ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီး ပြန်လည်သက်သာလာသူ ၁၀ ဦးလျှင် ကိုးဦးက ဘေးထွက်ဆိုးကျိုး ခံစားရ

ဆိုး၊ ကျန်းမာရေး

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီး ပြန်လည်သက်သာလာသူ ၁၀ ဦးလျှင် ကိုးဦးက အနံ့ အရသာ ပျောက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ကစဉ့်ကလျားဖြစ်ခြင်း အစရှိသောဘေးထွက်ဆိုးကျိုးများ ခံစားရကြောင်း တောင်ကိုရီးယားနိုင်ငံမှ ပြုလုပ်သည့် ပဏာမသုတေသန လေ့လာချက်အရ သိရ သည်။

ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြောင့် ကမ္ဘာတစ်ဝန်း၌ သေဆုံးသူအရေအတွက်မှာ စက်တင်ဘာ ၂၉ ရက်တွင် ၁ သန်းကျော် လာစဉ် အဆိုပါလေ့လာတွေ့ရှိမှုကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ပြန်လည်သက်သာလာသူ ၉၆၅ ဦးကို အွန်လိုင်းမှတစ်ဆင့်လေ့လာချက်အရ ၎င်းတို့အနက် ၈၇၉ ဦး သို့မဟုတ် ၉၁ ဒသမ ၁ ရာခိုင်နှုန်းသည် ရောဂါ၏ ဘေးထွက်ဆိုးကျိုးကို ခံစားရသည်ကို တွေ့ရ ကြောင်း ကိုရီးယားရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကွမ်ဂျွန်ဝုက ပြောသည်။ အဆိုပါ ၉၆၅ ဦးအနက် ၂၄ ဒသမ ၆ ရာခိုင်နှုန်းသည် စိတ်အာရုံစုစည်းရန် ခက်ခဲမှုနှင့် ကြုံတွေ့ရကြောင်းနှင့် ပင်ပန်းနွမ်းနယ်မှုကို ခံစားရသူကအများဆုံးဖြစ်ကာ ၂၆ ဒသမ ၂ ရာခိုင်နှုန်း ရှိကြောင်း ၎င်းကဆက် ပြောသည်။

တောင်ကိုရီးယားနိုင်ငံရှိ ဆေးအဖွဲ့အစည်း ၁၆ ခုက ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ နောက်ဆက် တွဲဝေဒနာများကို သိရှိနိုင်ရန် သီးခြားလေ့လာမှုများလုပ်နေကြောင်း သိရသည်။         

Ref: CNA