တရုတ်၌ကူးစက်ပျံ့နှံ့နေသော ကတ်ကေးဗိုင်းရပ် တစ်ကမ္ဘာလုံးအပေါ် သက်ရောက်နိုင်ဟု အိန္ဒိယ သတိပေး

နယူူးဒေလီ၊ ကျန်းမာရေး

တရုတ်နိုင်ငံ၌ကူးစက်ပျံ့နှံ့နေသော ဗိုင်းရပ်တစ်မျိုးဖြစ်သည့် ကတ်ကေးဗိုင်းရပ်(CQV)သည် တစ် ကမ္ဘာလုံးအပေါ် သက်ရောက်နိုင်ကြောင်း အိန္ဒိယဆေးသုတေသနကောင်စီက သတိပေးထားသည်။

အဆိုပါ ကတ်ကေးဗိုင်းရပ်များကို တရုတ်နိုင်ငံမှ ကူးလက်အမည်ရှိခြင်များနှင့် ဗီယက်နမ်နိုင်ငံရှိ ဝက် များတွင် ကူးစက်ပျံ့နှံ့နေသည်ကိုတွေ့ရကြောင်းနှင့် ထိုသို့ကူးစက်ပျံ့နှံ့မှုသည် အာရှနိုင်ငံများသို့ ဆက် လက်ပြန့်ပွားလာနိုင်ကြောင်း အိန္ဒိယဆေး သုတေသနကောင်စီ၏ သတိပေးချက်တွင် ဖော်ပြ ထားသည်။

လူများ၌ ကတ်ကေးဗိုင်းရပ်ကူးစက်ခံရပါက ကိုယ်အပူချိန်တက်ခြင်း၊ ဦးနှောက်အမြှေးရောင်ခြင်းနှင့် ကလေးငယ်များတွင် ဦးနှောက်ရောင်ရမ်းခြင်းတို့ဖြစ်နိုင်ကြောင်း အဆိုပါကောင်စီက အိန္ဒိယဆေး သုတေသနဂျာနယ်တွင် ရေးသားထားသည်။

ဆေးသုတေသနလက်အောက်ရှိ အမျိုးသားရောဂါ ပိုးမွှားအဖွဲ့သည် နိုင်ငံအတွင်းရှိ လူ ၈၈၃ ဦးထံမှ    သွေးရည်ကြည်နမူနာများကို စမ်းသပ်ရာ လူနှစ်ဦးတွင် ကတ်ကေးဗိုင်းရပ်ကို တိုက်ဖျက်နိုင်သည့် ပဋိပစ္စည်းရှိသည်ကို တွေ့ရှိသည်။

ယင်းတွေ့ရှိချက်က အဆိုပါလူနှစ်ဦးသည် တစ်နေရာရာတွင် ကတ်ကေးဗိုင်းရပ် ကူးစက်ခံထားရဖူး သည်ကို ညွှန်ပြနေခြင်းဖြစ်ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံရှိခြင်များသည် ကတ်ကေးဗိုင်းရပ်ကို ခံနိုင်ရည်မရှိသည့်အပြင် ဗိုင်းရပ်ကူးစက်ခံရရန် လွယ်ကူသောကြောင့် ပြည်သူများ၏ ကျန်းမာရေး အတွက် စိုးရိမ်ဖွယ်ဖြစ်လာနိုင်ကြောင်း ဆေးသုတေသနကောင်စီက ထုတ်ပြန်ထားသည်ဟု သိရ သည်။

Ref: Sputnik