မန်ယူကစားသမားများ ဒီဂီယာနေရာတွင် ဟန်ဒါဆန်ကို ဦးစားပေးကစားစေရန် ဆန္ဒရှိနေ

မန်ချက်စတာ၊ ဘောလုံး

မန်ယူနည်းပြ ဆိုးလ်ရှားက ယခုရာသီတွင်လည်း ဂိုးသမားဒီဂီယာသည် နံပါတ်(၁) ဦးစားပေး ဂိုးသမားအဖြစ် ဆက်ရှိမည်ဟု ရာသီမစမီကတည်းက အတည်ပြုခဲ့ရာ ဒီဂီယာသည် ရာသီအစ ပရီးမီးယားလိဂ်နှစ်ပွဲတွင် ငါးဂိုးအထိ ပေးထားရပြီးဖြစ်သည့်အတွက် မန်ယူကစားသမားများသည် အရန်ဂိုးသမား ဒင်းဟန်ဒါဆန်ကို နံပါတ် (၁) ဦးစားပေးဂိုးသမားအဖြစ် သတ်မှတ်နေရာပေးရန် ဆန္ဒရှိနေကြောင်း ဒေးလီးမေးလ်ကဆိုသည်။

ဟန်ဒါဆန်သည် မန်ယူအကယ်ဒမီမှ ထွန်းတောက်လာသူဖြစ်ပြီး ပြီးခဲ့သည့်ရာသီက ရှက်ဖီးလ် ယူနိုက်တက်အသင်းသို့ အငှားသွားကစားရာမှ အကောင်းဆုံး လက်စွမ်းပြနိုင်ခဲ့သဖြင့် အင်္ဂလန် လက်ရွေးစင်အသင်းတွင်ပါရွေးချယ်ခံရသောကြောင့် မန်ယူအသင်းက ယခုရာသီ၌  ဒုတိယဦးစားပေး ဂိုးသမားအဖြစ်သတ်မှတ်ခဲ့ပြီး ဒီဂီယာအနေဖြင့် လက်စွမ်းအကောင်းဆုံးမရပါက  နေရာပျောက်ဆုံးရ လိမ့်မည်ဟု ဆိုးလ်ရှားက သတိပေးထားသည်။

ဟန်ဒါဆန်သည် ပြီးခဲ့သည့် လူတန်အသင်းနှင့် ကာရာဘောင်းဖလားပွဲတွင် မန်ယူသုံးဂိုးပြတ် အနိုင်ရ ခဲ့ရာ၌ ပွဲထွက်ဂိုးသမားဖြစ်ခဲ့ပြီး ဂိုးမပေးခဲ့ရသည့်အတွက် မန်ယူကစားသမားများစွာက  ဦးစားပေး ကစားလိုကြသည်။

Ref:Dailymail