့အသီးသီးမှပါဝင်သည့် ကိုယ်စားလှယ်များနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများကို   ကျင်းပရမည်ဖြစ်ကြောင်း၊ အချို့တိုင်းရင်းသားလက်နက်ကိုင်များပြောဆိုသလို၊ မီဒီယာများလှုံ့ဆော်နေသလို၊ လက်ရှိအနေအထားအရအစုအဖွဲ့စုံလင်မှုမရှိ၊   လွှတ်တော်နိုင်ငံရေးမရှိ၍ ငြိမ်းချမ်းရေး   ပျက်သယောင်ယောင်၊ တိုးတက်မှုများ   မရှိသယောင်ယောင် နှပ်ကြောင်းပေး  ပြောဆိုနေကြခြင်းရှိပါကြောင်း၊ ငြိမ်းချမ်းရေးပျက်စရာ အကြောင်း မရှိပါကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်များရှိရာဒေသအထိ မိမိတို့၏ငြိမ်းချမ်းရေး အဖွဲ့များ သွားရောက်ဆွေးနွေးနိုင်ခြင်းသည် ပင်လျှင် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်နေကြောင်း၊ တိုးတက်မှုရှိ ကြောင်းကို ပြသနေခြင်းဖြစ်ကြောင်း၊ လက်တွေ့ကျသည့် ဆွေးနွေးမှုများ၊ လက်တွေ့ကျသည့် လုပ်ဆောင်မှုရလဒ်များကိုကြည့်လျှင် သိနိုင်ပါကြောင်း၊   မိမိတို့ငြိမ်းချမ်းရေးဆောင် ရွက်သည့်နေရာတွင်NCA လမ်းကြောင်း အတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်မှု နှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြ ကြောင်း ပြောကြားသည်။

   အစိုးရနှင့်တပ်မတော်အနေဖြင့် တစ်ဖက် သတ်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပေးခြင်းဖြင့် ထာဝရငြိမ်းချမ်း ရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြုလုပ်နိုင်ရေး မြန်မာ့ငြိမ်းချမ်း ရေးဖြစ်စဉ်သမိုင်းတွင် တစ်ခါမှမရှိခဲ့ဖူးသည့် လိုက်လျောကမ်းလှမ်းချက်များနှင့် ဆောင် ရွက်လျက်ရှိပါကြောင်း၊ တပ်မတော်အနေ ဖြင့် ၂၁-၁၂-၂၀၁၈ ရက်နေ့ကစပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ ပစ်ခတ်တိုက် ခိုက်မှုကို ရပ်စဲထားခဲ့ပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ မတ်လ ရက်နေ့မှ ယခုနှစ်ကုန်ပိုင်းထိ တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကို ထပ်မံတိုးမြှင့်ထားပါကြောင်း၊  ဖေဖော် ဝါရီလ ရက်နေ့တွင်လည်း ထာဝရငြိမ်း ချမ်းရေးအတွက် ဖိတ်ခေါ်ခြင်းနှင့် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနားသို့ ဖိတ်ကြားခြင်း ကြေညာချက်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ထုတ်ပြန်ပေး ခဲ့ပါကြောင်း၊ ယခင်ကဆွေးနွေးမှုများတွင် အစိုးရနှင့်တပ်မတော်ဘက်က ကြိုတင်ကန့်သတ်ချက်များကြောင့် မအောင်မြင်ဟု ဝေဖန်ပြောကြားခြင်းများ ရှိကြောင်း၊  ယခု ထိုကြေညာချက်တွင်   မိမိတို့အနေဖြင့် ကြိုတင်ကန့်သတ်ချက်မထားဘဲ တတ်နိုင် သမျှ  လွတ်လွတ်လပ်လပ်ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ပါကြောင်း၊ ကမ္ဘာ့နိုင်ငံများ၏ ငြိမ်းချမ်းရေးဖြစ်စဉ်၊ ငြိမ်းချမ်းရေးကြိုးပမ်းမှု သမိုင်းတွင် ရှားပါးသည့်ဖြစ်စဉ်ဟု ဆိုနိုင်ပါ ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအနေဖြင့် အကျိုးရှိစွာအသုံးချ နိုင်ရန်လိုအပ်ပါကြောင်း၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်း အဖွဲ့ ဖွဲ့ နှင့် NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ဖွဲ့  စုစုပေါင်း ၁၁ ဖွဲ့  တက်ရောက်ခဲ့ပါ ကြောင်း ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန၊ အစည်းအဝေးခန်းမ တွင် ညှိနှိုင်းရေးကော်မတီနှင့် လက်မှတ်ရေး ထိုးထားပြီးနှင့် မထိုးရသေးသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးညှိနှိုင်းမှု များဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ဆွေးနွေး ရာတွင် မိမိတို့အစိုးရအနေဖြင့် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်ဟု သတ်မှတ်ထားပြီး အပစ်အခတ်ရပ်စဲရေး လုပ်ထားပါကြောင်း၊ တူညီခြင်းကို လောလောဆယ်ပေါင်းလုပ်ပြီး မတူညီတာကို ဆက်လက်ညှိနှိုင်းမည်ဆိုရင် မိမိတို့ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည်  ရှေ့ပိုရောက်မည်ဖြစ်နိုင်ကြောင်း ဦးတည်ဆွေးနွေးခဲ့ပါကြောင်း ပြောကြားသည်။

    တချို့နေရာတွင် တချို့သော EAO များသည် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထား သည့် NUG ၊ CRPH ၊ PDF များနှင့် ပူးပေါင်းပြီး အကြမ်းဖက်လုပ်ရပ်များလုပ် ဆောင်နေခြင်းကို တွေ့ရပါကြောင်း၊ လက်ရှိ အခြေအနေတွင် နိုင်ငံပညာရေးနှင့် ပတ်သက်ပြီး အဓိကနှောင့်ယှက်တိုက်ခိုက်နေသည်ကို တွေ့ရပါကြောင်း၊ စာမေးပွဲဖြေဆို နေသည့် ကာလများအတွင်း စာသင်ကျောင်းများကို အကြမ်းဖက်လာရောက်တိုက်ခိုက်ခြင်း၊ ခြိမ်း ခြောက်ခြင်းများပြုလုပ်လျက်ရှိသည်ကို တွေ့ရပါကြောင်း ပြောကြားသည်။

   ယခင်က မိမိတို့နိုင်ငံတွင် ခေတ်တစ်ခေတ် ကို ရောက်ခဲ့ဖူးသည့် အစွန်းရောက်နိုင်ငံရေး အယူဝါဒများ စွဲကိုင်ခဲ့ဖူးသည့် အဖွဲ့အစည်း တစ်ဖွဲ့၏ပြောကြားချက်ကို လုပ်ဆောင်နေသည်ကို တွေ့ရပါကြောင်း၊ ထိုအဖွဲ့အစည်း ၏ပြောကြားချက်တွင် တော်လှန်ရေးကို ဖန်တီးခြင်းဖြင့် တော်လှန်ရေးကိုသင်ယူကြ ဆိုသည့် အဆိုအမိန့်ဖြင့် လုပ်ခဲ့ခြင်း များရှိကြောင်း၊  ထိုသို့လုပ်ခဲ့ခြင်းဖြင့် အကျိုးဆက်အနေဖြင့် တော်လှန်ရေးကို ဖန်တီးခြင်းဖြင့် တော်လှန်ရေးကိုသင်ယူကြဆိုသည့် အမိန့်ကိုလိုက်နာရန်  အကောင်အထည် ဖော်ရန်အတွက် စာသင်ခန်းများကို အကန့် အသတ်မရှိ ရပ်ဆိုင်းလိုက်ရသည်ကိုတွေ့ရကြောင်း၊ ယခုအချိန်တွင်လည်း ထိုကိစ္စမျိုးဖော် ဆောင်နေသည်ကို တွေ့ရသည်ကို ပြည်သူလူထုကို သတိချပ်စေလိုပါကြောင်း၊  ငြိမ်းချမ်း ရေးအတွက်  လက်ရှိအနေအထားတွင် ကိုက်ညီခြင်းများကို ဦးစွာလုပ်မည်ဆိုလျှင် တဖြည်းဖြည်းနှင့် မိမိရည်မှန်းချက်ကိုရောက် လာမည်ဖြစ်ပါကြောင်း၊ စည်းလုံးညီညွတ်သည့် ပြည်ထောင်စုဖြစ်ရန် တောင်းဆိုချက် များ၊ ထိတွေ့မှုများ၊ ဆွေးနွေးမှုများ များများ လုပ်လျှင် ဖြစ်လာမည်ဖြစ်ကြောင်း၊ စိတ်ရှည် ရှည်ထားပြီး Emotion နည်းနည်းဖြင့် ဆောင်ရွက်မည်ဆိုလျှင် မိမိလိုချင်သည့် အနေအထား ရောက်ရှိလာမည် ဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုမရှိလျှင် အဖြေထွက်လာ နိုင်စရာမရှိပါကြောင်း၊ တိုင်းပြည်၏အင်အားသည်  ပြည်တွင်းမှာသာရှိသည်ကို  မိမိတို့ အားလုံး  လက်ခံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လက်ခံဆောင်ရွက်ပါက တိုင်းပြည် ငြိမ်းချမ်းဖွံ့ဖြိုးတိုးတက်မည် ဖြစ်ပါကြောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့်  (၁၀၁)နှစ်မြောက် အမျိုးသားနေ့အောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကိုပေးပို့ခဲ့သည့် သဝဏ်လွှာတွင်လည်း တိုင်းရင်းသားပြည်သူများအနေ ဖြင့် အမိနိုင်ငံတော်ကြီးကို အမှန်တကယ် ချစ်မြတ်နိုးပြီး အချင်းချင်းသံသယစိတ် ကင်းရှင်းစွာဖြင့်  အပြန်အလှန် လေးစား ညီညွတ်လျက်   အနာဂတ်နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်ကောင်းစေတနာ အပြည့်ဖြင့် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည် ဟု ထည့်သွင်းဖော်ပြထားပြီး ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရ၏ တိုင်းရင်းသားပြည်သူများ စည်းလုံးညီညွတ်ရေးအပေါ် ထားရှိသည့် အဓိကခံယူချက်ပင် ဖြစ်ကြောင်း၊ မိမိတို့အားလုံး၏ရည်မှန်းချက်သည် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့်  ပြည်ထောင်စု နိုင်ငံဖြစ်ရမည်ဟု အားလုံး ရည်မှန်းထားခြင်းဖြစ်ကြောင်း၊  အားလုံး၏ အခြေခံရည်ရွယ်ချက် ရည်မှန်းချက်တူညီ ပါကြောင်း၊ ထို့ကြောင့် တူညီခြင်းများကို ညှိနှိုင်းကာအတူလက်တွဲလုပ်ပြီး မတူညီ သည်ကို  မည်သို့ဆက်လက်ညှိနှိုင်းဆောင်ရွက်မည်ဆိုသည့် အနေအထားမျိုး ညှိနှိုင်း ဆွေးနွေးမှသာ လိုချင်သည့် ပန်းတိုင်ကိုရရှိ မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် NCA စာချုပ်ရရှိရန်အတွက်  တစ်နှစ်နှင့်ကိုးလခန့် ကြာမြင့်ခဲ့ပြီး စာချုပ်ချုပ်ရန်အတွက် ပထမဆုံး ၂၁ ဖွဲ့ဖြင့်ဆွေးနွေးခဲ့ပါကြောင်း၊ ၂၁ ဖွဲ့မှ ၁၆ ဖွဲ့၊ ၁၆ ဖွဲ့မှ အမှန်တကယ်လက်မှတ်ထိုး သည့်အခါ ဖွဲ့ လက်မှတ်ထိုးသည့်အဆင့်၊ ထိုမှတစ်ဆင့်  ၁၀ ဖွဲ့  ဖြစ်လာခြင်းဖြစ် ကြောင်း၊  NCA စာချုပ်ကိုအကြောင်းပြုပြီး ညီလာခံအဆင့်ဆင့်ကို ကြိုးပမ်းလာခဲ့ရာ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ခုကို ရရှိခဲ့ပြီးဖြစ်ပါကြောင်း ပြောကြားသည်။

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ခုမှ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက်အကောင် အထည်ဖော်မှုများကို --၂၀၂၂ ရက် နေ့တွင် ညှိနှိုင်းရေးအဖွဲ့နှင့် နိုင်ငံရေးပါတီ အစုအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခြင်းပြုလုပ်ရာ သဘောထားစုစည်းချက် ချက်ရရှိခဲ့ပါ ကြောင်း၊ မိမိတို့အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ အကျိုးဆောင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ နှင့် ဆွေးနွေးမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက် ခြင်းသည် လောက၏နိယာမတရား ဖြစ်သည့် အကြောင်းတရားများညီညွတ်လျှင် အကျိုး တရားများဖြစ်ပေါ်လာသည် ဆိုသည့် နိယာမအတိုင်း အစိုးရအနေဖြင့် အကြောင်းတရား များညီညွတ်အောင် ဖန်တီးပေးနေခြင်းဖြစ် ကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ကောင်းသောအကျိုးများ ခံစားရစေရေး အတွက် ကောင်းသောအကြောင်းတရား များကို  ဖန်တီးပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အားလုံးဝိုင်းဝန်းပြီး တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် သက်ဆိုင်သူအားလုံး ပါဝင်ကြိုးပမ်းသွားကြရန် အကြောင်းတရားများ ညီညွတ်အောင် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။

တတိယအချက်အနေဖြင့် အရွယ်မရောက် သေးသူကလေးသူငယ်များအား စစ်မှုထမ်း ဆောင်ခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်း ရေးကော်မတီ၏ ဆောင်ရွက်ချက်များကို ပြောလိုပါကြောင်း၊ ကလေးသူငယ် များအား စစ်မှုထမ်းဆောင်ခြင်းမှ  ကာကွယ်တားဆီး ထိန်းသိမ်းရေးကော်မတီ၏ ဆောင်ရွက်ချက် များကိုပြောရခြင်းသည် မကြာသေးမီကာလက မိမိတို့မြန်မာနိုင်ငံတွင် ကလေးသူငယ် များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ် တားဆီးရေးနှင့်ပတ်သက်ပြီး ဆောင်ရွက်ခဲ့ ခြင်းများရှိကြောင်း၊ ဆောင်ရွက်ခဲ့သည်များ ကိုလုပ်နေသည့် ကုလသမဂ္ဂအဖွဲ့အစည်းများ အနေဖြင့် ဆက်လက်လုပ်ဆောင်ခြင်းမရှိဘဲ တစ်ဖက်သတ်စွပ်စွဲချက်များဖြင့် မိမိတို့ နိုင်ငံကိုစွပ်စွဲပြီး စာရင်းထည့်သွင်းခဲ့ခြင်းရှိကြောင်း၊ ထိုကိစ္စများကို သိရှိအောင်ပြောခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော်အစိုးရနှင့် မြန်မာနိုင်ငံ စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံတင်ပြရေးလုပ်ငန်းအဖွဲ့ (Country Task Force on Monitoring and Re-porting-CTFMR)တို့အကြား အရွယ် မရောက်သေးသည့်  ကလေးသူငယ်များ စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး လုပ်ငန်းစီမံချက် ကို ၂၇--၂၀၁၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး Plan of Action သက်တမ်းကာလ ၁၈ ဖြစ်ပါကြောင်း ပြောကြားသည်။

၂၇-၁၂-၂၀၁၃ ရက်နေ့တွင် Plan of Action သက်တမ်းကာလ ၁၈ လပြည့် မြောက်ခဲ့သော်လည်း   လုပ်ငန်းကိစ္စများ မပြီးပြတ်သဖြင့် လနှစ်ကြိမ် သက်တမ်းတိုးမြှင့်ခဲ့ပြီး   ဒုတိယအကြိမ်သက်တမ်း လကုန်ဆုံးသည့် ၂၇-၁၂-၂၀၁၄ ရက် နောက်ပိုင်းမှစ၍ Plan of Action အား ထပ်မံသက်တမ်းတိုးမြှင့်ခြင်းမရှိဘဲ Indicator ချက်ဖြင့် ဆက်လက်ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၆--၂၀၁၈ ရက်နေ့တွင် CTFMR နှင့် မြန်မာအစိုးရ ကိုယ်စားလှယ် အဖွဲ့တို့ပြုလုပ်သည့်    အစည်းအဝေးဆုံးဖြတ်ချက်အရ Indicator ၂၁ ချက်မှ Indicator ၁၁ ချက်အထိ လျှော့ချကာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း ပြောကြားသည်။

တပ်မတော်အနေဖြင့် ကော်မတီစတင်ဖွဲ့စည်းခဲ့သည့် ၂၀၀၄ ခုနှစ်မှစ၍ CTFMR နှင့် Plan of Action စာချုပ်ကို လက်မှတ်မရေးထိုးမီ ၂၆--၂၀၁၂ ရက်နေ့အထိ အရွယ်မရောက်သေးသူကလေးသူငယ် (၅၉၇) ဦးကို တပ်မတော်မှနုတ်ထွက်ခွင့်ပေးခဲ့ပါကြောင်း၊ လုပ်ငန်းစတင်ခဲ့သည့် ၂၀၁၂ ခုနှစ်၊   ဇွန်လမှ ယနေ့အချိန်အထိ  CTFMR နှင့်ပူးပေါင်းပြီး   တပ်မတော်မှ အရွယ်မရောက်မီ မှားယွင်းစုဆောင်းခဲ့သည့် အသက်မပြည့် စစ်သည်(၁၀၂၉)ဦးကို တပ်မတော်မှနုတ်ထွက်ခွင့်ပြုခဲ့ပြီး မိဘရပ်ထံ ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မှားယွင်းစုဆောင်းခြင်း ခံခဲ့ရသည်ဟု စိစစ်တွေ့ရှိရသည့် အသက်မပြည့်စစ်သည် (၂၈)ဦးကို မိဘအုပ်ထိန်းသူများထံပြန်လည်လွှဲပြောင်းပေးနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပြီး တပ်မတော်နှင့် CTFMR တို့၏ ပူးပေါင်းဆောင်ရွက်မှုကြောင့်  ၁၅--၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့်   ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ၂၀၁၉ ခုနှစ်အတွက် ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာနှစ်စဉ်အစီရင်ခံစာ၏ နောက်ဆက်တွဲပါ ကလေးစစ်သည်စုဆောင်းမှုနှင့် အသုံးပြုမှုစာရင်းမှ မြန်မာ့တပ်မတော်ကိုပယ်ဖျက်ခဲ့ပြီး အပြီးသတ်ပယ်ဖျက်နိုင်ရေး စောင့်ကြည့်ကာလ တစ်နှစ်သတ်မှတ်ပေးခဲ့ပါကြောင်း၊  စောင့်ကြည့်ကာလအတွင်း   တပ်မတော်အနေဖြင့် တပ်သားသစ်စုဆောင်းရေးကဏ္ဍ၌ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်လျက်ရှိပြီး  ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊   သို့သော် ၂၁--၂၀၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ နှစ်စဉ်အစီရင်ခံစာ မထုတ်ပြန်မီ ကြိုတင်ညှိနှိုင်းခြင်းမရှိဘဲ တစ်ဖက်သတ်ပြန်လည် စာရင်းသွင်းခဲ့ကြောင်း၊ မိမိတို့အနေဖြင့် မည်သို့စွပ်စွဲသည်ဖြစ်စေ၊ ညှိနှိုင်းမှုမရှိဘဲ ပြန်လည်စာရင်းသွင်းသည်ဖြစ်စေ၊ တပ်မတော်အနေဖြင့် ကော်မတီ၏ပုံမှန်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ကော်မတီ၏ လုပ်ဆောင်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် CTFMR သို့ အသိပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆင့်တူ ပူးပေါင်းဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံဘက်မှ လမ်းကြောင်းမျိုးစုံဖြင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း၊  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ  အထူးကိုယ်စားလှယ် ထံသို့ နိုင်ငံခြားရေးဝန်ကြီး ဌာနမှတစ်ဆင့် အကြောင်းကြားထားရှိပြီး မြန်မာ့တပ်မတော် အနေဖြင့်  မည်သို့ပင်ဆိုစေ မိမိတို့၏ ကတိကဝတ်များအတိုင်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားသည်။နံပါတ်လေးအချက်အနေဖြင့် လတ်တလောပျံ့နှံ့နေသည့်ငွေတုကိစ္စအကြောင်း ပြောလိုပါကြောင်း၊ ပြည်သူလူထုအနေဖြင့် ကောလာဟလအပေါ် စိုးရိမ်ပူပန်မှုများမဖြစ်ရန် အသိပေးလိုပါကြောင်း၊ လူမှုကွန်ရက်စာမျက်နှာအပေါ်တွင် ငွေစက္ကူအတုရောင်းဝယ်ရေး Facebook Page များဖွင့်ပြီး ကြော်ငြာရောင်းချနေခြင်းကို တွေ့ရပါကြောင်း၊ ငွေစက္ကူအစစ်များကို ဓာတ်ပုံရိုက်ပြီး Page တွင် လိမ်လည်ဖော်ပြထားခြင်းနှင့် ပုံအဟောင်းများကူးယူပြီး ဖော်ပြထားခြင်းတွေ့ရပါကြောင်း၊ အင်တာနက် စာမျက်နှာများပေါ်တွင် ငွေစက္ကူအတုများ ရောင်းချခြင်း ဆိုသည့် အရောင်းအဝယ်ပြုလုပ်ခြင်း မဟုတ်ဘဲ Online တွင် ယုံကြည်အောင်ပြောဆိုပြီး ကြိုတင်လွှဲပို့သည့်ငွေများကို လိမ်လည်ရယူခဲ့ခြင်းကိုတွေ့ရကြောင်း၊ ငွေ ၃၀၀၀ဝိ^-(သုံးသောင်းကျပ်)စရန်တောင်းခံပြီး ငွေရရှိပါက ထပ်မံဆက်သွယ်မရဘဲ ဖုန်းပိတ်ထားခြင်း၊ အကောင့်ဖျက်ပြီး ပြေးခြင်းမျိုးလုပ်ဆောင်သည်ကိုတွေ့ရကြောင်း၊ ငွေစက္ကူအတုကို  မည်သည့်နေရာတွင် ချထားမည်သွားယူပါဆိုသည့်ပုံစံဖြင့် ငွေကြိုလွှဲခိုင်းပြီးပိတ်သွားခြင်း၊ လိမ်သွားကြခြင်းကို စုံစမ်းသိရှိရပါကြောင်း၊ မိမိပြောလိုသည်မှာ  ယခင်ငွေစက္ကူနှင့်ပတ်သက်ပြီး ကောလာဟလများထွက်သည့်အချိန်တွင် ပြောပြီး ဖြစ်ကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆()အရ နိုင်ငံတော်သည် တရားဝင်ထုတ်ဝေထားသော ငွေကြေးကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြု ဟု ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း ပြောကြားသည်။

ထို့ကြောင့် ပြည်သူလူထုအနေဖြင့် စိုးရိမ်ပူပန်မှုမရှိဘဲ ယုံကြည်စွာသုံးစွဲနိုင်ကြောင်း အသိပေးပြောကြား လိုကြောင်း၊ ဗဟိုဘဏ်၏ မှတ်တမ်းများအရ ငွေအတုဖမ်းဆီးရမိမှု အနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ၁၉ ကြိမ်၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကြိမ်နှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ၂၅ ကြိမ် ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ငွေစက္ကူအတုဖမ်းဆီးရမိမှုပိုများပါကြောင်း၊ Online တွင် ငွေစက္ကူအတုနှင့် လိမ်လည်မှုနှင့် ပတ်သက်ပြီး ၂၀၂၂ ခုနှစ် မတ်လအတွင်း Online လိမ်လည်မှု မှုအား ဖော်ထုတ်ဖမ်းဆီး နိုင်ခဲ့ပါကြောင်း ပြောကြားသည်။

ဆက်လက်ပြီး အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုများနှင့်ပတ်သက်သည့် Video File အချို့ကို ဖွင့်ပြလို ပါကြောင်း၊ NUG CRPH စသည့် အကြမ်းဖက်အဖွဲ့အစည်းများ  ၎င်းတို့၏လက်အောက်ခံ PDF အမည်ခံအဖွဲ့များ၏ လုပ်ရပ်များစွာထဲက အချိန်ကာလကိုငဲ့ကွက်ပြီး File အချို့ကို ဖွင့်ပြခြင်းဖြစ်ကြောင်း၊ မိမိတို့ထံ အခုလို Video File ပေးပို့သည့်အပြင် ဆက်သွယ်ရေး နည်းလမ်းမျိုးစုံမှတစ်ဆင့် နောက်ဆုံး လူကိုယ်တိုင်လာပေးသည့်အဆင့်ထိ Video File များစွာရှိကြောင်း၊ ထိုအထဲမှ ၎င်းတို့၏ လုံခြုံရေး၊ ရပ်ရွာလုံခြုံရေးအတွက် သက်သေအထောက်အထားအဖြစ် ထားရှိရန် ပြောခဲ့သည်များရှိကြောင်း၊ အချို့ Video File များသည် ကာယကံရှင်ကိုယ်တိုင် ၎င်းတို့ရွာတွင် ဖြစ်ပျက်နေသည်များ၊ ပြည်ပမီဒီယာများ၊ မီဒီယာများ မည်သို့လုပ်ကြံ သတင်းဖန်တီးထားသည်ကို  သိရှိနိုင်ရန် ပေးပို့ထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဖွင့်ပြခြင်းဖြစ်ကြောင်း၊ ပထမဦးဆုံး စစ်ကိုင်းတိုင်းဒေသကြီး အင်းမထီးကျေးရွာ ဒုတိယအကြိမ် မီးရှို့ခံရသည့် ဖြစ်စဉ်ဖြစ်ကြောင်း၊ မည်သည့်အဖွဲ့က မည်သို့ဆောင်ရွက်ခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ အင်းမထီး ကျေးရွာတွင် ယခင် /၁၀ လပိုင်းက တည်းကပင် အခွန်ကောက်ခြင်း၊ PDF နှင့် ပတ်သက်ပြီး ပေးရခြင်းများကို ပြောထားခြင်းဖြစ်ကြောင်း ပြောကြား၍ အင်းမထီးရွာဖြစ်စဉ်နှင့် ပတ်သက်ပြီး ရွာသားများ၏ ပြောကြားချက်အချို့ ပါဝင်သည့်  Video File ကို ပြသသည်။

နောက်တစ်ခုအနေဖြင့် ပုလဲမြို့နယ် ဇီးဖြူကုန်းရွာဖြစ်စဉ်ကို ဖွင့်ပြမည် ဖြစ်ကြောင်း ပြောကြား၍    ဇီးဖြူကုန်းရွာ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရွာသားတချို့ပြောကြားထားသည့်  Video File ကို ပြသသည်။ Video File လေးဖိုင်စုစည်းထားပါကြောင်း၊ ပုလဲမြို့နယ် ဇီးဖြူကုန်းရွာနောက်ခံအကြောင်း အရာတချို့ကိုလည်း ဖြည့်စွက်ပြောကြားလိုပါကြောင်း၊   ထိုကာလထိုအချိန်တွင် ထိုရွာ၌ စည်းလုံးညီညွတ်ပြီး အေးချမ်းစွာ နေခြင်းများရှိကြောင်း၊ နိုင်ငံရေးအယူဝါဒမျိုးစုံ၊ ပါတီထောက်ခံသူမျိုးစုံရှိကြောင်း၊ အနီ/အစိမ်း/အပြာ အားလုံးရှိပါကြောင်း၊ စည်းလုံးညီညွတ်မှု အပြည့်ဖြင့်နေခဲ့ခြင်း ရှိကြောင်း၊ ဒီမိုကရေစီ၏အနှစ်သာရဖြစ်သည့် လွတ်လပ်စွာကွဲလွဲခွင့်ကိုအပြည့်အဝကျင့်သုံးခဲ့သည့်ရွာဟုပြောနိုင်သည့် အနေအထားဖြစ်ကြောင်း၊ အစိမ်းအိမ်က လှူလျှင် အနီကူသလို၊ အနီအိမ်က အခက်အခဲရှိလျှင် အစိမ်းကလည်း  ကူခဲ့သည့် ရာဇဝင်ရှိပါကြောင်း၊  NUG ဆိုသည့် အကြမ်းဖက်အဖွဲ့၏  D-Day ဆိုသည့် ကြေညာချက်ထွက်လာပြီးနောက် ထိုရွာတွင် စည်းလုံးမှု၊ ညီညွတ်မှုများ ပျက်ပြားပြီး PDF ဟု အမည်တပ်ထားသည့် လက်နက်ကိုင် အဖွဲ့အစည်းများ ဖွဲ့စည်းပြီးသည့်နောက်တွင် ပိုလျှံလျှင်အလှူအတွက် ရည်စူးထားသည့် ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့် ငွေကြေးများသည် PDF အဖွဲ့ကို ဆက်ကြေးပေးရသည့်အဆင့်  ရိက္ခာထောက်ပံ့ရသည့် အဆင့်အထိ ရောက်သွား ပါကြောင်း၊ ရွာသူ၊  ရွာသားများ၏ပြောကြားချက်အရ ()လပိုင်းကနေစပြီး ဆက်ကြေးပေးခဲ့ရပါကြောင်း၊  လူငယ်များသည် အိမ်၏တောင်သူအလုပ်နှင့် အခြားအလုပ်များကို လုပ်ကူရမည့်အစား ဒေသအတွက် PDF ထဲကိုဝင်ရမည်ဆိုပြီး ဝင်ရပါကြောင်း၊  မဝင်လျှင်သတ်ဖြတ်သည်ထိ ကျူးလွန်ပါကြောင်း၊ ခြိမ်းခြောက်ပါကြောင်း၊  မဝင်လို၍ မြို့ပေါ်ပြေးလျှင် အိမ်ကလူများကို သတ်မည်ဟု   ခြိမ်းခြောက်မှုကြောင့် PDF ထဲဝင်ရသူ မနည်းသည်ကို တွေ့ရပါကြောင်း၊ ဆက်ကြေးပေး PDF ထဲဝင်၍ ၎င်းတို့မိသားစု လုံခြုံမှုမရှိသေးပါကြောင်း ပြောကြားသည်။

ယခင် ရန်ငြိုးရန်စရှိခဲ့ဖူးသူက PDF ထဲ ရောက်နေလျှင် ဘယ်အချိန်ဒလန်ဆိုသည့် စွပ်စွဲချက်ဖြင့် အသတ်ခံရသည့် စိတ်ပူပင်ရခြင်းမျိုးစုံရှိခဲ့ပါကြောင်း၊ ထိုသို့နေထိုင်ရခြင်း ကြောင့် တချို့ရွာသူရွာသားများသည် မခံနိုင်သည့်အဆုံး ပြည်သူ့စစ်အဖွဲ့ငယ်များကို စပြီးဖွဲ့စည်းပါကြောင်း၊   ထိုသို့ဖွဲ့သည့်အချိန်တွင် PDF အဖွဲ့များသည် မကျေမချမ်း ဖြစ်ပြီး ပြည်သူ့စစ်ဖွဲ့သည့်ရွာများကို အင်အားသုံးပြီး တိုက်ခိုက်၊ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ခဲ့ပါကြောင်း၊  ရွာမီးလောင်တော့ ဦးအောင်တပ်က လုပ်သယောင်ထုတ်လွှင့်ခဲ့ခြင်းများ ရှိကြောင်း၊  မီးသည် အစိမ်းအိမ်လောင်သလို အနီအိမ်လည်းလောင်ခြင်း ဖြစ်ကြောင်း၊  နီ၍ မီးကမလောင်ဘဲ ကွင်း သွားခြင်းမရှိဘဲ အကုန်လောင်ပါကြောင်း၊ ဇီးဖြူကုန်းရွာဖြစ်စဉ်တွင် အမှန်တကယ်ခံစားရသည့် ကျေးရွာသားများ၏ Video File ကို    ကြည့်ရှုရမည်ဖြစ်ကြောင်း ပြောကြား၍ ထို့နောက် Video File ကို ပြသသည်။

PDF အဖွဲ့ကို ဖြစ်ပေါ်လာရန် လှုံ့ဆော်ပေးသည့် PDF အဖွဲ့ကို  ညွှန်ကြားပေးနေသည့် အကြမ်းဖက် NUG အဖွဲ့များအနေဖြင့် ထိုကိစ္စနှင့်ပတ်သက်ပြီး တာဝန်ယူမှု  တာဝန်ခံမှုရှိရမည်ဖြစ်ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး ၎င်းတို့ထိန်းသိမ်းနိုင်ပါသလား၊ EAO ခေါင်းဆောင်တစ်ဦး ပြောခဲ့သည်ကို  မီဒီယာသမားများနှင့် ကြည့်ရှုနေကြသည့် မိဘပြည်သူများလည်း သိရှိပြီးဖြစ်ကြောင်း၊ အကြောင်းမဲ့ပြောခဲ့ခြင်း မဟုတ်ကြောင်း၊ အတွေ့အကြုံအရပြောခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့တပ်ကပြောခဲ့ခြင်း မဟုတ်ကြောင်း၊ နှစ်ပေါင်းများစွာ လက် နက်စွဲကိုင်ပြီး တိုင်းရင်းသားအရေးလုပ်နေသည့် EAO အဖွဲ့ခေါင်းဆောင်တစ်ဦးပြောခဲ့ခြင်းဖြစ်ကြောင်း၊ ထိုအဖွဲ့များသည် လက်နက်စွဲကိုင်ပြီးလျှင်   မည်သူမျှထိန်း၍သိမ်း၍ရမည်မဟုတ်ကြောင်း၊    ဓားပြသာသာ ဖြစ်သွားမည်ဟု ပြောခဲ့ကြောင်း၊ မှန်မမှန်တွေ့ရမည်ဖြစ်ကြောင်း၊ လက်ရှိဖြစ်ပျက်နေသည့် အဖြစ်အပျက်များ ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ယခင်က ပြောခဲ့သလို  ထိုသို့ခံစားနေရသူများနှင့် ပတ်သက်လာလျှင် ပြည်သူလူထုပါဝင်သည့် ပြည်သူ့ကာကွယ်ရေးစနစ်ကို အရှိန်မြှင့်တင် ဆောင်ရွက်ပြီး ပြည်သူလူထုကို ကာကွယ်နိုင်ရန် ပြည်သူလူထုပါဝင်သည့် ပြည်သူလူထုကာကွယ်ရေးစနစ်ကို အရှိန်မြှင့်တင်ဆောင်ရွက ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ဓားပြသာသာဖြစ်နေမည်ကို အကြောင်းမဲ့ပြောခြင်းမဟုတ်ကြောင်း၊ ၁၈--၂၀၂၁ ရက်နေ့ထိ PDF အကြမ်းဖက်သမားများ၏ လုပ်ရပ်ကြောင့် ရွှေဆိုင်လုယက်ခံရမှု တရားခံ ၅၉ ဦး ကျူးလွန်ခဲ့ပြီး တန်ဖိုးငွေ ၁၆၂၄၉၇၉၄၀၀ ကျပ် (. ဘီလီယံ ကျော်ခန့်)ရှိပါကြောင်း၊ သေနတ်ဖြင့်    ခြိမ်းခြောက်လုယက်မှု ၁၁ ကြိမ်၊ လူကိုသေစေသည့် ဓား၊ တုတ်နှင့် ကြိမ် ပါဝင်ပတ်သက်ခဲ့ပါကြောင်း၊  ဘဏ်ဓားမြတိုက်မှု ၁၈ ကြိမ်ဖြစ်ပွားခဲ့ပြီး တရားခံ၉၇ ဦး ဖမ်းမိခဲ့ပါကြောင်း၊ တန်ဖိုးငွေ ၁၃၅၅၁၆၀၉၃၆၄ ကျပ်(၁၃. ဘီလီယံ ကျော်ဆုံးရှုံးခဲ့ပါကြောင်း၊ အကြမ်းဖက်လုယက်မှုအနေဖြင့် ၄၅ ကြိမ် ဖြစ်ပွားခဲ့ပြီး ၃၁၃၀၆၈၃၉၆၅ ကျပ်၊ (. ဘီလီယံ ကျော်ခန့်)ဖြင့်   လုယက်ကျူးလွန်ခဲ့ပါကြောင်း၊   စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖြစ်စဉ် ၁၃ ခုဖြင့် အများဆုံးဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ စို့ကွင်းကျေးရွာမှ သေနတ်ဖြင့်ချိန်ပြီး ငွေ သောင်း တန်ဖိုးခန့်ဖြင့် သေနတ်ပစ်ခတ် ဓားပြတိုက်တဲ့ဖြစ်စဉ်ရှိသကဲ့သို့ ဆီတင်သင်္ဘောများကိုလည်း ငွေသိန်း ၅၀ ခန့် ဓားပြတိုက်သည့် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ အောင်ချမ်းသာရွာအနီး ဖြစ်စဉ်များလည်းရှိပါကြောင်း၊ မကွေးတိုင်း၊ ဆိပ်ဖြူကုန်းရွာ၌လည်း တူမီးသေနတ်ကိုင် လူ ဦးက အထက်တန်းပြဆရာတစ်ဦး ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်စဉ်များလည်းရှိပါကြောင်း၊ လက်နက်များကိုင်ပြီး အကြမ်းဖက်ဓားပြတိုက်လုယက်မှုအချို့သာဖြစ်ပါကြောင်း၊ ထို့အပြင် ဝေစုမတည့် သဖြင့် PDF အချင်းချင်း ဒလန်၊ သတင်းပေးဆိုပြီး သတ်ဖြတ်မှုများလည်းရှိနေပါကြောင်း၊

အစကတည်းက   ခံယူချက်စိတ်ဓာတ်မကောင်းသူ၊ မရှိသူများ၏ အချင်းချင်း သတ်ဖြတ်မှုဇာတ်လမ်းများက ပေါ်ပေါက်လာမည်၊ ပေါ်ပေါက်နေဆဲဖြစ်မည်ဆိုသည်ကို   မကြာခင်အရှိန်အဟုန်နှင့် လာပါလိမ့်မည်ဖြစ်ကြောင်း၊ ယင်းလုပ်ရပ်များကို ပြည်သူများအနေဖြင့် မိမိတို့နှင့် ပူးပေါင်းပါဝင်ကြပါဟု တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

နိဂုံးချုပ်အနေဖြင့် ရွေးကောက်ပွဲကိစ္စကို ပြောကြားလိုပါကြောင်း၊  မိမိတို့နိုင်ငံ၌ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ရွေးကောက်ပွဲ ကြိမ်ကျင်းပခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၌ မြို့နယ် ၃၃၀ ရှိသည့်အနက် ၂၀၁၀ ရွေးကောက်ပွဲတွင် မြို့နယ် (၃၂၅) မြို့နယ်၊ ၂၀၁၅ ရွေးကောက်ပွဲတွင် မြို့နယ် (၃၂၃) မြို့နယ်၊ ၂၀၂၀ ရွေးကောက်ပွဲတွင် မြို့နယ် (၃၁၅) မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်၊ ပုဒ်မ အရ နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးသည်  ဟု ပြဋ္ဌာန်းထားပါကြောင်း၊ အနှစ်သာရမှာ စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တစ်နိုင်ငံလုံး၊ မည်သည့် နေရာဒေသမှမကျန် ကျင့်သုံးရမှာဖြစ်ပါကြောင်း၊ ထိုသို့ကျင့်သုံးနိုင်ရန် အခြေခံအချက်က လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများ တစ်နိုင်ငံလုံး၌ ဆောင်ရွက်ပေးနိုင်ရမှာ ဖြစ်ပါကြောင်း၊ သို့မှသာ အထွေထွေရွေးကောက်ပွဲ (General Election) ဆိုသည့်အင်္ဂါရပ်နှင့် ပြည့်စုံမည် ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲကို လုပ်နိုင်သည့် နေရာလုပ်၊ မလုပ်နိုင်သည့်နေရာကို မလုပ်ဘဲ ချန်ထားပါက ဒီမိုကရေစီနှင့် အထွေထွေ ရွေးကောက်ပွဲ၏ အနှစ်သာရများ ယုတ်လျော့သွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော် အစိုးရအနေဖြင့် လာမည့်ရွေးကောက်ပွဲကို  တစ်နိုင်ငံလုံးအကြားအလပ်မရှိ ကျင်းပနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း အသိပေးပြောကြားလိုပါကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ဦးက ရှင်းလင်းပြောကြားရာတွင် ယခုသတင်းစာရှင်းလင်းပွဲတွင်  ရှင်းလင်း တင်ပြမည့်   အကြောင်းအရာများမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နောင်ကျင်းပမည့်  ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံး ဆောင်ရွက်မည့်အခြေအနေ၊ နိုင်ငံရေးပါတီများစစ်ဆေးခြင်း၊ မဲဆန္ဒရှင်စာရင်းများ ပြုစုခြင်းအပါအဝင်   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းသွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နောင်ကျင်းပမည့်ရွေးကောက်ပွဲများတွင်   အချိုးကျကိုယ်စားပြုစနစ် (Proportional Representation System) ကျင့်သုံးဆောင်ရွက်မည့် အခြေအနေအကျဉ်းချုပ်များကို ဦးစွာတင်ပြမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီ ခေတ်ကာလအပါအဝင် ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ပါတီစုံဒီမိုကရေစီစနစ် ကာလတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲများ တွင်  မဲအများဆုံးရသူ အရွေးခံရသည့်စနစ် ( First Past the Post ( FPTP )) တစ်နည်းအားဖြင့် နိုင်သူအကုန်ယူစနစ် (Winner takes all) ကို ကျင့်သုံးခဲ့ကြောင်း၊ FPTP စနစ်နှင့် ကျင်းပခဲ့သည့် အဆိုပါရွေးကောက်ပွဲများကို လေ့လာခဲ့သည့် ရွေးကောက်ပွဲတွင်   ပါတီတစ်ခုက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အနိုင်ရသောမဲများ၏ ရာခိုင်နှုန်းနှင့် လွှတ်တော်အမတ်ရရှိမှု    ရာခိုင်နှုန်းအချိုးအစား ကွာဟချက်ကြီးမားခြင်း၊ တစ်နည်းအားဖြင့် အဟောသိကံ၊ လေလွင့်ဆုံးရှုံးသည့် မဲများသည်ကို တွေ့ရကြောင်း၊ FPTP စနစ်၏ အားနည်းချက်များကြောင့် ကမ္ဘာ့နိုင်ငံအများစု ကျင့်သုံးလျက်ရှိသည့်  အချိုးကျကိုယ်စားပြုစနစ် (PR)ကို မြန်မာနိုင်ငံတွင်လည်း ပြောင်းလဲကျင့်သုံးရန် ပထမအကြိမ် လွှတ်တော် သက်တမ်းကာလကတည်းက ဆောင်ရွက်ခဲ့သည်ကို  တွေ့ရှိရမည်ဖြစ်ကြောင်း ပြောကြားသည်။    

အချိုးကျ ကိုယ်စားပြု စနစ်သည် မဲဆန္ဒနယ်ဧရိယာကို ကျယ်ပြန့်စွာသတ်မှတ်ပြီး ယင်းမဲဆန္ဒနယ်မှ ရွေးကောက်တင်မြှောက်ရမည့် ကိုယ်စားလှယ်ဦးရေကို သတ်မှတ်ပေးပြီး ပါဝင်ယှဉ်ပြိုင်သည့်  ပါတီအဖွဲ့အစည်းအလိုက် ရရှိသည့် ထောက်ခံဆန္ဒမဲအရေအတွက်ပေါ်မူတည်၍ ရွေးကောက်ခံရသော ကိုယ်စားလှယ် သတ်မှတ်ပေးသည့် စနစ်ဖြစ်ကြောင်း၊ တစ်သီးပုဂ္ဂလများလည်း ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ရရှိသည့်ထောက်ခံဆန္ဒမဲအပေါ်မူတည်ပြီး   ရွေးကောက်တင်မြှောက်ခံရနိုင်ကြောင်း၊ အချိုးကျကိုယ်စားပြုစနစ်ကို ယေဘုယျအားဖြင့် သုံးမျိုး၊ သုံးစားခွဲခြားနိုင်ကြောင်း၊          (က)            ပါတီအမည်ကို မူတည်ပြီး အချိုးကျ ကိုယ်စားပြုစနစ်(Party List Pro-portional Representation System   - LPR)         

() ပါတီနှင့် အမတ်လောင်းတစ်ပါတည်းရွေးချယ်သော ပေါင်းစပ်ထားသည့် အချိုးကျကိုယ်စားပြုစနစ် (Mixed Member Proportional System  - MMP)

( )    လွှဲပြောင်း၍ရသော တစ်မဲတည်းပေးစနစ် (Single Transferable Vote   - STV) စသည်တို့ဖြစ်ကြောင်း ပြောကြားသည်။

ပါတီအမည်ကို မူတည်ပြီး အချိုးကျရွေးချယ်သည့်စနစ် (Party List PR) တွင် စာရင်းပိတ် ( Closed List ) စာရင်း

ဖွင့် ( Open List )နှင့် စာရင်းလွတ် ( Free List ) ဟူ၍ သုံးမျိုးရှိကြောင်း၊  မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းများအရ အသက်   နှစ်အထက် လုံးဝကျောင်းမနေဖူးသူ သန်း နီးပါး၊ အသက် ၂၅ နှစ်အထက် လုံးဝကျောင်းမနေဖူးသူ  သန်းနီးပါး၊ မူလတန်းနှင့် မူကြိုအဆင့်ရှိသူ   ၁၁. သန်းရှိပြီး အလယ်တန်းအဆင့်နှင့်  အောက်ပညာသင်ကြားခဲ့ရသူပေါင်းသည်  နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံဖြစ်သည့် ၁၈. သန်း ရှိသည့်အတွက် PR စနစ်များထဲက Party List PR စနစ်၏ မူလပုံစံဖြစ်ပြီး ရိုးရှင်းလွယ်ကူသည့်  Closed List PR ကိုသာ ရွေးချယ်ကျင့်သုံးသင့်ကြောင်း၊ အတွေ့အကြုံရင့်ကျက်လာချိန်မှသာ အခြားစနစ်များကို ပြောင်းလဲကျင့်သုံးသင့်သည်ကို သုံးသပ်တွေ့ရှိကြောင်းပြောကြားသည်။   

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်   နောင်ကျင်းပပြုလုပ်မည့်ရွေးကောက်ပွဲများတွင်  မြန်မာနိုင်ငံနှင့်

သင့်လျော်ကိုက်ညီသည့် ရွေးကောက်ပွဲစနစ်ပြောင်းလဲကျင့်သုံးရေးကို နိုင်ငံရေးပါတီများနှင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ၊ မေလ နိုဝင်ဘာလ ဒီဇင်ဘာလတို့တွင် တွေ့ဆုံဆွေးနွေးခြင်း၊ စာတမ်းများဖတ်ကြားခြင်း၊    ရွေးကောက်ပွဲဒီဇိုင်းနှင့်စပ်လျဉ်း၍   ပါတီအစုအဖွဲ့အလိုက်ဆွေးနွေးညှိနှိုင်းပြီး စာတမ်းများဖတ်ကြား ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ ကြိမ်တွေ့ဆုံဆွေးနွေးပြီး နောင်ကျင်းပမည့် လွှတ်တော်ရွေးကောက်ပွဲများတွင် စာရင်းပိတ်အချိုးကျ ကိုယ်စားပြုစနစ် ( Closed List-PR ) ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေအရသတ်မှတ်ထားသည့် လွှတ်တော်အလိုက် ရွေးကောက်တင်မြှောက်ရမည့် ကိုယ်စားလှယ်အရေအတွက် မပြောင်းလဲသည့် မဲဆန္ဒနယ်များပိုင်းခြား သတ်မှတ်၍ ရွေးကောက်တင်မြှောက်ရမည့် ကိုယ်စားလှယ်ဦးရေသတ်မှတ်ရန်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/lဒေသ ခုမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးစီနှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် များတွင် သတ်မှတ်ချက်နှင့်အညီ တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ် တစ်ဦးစီ ရွေးကောက်တင်မြှောက်ရာတွင် ယခင်ကျင့်သုံးခဲ့သည့်  FPTP စနစ်ကိုသာ ကျင့်သုံးရန် ဘုံသဘောတူညီမှုများရရှိခဲ့ပြီး ဖြစ်ကြောင်း ပြောကြားသည်။           

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၀၉ (က) ပြည်သူ့လွှတ်တော်ဖွဲ့စည်းခြင်းတွင် ဥပဒေနှင့်အညီ မဲဆန္ဒနယ်သတ်မှတ်၍ ရွေးကောက် တင်မြှောက်သည့် ၃၃၀ ဦးထက်မပိုသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဟုလည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၄၁(က)အမျိုးသားလွှတ်တော် ဖွဲ့စည်းခြင်းတွင် တိုင်းဒေသကြီး  သို့မဟုတ် ပြည်နယ်တစ်ခုစီအတွက် ကိုယ်စားလှယ် ၁၂  ဦး ကျစီတူညီစွာဖြင့် ရွေးကောက် တင်မြှောက်သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၆၈ ဦး ဟုလည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၆၁(က) တိုင်းဒေသကြီး   သို့မဟုတ် ပြည်နယ်လွှတ်တော်ဖွဲ့စည်းခြင်းတွင်  မြို့နယ်တစ်မြို့နယ်လျှင် နှစ်ဦးကျစီရွေးကောက်တင် မြှောက်သည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ဟုလည်းကောင်း ပြဋ္ဌာန်းထားရှိပါကြောင်း၊  ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၉ () အရ မဲဆန္ဒနယ်များ သတ်မှတ်ခြင်းနှင့် ပြင်ဆင်သတ်မှတ်ခြင်း သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တာဝန်ဖြစ်ပြီး ပုဒ်မ၄၀၂ (က) အရ ]]ရွေးကောက်တင် မြှောက်ခြင်းဆိုင်ရာလုပ်ငန်းများ နှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက် ချက်များသည်အပြီးအပြတ်အတည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ အရေအတွက်အတိုင်း ဖွဲ့စည်းရန်အတွက် ကော်မရှင်မှ မဲဆန္ဒနယ်များသတ်မှတ်ပြီး လွှတ်တော်ရွေးကောက်ပွဲများကို အချိုးကျ ကိုယ်စားပြုစနစ် ဏျွ စနစ်ကိုအသုံးပြု၍ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့်   တိုင်းဒေသကြီး  သို့မဟုတ် ပြည်နယ်လွှတ်တော် သုံးရပ်လုံးအတွက် PR စနစ်ပြောင်းလဲကျင့်သုံးပါက ကျယ်ဝန်းသော မဲဆန္ဒနယ်နှင့် ကိုယ်စားလှယ်အရေအတွက် သတ်မှတ်ရန် လိုအပ်ကြောင်း၊ ပြည်သူ့လွှတ်တော်ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၀၉ (က) အရ မြို့နယ်ကို အခြေခံ၍လည်းကောင်း လူဦးရေကို အခြေခံ၍လည်းကောင်း  ၃၃၀ ဦး ထက်မပိုသော ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ရမည် ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေ ၅၅၇၇၀၂၃၂ ကို အခြေခံတွက်ချက်ပါက လူဦးရေ ၁၆၉၀၀၀ ဦးလျှင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှုန်း

ရရှိမည်ဖြစ်ကြောင်း၊  လူဦးရေကို အခြေခံတွက်ချက်ပါက တိုင်းဒေသကြီး/ပြည်နယ်များ၏ ရရှိမည့်ကိုယ်စားလှယ် အရေအတွက်တွင်  လူဦးရေအချိုးအစားအရ ပြောင်းလဲသွားမည် ဖြစ်ကြောင်း၊ အထူးသဖြင့် လူဦးရေ နည်းပါးသည့် ပြည်နယ်များတွင် ကိုယ်စားလှယ်အရေအတွက် များစွာ လျော့နည်းသွားမည်ဖြစ်သည့်အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးရေ တွက်ချက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၉ (က)အရ မြို့နယ်ကိုသာ အခြေခံသင့်ကြောင်းနှင့် မဲဆန္ဒနယ်ကို တိုင်းဒေသကြီး/ပြည်နယ် အတွင်းရှိ ခရိုင်/မြို့နယ်များကို လိုအပ်သလိုစုစည်းပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်သည့် PR စနစ် ဖြင့် ရွေးကောက်ပွဲဆောင်ရွက်နိုင်ကြောင်းပြောကြားသည်။           

အမျိုးသားလွှတ်တော်ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၄၁ (က)အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တစ်ခုစီမှ ကိုယ်စားလှယ်တစ်ဦးစီပါဝင်စေပြီး သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေများ အပါအဝင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုစီအတွက် ကိုယ်စားလှယ် ၁၂ ဦးကျစီတူညီစွာဖြင့် ရွေးကောက်တင်မြှောက်သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၆၈ ဦးကို ရွေးကောက်တင်မြှောက်ပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း  သို့မဟုတ် ဒေသတစ်ခုစီအတွက် ကိုယ်စားလှယ်တစ်ဦးစီကို FPTP စနစ်နှင့် ရွေးကောက်တင်မြှောက်ပေးပြီး ကျန်ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်နိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တိုင်းဒေသကြီး/ပြည်နယ်များအလိုက် မဲဆန္ဒနယ်များ လိုအပ်သလို ပိုင်းခြားသတ်မှတ်ကာ PR စနစ်ဖြင့် ရွေးကောက်ပွဲ ဆောင်ရွက်နိုင်ကြောင်း ပြောကြားသည်။

တိုင်းဒေသကြီးပြည်နယ်လွှတ်တော်ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၆၁ (က)အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် မြို့နယ် တစ်မြို့နယ်လျှင် နှစ်ဦးကျစီ ရွေးကောက်တင်မြှောက်ရမည် ဖြစ်သည့်အတွက် တိုင်းဒေသကြီး/ပြည်နယ်အလိုက် တစ်မြို့နယ်လျှင် မဲဆန္ဒနယ်တစ်နယ်သတ်မှတ်၍ ကိုယ်စား လှယ်နှစ်ဦးကျစီကို PR စနစ်ဖြင့် ရွေးကောက်တင်မြှောက်ပေးနိုင်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ရရှိမည့် တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ်များကို FPTP စနစ်ဖြင့် ရွေးကောက် တင်မြှောက်ပေးရမည် ဖြစ်ကြောင်း ပြောကြားသည်။

အထက်ပါအတိုင်း  PR  စနစ်ဖြင့် ရွေးကောက်တင်မြှောက်ခံရသည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များသည် သက်ဆိုင်ရာမဲဆန္ဒနယ် များ၏ ကိုယ်စားလှယ်များအဖြစ် သတ်မှတ်နိုင်ပြီး တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် အတွက် PR စနစ်ဖြင့် ရွေးကောက်တင်မြှောက်ထားသည့် တစ်မြို့နယ်လျှင်ကိုယ်စား လှယ်နှစ်ဦးစီသည်   မြို့နယ်တစ်ခုလုံး၏ ကိုယ်စားလှယ်များ အဖြစ် သတ်မှတ်ပေးနိုင်ကြောင်း ပြောကြားသည်။

ထိုသို့  ဆောင်ရွက်နိုင်သည့်အတွက် မဲဆန္ဒနယ်အလိုက် ပါတီစုံမှကိုယ်စားလှယ် များပါဝင်နေပြီး မဲဆန္ဒရှင်များ၏ တင်ပြချက်နှင့် မြို့နယ်လိုအပ်ချက်များကို သက်ဆိုင်ရာ ကိုယ်စားလှယ်များနှင့် ယင်းကိုယ်စားလှယ်များ၏ ပါတီများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြင့် နောင်ရွေးကောက်ပွဲအထိ ကိုယ်စားလှယ်အချင်းချင်း၊ ပါတီ အချင်းချင်း ထပ်မံအရွေးချယ်ခံရနိုင်ရေး ယှဉ်ပြိုင်ကြရသည့်  PDF စနစ်၏ အားသာချက်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် PR စနစ် ကျင့်သုံးခြင်းအားဖြင့် တိုင်းရင်းသား လူနည်းစုများ မိမိနယ်မြေဒေသအလိုက်ကိုယ်စားပြုရွေးချယ်ခံရသည့် အခွင့်အရေးများကို ပိုမိုရရှိမည်ဖြစ်ပြီး မိမိတို့ လူမျိုးစုများနှင့် ဒေသအကျိုးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

အချိုးကျကိုယ်စားပြုစနစ် ( PR-Closed List ) ဖြင့် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ပါတီများသည် သက်ဆိုင်ရာလွှတ်တော်မဲဆန္ဒနယ်အလိုက် ရွေးကောက်တင်မြှောက်ခံမည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို ဦးစားပေး အစီအစဉ်အတိုင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြထားရမည် ဖြစ်ကြောင်း၊  PR-Closed List စနစ်သည် ပါတီကိုသာ မဲပေးရခြင်း ဖြစ်သည့်အတွက် ရွေးကောက်တင်မြှောက်ခံမည့် ကိုယ်စားလှယ်များကို ပြည်သူများ လေ့လာသိရှိနိုင်ရန် ပါတီများက ကိုယ်စားလှယ်လောင်း အမည်စာရင်းကို မဲဆန္ဒနယ်မြေအတွင်း ဗွီနိုင်း၊ နံရံကပ် ပိုစတာများနှင့်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကပ်ထားခွင့်ရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။

အချိုးကျကိုယ်စားပြုစနစ်( PR-Closed List ) စနစ်ဖြင့်ကျင်းပမည့် လွှတ်တော်ရွေးကောက်ပွဲများတွင် အသုံးပြုမည့် ဆန္ဒမဲလက်မှတ် နမူနာနှစ်မျိုးကို တင်ပြလိုကြောင်း၊ ပြီးခဲ့သည့်ရွေးကောက်ပွဲတွင်  ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲများတွင်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း စာရင်းအပေါ် မူတည်ပြီး နမူနာပြုလုပ်ထားခြင်း ဖြစ်ကြောင်း၊  PR စနစ်အရ ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်ဦးရေပိုမိုများပြားလာပါက   မဲလက်မှတ် နမူနာပုံစံ()အတိုင်း ကိုယ်စားလှယ်လောင်း များ၏ အမည်စာရင်းပါ ထည့်သွင်းဖော်ပြပါက ဆန္ဒမဲလက်မှတ်အရွယ်အစားသည် အလွန်ကြီးသွားနိုင်သည့်အတွက် ပါတီအမည်သာ ပါသည့် မဲလက်မှတ်နမူနာပုံစံ() ကသာ ပိုမိုသင့်လျော်မည်ဖြစ်သည်ကို   သုံးသပ်တွေ့ရှိကြောင်း ပြောကြားသည်။            

ဆက်လက်ပြီး အချိုးကျကိုယ်စားပြုစနစ် Party List PR ( Closed Listအရ ကိုယ်စားလှယ်လောင်းစာရင်းကို ပါတီများက ဦးစားပေး အစီအစဉ်အတိုင်း ကြိုတင်တင်ပြထားပြီး နောက်ရွေးကောက်ပွဲ ကျင်းပရာတွင် ပါတီ/တစ်သီးပုဂ္ဂလအလိုက်   ရရှိသည့် ခိုင်လုံမဲအရ ရရှိကြမည့် ကိုယ်စားလှယ် အရေအတွက် တွက်ချက်မှု နမူနာပုံစံကို တင်ပြလိုကြောင်း၊  နမူနာအနေဖြင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲအတွက် ပြည်ထောင်စုနယ်မြေအတွင်းရှိ မြို့နယ်ကို မဲဆန္ဒနယ် တစ်နယ်အဖြစ် သတ်မှတ်ကျင်းပရာတွင် ပါဝင်ယှဉ်ပြိုင်သည့် ပါတီ ပါတီနှင့် တစ်သီးပုဂ္ဂလတစ်ဦးတို့ရရှိသည့် ခိုင်လုံမဲ ၉၀၀၀၀၀ အပေါ် မူတည်တွက်ချက်တင်ပြထားခြင်းဖြစ်ကြောင်း   ပြောကြားသည်။ 

နမူနာပုံစံ () သည် ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီ ပါတီက ကြိုတင်ပြထားသည့် ကိုယ်စားလှယ်လောင်း ဦးစီ၏ ဦးစားပေးအစီအစဉ်နှင့် တစ်သီးပုဂ္ဂလတစ်ဦး၏ အမည်စာရင်း ဖြစ်ကြောင်း၊ မြို့နယ် မြို့နယ်အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦး ရွေးချယ်ရမည် ဖြစ်သည့်အတွက် ပါတီအသီးသီးက ကိုယ်စားလှယ်လောင်း  ဦးစီတင်ပြရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

နမူနာပုံစံ()သည် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ရန် အနည်းဆုံးရရှိရမည့် ခိုင်လုံမဲတွက်ချက်သည့် ပုံစံဖြစ်ကြောင်း၊ ယခုရရှိသည့် အခြေခံစာရင်းဇယားများအရ ကိုယ်စားလှယ်တစ်ဦးဖြစ်ရန် Formula အတိုင်းတွက်ချက်ရာတွင်  မဲ ၁၀၀၀၀၁ လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။            

နမူနာပုံစံ ()သည် တွက်ချက်မှုဇယားဖြစ်ပြီး တွက်ချက်မှုများအရ (A) ပါတီက သုံးဦး၊ (B) ပါတီက နှစ်ဦး၊ (D) ပါတီက နှစ်ဦးနှင့်  တစ်သီးပုဂ္ဂလကိုယ်စားလှယ် တစ်ဦး၊ ပေါင်းလွှတ်တော်ကိုယ်စားလှယ် ရှစ်ဦးကို  Largest Remainder Formula ဖြင့် တွက်ချက်ခြင်းဖြစ်ပြီး  နမူနာပုံစံ အတိုင်း လွှတ်တော်ကိုယ်စားလှယ်များကို PR စနစ်ဖြင့် ရွေးကောက်တင်မြှောက်နိုင်မည်ဖြစ်ကြောင်း၊ ကိုယ်စားလှယ်တစ်ဦးဖြစ်ရန်လိုအပ်သည့် မဲအရေအတွက် ပြည့်မီသူ ခြောက်ဦးကို  ပထမရွေးချယ်ပြီး ထပ်မံလိုအပ်သည့်  ကိုယ်စားလှယ်နှစ်ဦးကို ကြွင်းကျန် မဲများသည့်ပါတီ၊ တစ်သီးပုဂ္ဂလများကထပ်မံရရှိပြီး  ကိုယ်စားလှယ် ရှစ်ဦးရွေးချယ်နိုင်ခြင်း ဖြစ်ကြောင်း   ပြောကြားသည်။            

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈ (က) ပုဒ်မ ၃၆၉(က)နှင့် ပုဒ်မ ၃၉၅ တို့ပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံသားတိုင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဖြစ်စေ၊   သက်ဆိုင်ရာ ဥပဒေများနှင့်ဖြစ်စေ  မဆန့်ကျင်ပါက ရွေးကောက်တင်မြှောက်ခွင့်နှင့်ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်ရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂၁ နှင့် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ   ၁၀  တွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်မရှိသူများကိုလည်း သတ်မှတ်ပြဋ္ဌာန်းထားကြောင်း၊  ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ   ၃၉၉ (အရ ရွေးကောက်ပွဲဆိုင်ရာ သို့မဟုတ် နိုင်ငံရေးပါတီများဆိုင်ရာနည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များထုတ်ပြန်ခြင်းသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏တာဝန်ဖြစ်သဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနှင့် နောင်ကျင်းပမည့်ရွေးကောက်ပွဲများကို အချိုးကျကိုယ်စားပြုစနစ်(PR)ဖြင့်   ကျင့်သုံးဆောင်ရွက်နိုင်ရေးဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။     

ယခုဆက်လက်ပြီး နိုင်ငံရေးပါတီများစစ်ဆေးခြင်း၊ မဲဆန္ဒရှင်စာရင်းများပြုစုခြင်းအပါအဝင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က   ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းမည်ဖြစ်ကြောင်း၊  ဦးစွာ တည်ဆဲနိုင်ငံရေးပါတီ ၉၂ ပါတီ၏ စာရင်းများ  စစ်ဆေးဆောင်ရွက်ပြီးစီးမှုအခြေအနေကို   တင်ပြမည် ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များဦးဆောင်ပြီး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက ကိုယ်စားလှယ်များပါဝင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များနှင့် ၂၀၂၁ ခုနှစ် သြဂုတ်လမှစ၍ နိုင်ငံရေးပါတီများ၏ စာရင်းများကိုစစ်ဆေးခဲ့ရာ  ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ စစ်ဆေးပြီးပါတီ ၈၁ ပါတီဖြစ်ကြောင်း၊   မတ်လအတွင်း နှစ်ပါတီထပ်မံစစ်ဆေးပြီးစီးခဲ့သည့်အတွက် စုစုပေါင်း ၈၃ ပါတီစစ်ဆေးပြီးဖြစ်ကြောင်း၊ စစ်ဆေးရန်ကျန်ပါတီများကို  ဆက်လက်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် စစ်ဆေးမည့်နိုင်ငံရေးပါတီများကို  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လည်းကောင်း၊ ပါတီရုံးစိုက်သည့်နယ်မြေကော်မရှင်အဖွဲ့ခွဲများမှတစ်ဆင့် လည်းကောင်း၊ သက်ဆိုင်ရာပါတီ  E-mail သို့ လည်းကောင်း ဆက်သွယ် အကြောင်းကြားစာပေးပို့ခြင်း၊ ကော်မရှင် Websiteနှင့် နိုင်ငံပိုင် မီဒီယာများကတစ်ဆင့် ကြိုတင်အသိပေးခြင်းများ  ဆောင်ရွက်ခဲ့သော်လည်း  အချို့ပါတီများအနေဖြင့် လိုက်နာပူးပေါင်းဆောင်ရွက်ရန် အားနည်းပျက်ကွက်မှုများကို တွေ့ခဲ့ရသည့်အတွက် နိုင်ငံရေးပါတီများ  မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများအရ လိုအပ်သလို အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏  ရှေ့လုပ်ငန်းစဉ် ရပ်ပါ လုပ်ငန်းစဉ် ( ) အရ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရာတွင်    မဲဆန္ဒရှင်စာရင်းများ မှန်ကန်ပြည့်စုံရေး၊  ဥပဒေနှင့်အညီ  မပါဝင်သင့်သူများ   မပါဝင်စေရေးအတွက် ဆောင်ရွက်မှု အခြေအနေကို တင်ပြမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်သည့် နေရာတွင်  မြို့နယ်အလိုက် အခြေခံမဲဆန္ဒရှင်စာရင်းများကို   လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီးဌာန၏ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ( ၆၆^) အပေါ်    အခြေခံပြုစုလျက်ရှိရာတွင်  ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်   ပြည်နယ်အားလုံးတွင် လုပ်ငန်းများပြီးစီးမည်ဖြစ်ကြောင်း၊ အဆိုပါပြုစုပြီးအခြေခံမဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်ရေးအတွက်    မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် ( Pilot Project ) ဖွင့်ပွဲအခမ်းအနားများကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင်  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် လယ်ဝေးမြို့နယ်နှင့် မတ်လ ၁၄ ရက်နေ့တွင်   ဒက္ခိဏသီရိမြို့နယ်တို့၌ ကျင်းပခဲ့ရာ  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်းပြောကြားသည်။

ရှေ့ပြေးစီမံချက်လုပ်ငန်းစဉ်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လူဦးရေစာရင်းပုံစံ ( ၆၆/ ) အရ ပြုစုထားပြီးဖြစ်သည့် လူဦးရေစာရင်းများကို ရပ်ကွက်^ကျေးရွာအုပ်စုများမှာ လက်ရှိနေထိုင်သူ မြေပြင်လူဦးရေစာရင်းများနှင့်   တိုက်ဆိုင်စစ်ဆေးခြင်းများကို

သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန တာဝန်ခံများ၊ ရပ်ကွက်/ကျေးရွာ   အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ရပ်/ကျေးစာရေးများ ပါဝင်သောအဖွဲ့များနှင့်  ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊  အလားတူ  အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး မြေပြင်လူဦးရေစာရင်းနှင့်   တိုက်ဆိုင်စစ်ဆေးခြင်း   ရှေ့ပြေးစီမံချက်များကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များသည် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များတွင် ယခု မတ်လဒုတိယ ပတ်မှစတင်ပြီး မြေပြင်ကွင်းဆင်းကြပ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအနေနှင့်

လည်း လှည့်လည်စစ်ဆေးကြပ်မတ်လျက် ရှိပါကြောင်း ပြောကြားသည်။  

နိဂုံးချုပ်အနေနှင့်   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ နိုင်ငံတော်

တာဝန်ထမ်းဆောင်ရာတွင် ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ် ရပ်ပါ လုပ်ငန်းစဉ် ()ကို ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိရာတွင် ဆောင်ရွက်ရန်လုပ်ငန်းတချို့ကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် လုပ်ငန်းစဉ်( )နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးအတွက်   လိုအပ်သည်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်ဖော်ပြပါမည်။